[Zawgyi]
ျမန္မာ Vainglory Community ကို အသက္ဆက္မယ့္ Vainglory Myanmar Championship Tournament
Vainglory ကစားနည္းဟာ Mobile မွာ အေဆာ့မ်ားၾကတဲ့ Multiplayer Online Battle Arena (MOBA) ဂိမ္း အမ်ိဳးအစားပဲ ျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္ကတည္းက စတင္ထြက္ရွိခဲ့တာျဖစ္ၿပီး Mobile Platform ေပၚမွာ အခမဲ့ Download ရယူႏိုင္တဲ့ Free-to-play ဂိမ္းအမ်ိဳးအစားျဖစ္ရံုသာမက PC အတြက္ Steam မွာပါ Free Download ရယူၿပီး ေဆာ့လို႔ရတဲ့ ဂိမ္းအမ်ိဳးအစား တစ္ခုပါ။ သူရဲ႕ အားသာခ်က္ကေတာ့ PC ေရာ Mobile မွာပါ Cross-platform နဲ႔ ေဆာ့ကစားႏိုင္တာပါ။

Vainglory ရဲ႕ ကစားပံုကေတာ့ ျမန္မာႏိုင္ငံမွာ လူႀကိဳက္မ်ားတဲ့ ဂိမ္းအမ်ိဳးအစားေတြျဖစ္တဲ့ Dota2 နဲ႔ Mobile Legends တို႔နဲ႔ ဆင္တူပါတယ္။ တစ္ဖက္ကို ကစားသမား ၅ ေယာက္စီက Hero တစ္ေကာင္စီကို ထိန္းခ်ဳပ္ရတာ ျဖစ္ၿပီး တစ္ဖက္အသင္းရဲ႕ Base ကို ဖ်က္ဆီး အႏိုင္ယူရတာ ျဖစ္ပါတယ္။
Vainglory မွာေတာ့ Last Hit ရမွ Gold ရတာေတြ Dark Space ေတြ Vision ေပးတဲ့ Item ေတြ ပါတာကေတာ့ Dota နဲ႔ ပိုဆင္တူပါတယ္။

ျမန္မာႏိုင္ငံမွာ Vainglory Player base ဟာ အျခား ျပည္တြင္း နာမည္ႀကီး ဂိမ္းမ်ားႏွင့္ယွဥ္လွ်င္ နည္းပါးေနတယ္ဆိုေပမယ့္လည္း ျမန္မာ ကိုယ္စားျပဳၿပီး အေရွ႕ေတာင္အာရွ အဆင့္မွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ မွတ္တမ္းေကာင္းေတြ ရွိေနပါတယ္။ World Electronic Sports Games 2018 ရဲ႕ ျမန္မာ Qualifier မွာ ပထမရရွိခဲ့တဲ့ Justice Leaf အသင္းဟာ အေရွ႕ေတာင္အာရွ အသင္းေတြနဲ႔ အတူ မေလးရွာႏိုင္ငံမွာ ပါဝင္ ယွဥ္ၿပိဳင္ခဲ့ဖူးပါတယ္။

