အချိန်၊ Yangon Galacticos Dota2 နှင့် သူ၏ပရိတ်သတ်များ (စာရေးသူ- ကိုခန့် Hypnos)

 

“Time and Tide wait for no man.”(အချိန်နှင့် ဒီရေသည်လူကိုမစောင့်) ဟု Geoffrey Chaucerက ဆိုခဲ့သည်။ ကမ္ဘာအရပ်ရပ်ကလူများလည်း ထိုဆိုရိုးစကားကိုသိရှိပြီးဖြစ်သည်။ အချိန်၊ အချိန်။

အချိန်သည်အရာရာအတွက်အရေးကြီးသည်။ အချိန်သည် ကျွန်ုပ်တိုအားမစောင့်ပါ။ မှန်ပါသည်။

သိုသော်လည်း အောင်မြင်မှုရယူဖိုရာ လူတွေအကြီးကျယ်ဆုံး ရင်းရသည့်အရာမှာလည်း အချိန်သာဖြစ်သည်ဟု မိမိမြင်ပါသည်။

Geoffrey Chaucerသည် အင်္ဂလိပ်စာပေ၊ကဗျာ၏ အကြီးတကာ့အကြီးကျယ်ဆုံးထဲကတစ်ယောက်ဖြစ်သည်။ သူ၏ဆိုရိုးလေးတွေထဲတွင် မိမိအကြိုက်ဆုံးက “Patience is a conquering virtue.”ဖြစ်သည်။ အရာရာကိုကျော်လွှားအောင်နိုင်ဖိုအတွက် လူတိုင်းအတွက်လိုအပ်သည့်အကျင့်ကောင်းလေးသည် စိတ်ရှည်သည်းခံမှုသာဖြစ်သည်။

‌နောက်ထပ်ကြိုက်မိတာလေးက “Nothing Ventured, Nothing Gained.”ပါ။ မစွန့်စားရဲရင်အောင်မြင်မှာမဟုတ်ပါဘူး။

စာအရှည်ကြီးတွေနဲ့စဖွင့်ရသည်က Yangon Galacticos အတွက်ကော သူ၏ ပရိတ်သတ်တွေ အတွက်ကော (ကျွန်တော်ပါအပါအဝင်) ယခုပစ္စုပ္ပန်မှာ ထိုစာစုသုံးခုကသွားပြီးကွက်တိထင်ဟပ်နေစေသည်။

နောက်တစ်ခုက ဂိမ်းနဲ့ပက်သက်ပြီး ဆော့‌တာတွေနဲ့ ပက်သက်ပြီး ချီးကျူးသင့်တာတွေများကောင်းများနေနိုင်ပေမယ့် တစ်ချိုအရာတွေက အပြောမစောဖိုလိုပြန်သေးသည်။ (စောင့်ကြည့်ချင်သေးသည်။) ဆိုတော့ တစ်ခြားထွေရာလေးပါးကိုပိုပြောချင်သည်။

ပထမဦးဆုံးအနေနဲ့ DOTA 2အသင်းကောင်းတစ်သင်းဖြစ်ဖိုအတွက်သည် တော်တော့်တော်တော်ကို မလွယ်ရေးချမလွယ်သည့် အလုပ်ဖြစ်သည်။ ကျွန်တော်သည် YG မှာရှိသည့် Young PH ကလွဲရင် ကျန်အကုန်လုံးနဲ့ အလုပ်တွဲလုပ်ဖူးသည်။ ပြောချင်သည်က ကျွန်ုပ်လူပြန်စုသည့် YG 2.0 တည်‌‌ထောင်သည့် 2019 လောက်မှ စတင်တွက်ရင် ယခုYGသည်အချိန်အားဖြင့် ၂နှစ်ကျော် လွန်လာခဲ့ပြီဖြစ်သည်။ အရှုံးမပေးစတမ်း ZawRain, SkillLay နှင့် Lun (YG 2.0မှ) တို့ကြိုးစားပြီး ဒီနေရာထိရောက်လာခဲ့ကြသည်။

DOTA 2 အသင်းကောင်းတစ်သင်းဖြစ်ဖိုအချိန်တွေအမြောက်အများကိုလိုပါသည်။ Players တွေအတွက်လည်း Pro မဖြစ်ခင် newbie ဘဝမှ စတွက်ရင် ပေးဆပ်ခဲ့ရသည့်အချိန်တွေ တော်တော့်ကိုများသည်။ တစ်ဆင့်ချင်း ဖြည်းဖြည်းချင်း တိုးတက်လာပြီး ကောင်းမွန်သည့် လူစုဖွဲမှုရနေသည့်အသင်းကို ကျွန်တော်တိုအားလုံး ဖြစ်စေချင်တာတွေများပြီး ဆွဲမချမိဖိုလိုသည်။ Raz (Hao) ဝင်လာတာ အရမ်းကြီးမကြာသေးပါ။ Lun နှင့် Zaw Rain လည်း role ချိန်းထားတာမကြာသေးပါ။ ပြီးခဲ့သည့်လ ၁၉ရက်နေ့ PNXbet Invitationals မှာ Omega နှင့်တွေ့သည့်ပွဲတွင်မှ စတင်ပြောင်းလဲခဲ့ခြင်းဖြစ်ပါသည်။ ရက်အားဖြင့်တွက်လျှင်ယခုစာရေးနေသည့် နိုဝင်ဘာ ၁၀ ရက်နေ့ဆိုရင် role ချိန်းထားတာ (၂၂)ရက်သာရှိသေးသည်။ တစ်လပင် မပြည့်‌သေးပါ။

ကျွန်တော်တို sports သမိုင်းတွင်လည်း YG ဆိုသည့်နာမည်အတွက် inspiration ယူထားသည့် Galácticos မူလပထမစတင်ရာ ဇီဒန်း၊ ဖီဂို၊ ဘက်ခမ်း၊ ဒိုကြီးတို့ Real Madrid ပထမကြယ်စင်စုကြီးမအောင်မြင်ခဲ့ပါ။

DOTA မှာပိုဆိုးပါသည်။ သမိုင်းတစ်လျောက် All-Starsတွေ စုစည်းအောင်မြင်တာ မရှိခဲ့ပါ။ DK မအောင်မြင်ခဲ့ပါ။

သိပ်မကြာသေးပဲ အားလုံးသိနိုင်တဲ့အသင်းဆို RAMZES666, No[o]ne, SumaiLတို၏ Just Errorဖြစ်သည်။ တစ်ခါတစ်လေ ဟိုသူပိုကောင်းတယ်၊ ဒီသူနဲ့ဆို ပိုအဆင်ပြေမယ်ဆိုတာ ပြောရတာသာလွယ်ပေမယ့် ဆော့ရင်း အဆင်မပြေတာတွေကတစ်ကယ်တော့ပိုများသည်။ ဆိုတော့ YG လက်ရှိ ရှိနေသည့်လူအစုအဖွဲနှင့် သက်ဆိုင်ရာ role တွေသည် ကျွန်တော်သိသည့်မြန်မာ DOTA သမိုင်းတစ်လျောက်အတွက်တော့ အကောင်းဆုံးဖြစ်နေပါသည်။ အဓိကကတော့ ကျွန်တော်တိုအားလုံး YG founders တွေ၏ တစ်ဝက်လောက်စိတ်ရှည်ရင်ကို ရပြီလိုပြောယူရမလိုဖြစ်နေသည်။ စိတ်မရှည်ပဲ ဆက်မလုပ်ချင်ပဲ ကျွန်တော်ပစ်ထားခဲ့တဲ့ YG ကို ဒီနေရာထိရောက်အောင် သူတို့စိတ်ရှည်ခဲ့သည်။

SEA region တစ်ခုလုံးမှာ DOTA အသင်းထောင်ရတာအစအစ အရာရာမလွယ်ပါ။ မြန်မာနိုင်ငံဖြစ်တော့ပိုဆိုးသည်။ အဲ့အတွက် ကျွန်တော်တိုပရိတ်သတ်တွေအားလုံး patience (စိတ်ရှည်သည်းခံမှု) ဖြစ်ဖိုလိုသည်။ YG သည်လည်း သူတို processတွေအတွက်ကော၊ သူတို in-game ထဲမှာဆော့တာတွေအတွက်ကော patience ဖြစ်ဖိုလိုသည်။

YG အသင်းအကြောင်းနဲ့ သူတိုဂိမ်းတွေအကြောင်း ထဲထဲဝင်ဝင်ပြောရရင်တော့ YG role လဲလိုက်တာ အကောင်းဆုံးဖြစ်ပါသည်။ အပေါ်မှာပြောသလို မစွန့်စားရင် အောင်မြင်မှာမဟုတ်ပါဘူး။