ဒီႏွစ္ WESG 2019 မွာေတာ့ Vainglory ဂိမ္း ထပ္မံမပါဝင္ေတာ့တဲ့အတြက္ ျမန္မာမွ Admin မ်ား စုေပါင္းၿပီး Vainglory Myanmar Championship 2019 ကို စတင္ က်င္းပခဲ့ပါတယ္။ လက္ရွိ က်င္းပေနတဲ့ ဒီၿပိဳင္ပြဲမွာေတာ့ အသင္းေပါင္း ၂၀ သင္းအထိပါဝင္ေနၿပီး ဆုေၾကးေငြကိုေတာ့ ၂၀၀,၀၀၀ အထိ ေပးအပ္သြားမွာ ျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲဟာ ျမန္မာႏိုင္ငံမွာ ကစားသူဦးေရ နည္းပါေနတဲ့ Vainglory Community ကို ျပန္လည္ ျမႇင့္တင္ေပးဖို႔ အေထာက္အကူ ျဖစ္ေစမွာပါ။
လက္ရွိယွဥ္ၿပိဳင္ေနတဲ့ ပြဲစဥ္ေတြကိုေတာ့ Vainglory Myanmar Tournament Broadcasting Page မွာ ၾကည့္႐ွဴႏိုင္ပါတယ္ ခင္ဗ်ာ။
[Unicode]
မြန်မာ Vainglory Community ကို အသက်ဆက်မယ့် Vainglory Myanmar Championship Tournament
Vainglory ကစားနည်းဟာ Mobile မှာ အဆော့များကြတဲ့ Multiplayer Online Battle Arena (MOBA) ဂိမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့တာဖြစ်ပြီး Mobile Platform ပေါ်မှာ အခမဲ့ Download ရယူနိုင်တဲ့ Free-to-play ဂိမ်းအမျိုးအစားဖြစ်ရုံသာမက PC အတွက် Steam မှာပါ Free Download ရယူပြီး ဆော့လို့ရတဲ့ ဂိမ်းအမျိုးအစား တစ်ခုပါ။ သူရဲ့ အားသာချက်ကတော့ PC ရော Mobile မှာပါ Cross-platform နဲ့ ဆော့ကစားနိုင်တာပါ။

Vainglory ရဲ့ ကစားပုံကတော့ မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ ဂိမ်းအမျိုးအစားတွေဖြစ်တဲ့ Dota2 နဲ့ Mobile Legends တို့နဲ့ ဆင်တူပါတယ်။ တစ်ဖက်ကို ကစားသမား ၅ ယောက်စီက Hero တစ်ကောင်စီကို ထိန်းချုပ်ရတာ ဖြစ်ပြီး တစ်ဖက်အသင်းရဲ့ Base ကို ဖျက်ဆီး အနိုင်ယူရတာ ဖြစ်ပါတယ်။
Vainglory မှာတော့ Last Hit ရမှ Gold ရတာတွေ Dark Space တွေ Vision ပေးတဲ့ Item တွေ ပါတာကတော့ Dota နဲ့ ပိုဆင်တူပါတယ်။

မြန်မာနိုင်ငံမှာ Vainglory Player base ဟာ အခြား ပြည်တွင်း နာမည်ကြီး ဂိမ်းများနှင့်ယှဉ်လျှင် နည်းပါးနေတယ်ဆိုပေမယ့်လည်း မြန်မာ ကိုယ်စားပြုပြီး အရှေ့တောင်အာရှ အဆင့်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရှိနေပါတယ်။ World Electronic Sports Games 2018 ရဲ့ မြန်မာ Qualifier မှာ ပထမရရှိခဲ့တဲ့ Justice Leaf အသင်းဟာ အရှေ့တောင်အာရှ အသင်းတွေနဲ့ အတူ မလေးရှာနိုင်ငံမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

ဒီနှစ် WESG 2019 မှာတော့ Vainglory ဂိမ်း ထပ်မံမပါဝင်တော့တဲ့အတွက် မြန်မာမှ Admin များ စုပေါင်းပြီး Vainglory Myanmar Championship 2019 ကို စတင် ကျင်းပခဲ့ပါတယ်။ လက်ရှိ ကျင်းပနေတဲ့ ဒီပြိုင်ပွဲမှာတော့ အသင်းပေါင်း ၂၀ သင်းအထိပါဝင်နေပြီး ဆုကြေးငွေကိုတော့ ၂၀၀,၀၀၀ အထိ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာ ကစားသူဦးရေ နည်းပါနေတဲ့ Vainglory Community ကို ပြန်လည် မြှင့်တင်ပေးဖို့ အထောက်အကူ ဖြစ်စေမှာပါ။
လက်ရှိယှဉ်ပြိုင်နေတဲ့ ပွဲစဉ်တွေကိုတော့ Vainglory Myanmar Tournament Broadcasting Page မှာ ကြည့်ရှူနိုင်ပါတယ် ခင်ဗျာ။