မြန်မာ pro dota မှာကစားသမားကောင်း တကယ်တော့ မရှိပါ။ အုတ်ရောရော ကျောက်ရောရောတွေသာများပါသည်။ ပြောင်းလဲမှုတစ်ခု မဖြစ်မနေလိုနေချိန်တွင် ရဲရဲကြီးပြောင်းလဲလိုက်သည့်ပြောင်းလဲမှုသာဖြစ်သည်။ စွန့်စားခြင်းဆိုတဲ့အပိုင်းမှာ အားလုံးဝိုင်းလက်ညှိးထိုးပြီး အပြစ်တင်ဝေဖန်ကြမယ့်ပြောင်းလဲခြင်းကိုစွန့်စားရဲသည့် YG, ZawRain နှင့် Lun ကိုသဘောကျပါသည်။

အထူးသဖြင့် စွန့်လွှတ်အနစ်နာခံဖို အမြဲရှိနေသည့် Zaw Rain ဖြစ်သည်။ အားလုံးနဲ့အလုပ်လုပ်ဖူးတော့ Raz ဝင်လာပြီးနောက် ဘယ်လို internal conflict တွေရှိလာနိုင်ပြီး ဘယ်ကိုတည်နေမလဲ ဆိုတာ မဖြစ်သေးခင်တည်းက ကျွန်တော်ကြိုသိပါသည်။ ဒီ solution သည်သာ အကောင်းဆုံးဖြစ်ပါသည်။

ZawRain ကို ဘယ်တုန်းကမှ offlane နဲ့တွဲပြီး ကျွန်တော်ကိုယ်တိုင် ခံစားလိုမရ အားမရခဲ့ပါ။ ခဏလေးပဲဆော့ရသေးသည့် position 5 တွင်တော့ အရမ်းကိုသဘောတွေ့ပါသည်။ အနေအေးပြီး အားလုံးအပေါ်သိတတ်ပြီး ဂိမ်းထဲတွင်လည်းအနစ်နာခံပေးချင်သူဖြစ်သည့်အတွက် တော်တော်လိုက်သည်ဟုထင်ပါသည်။

နောက်ဆုံးတစ်ခုကတော့ Lun ပင်ဖြစ်ပါသည်။ Lun သည်မြန်မာနိုင်ငံ ကြေးစား DOTA မှာ အသင်းတွေ စမရှိသေးခင် တော်တော်ငယ်ငယ်လေးတည်းက ဆော့ခဲ့သူဖြစ်ပါသည်။ သူ့ထက်အတွေ့အကြုံများသူ ပို၍စောသူမရှိတော့ပါ။ လိုအပ်တာတွေထက်များတဲ့ ဝေဖန်မှုကို သူဟာ အချိန်တိုအတွင်း ရခဲ့ပါသည်။ ထပ်ပြီးအားလုံးကိုပြောချင်တာက စိတ်ရှည်ပေးကြပါ။ အချိန်ကာလတစ်ခုက စကားပြောပါလိမ့်မယ်။ SumaiL လို player တွေတောင် role တစ်ခုကနေ တစ်ခုမှာ နေသားကျဖို တစ်နှစ်နီးနီး‌လောက်ကို အချိန်ယူခဲ့ရပါသည်။

ဂိမ်းနဲ့ပက်သက်ပြီးကတော့ အသင်းနဲ့တော်တော်လေးနေသားကျပြီး ယုံကြည်လိုရပြီဖြစ်တဲ့ Carry လေး Raz ကို မြန်မာ့သမိုင်းတစ်လျောက် အကောင်းဆုံး DOTA player (ကျွန်တော့်အမြင်) Young PH နဲ့သွားတွဲလိုက်တဲ့အခါ တစ်ဖက်အသင်းကရပ်တန့်ဖိုခက်လာပါသည်။ မြန်မာ့သမိုင်းတစ်လျောက် ရှာမှရှားတဲ့ gifted,talented ဆယ်ကျော်သက်နှစ်ယောက်တစ်သင်းတည်းမှာ အခုလိုအတွဲအဖက်မိလာတာမြင်ရတာ Myanmar DOTA အတွက် တော်တော်‌လေးဝမ်းသာစရာပါ။

ZawRain position 5ပြောင်းအပြီး သိပ်မကြာသေးခင်က နောက်ပိုင်းပွဲတော်တော်များများမှာ draft တွေဟာတော်တော်လေး ကောင်းတဲ့ draft တွေပါ။ Support duo power ရော late game, early game power ရော အကုန်သင့်တင့်မျှတသည်။ တစ်ခုပဲရှိတာက Offlaner ပြောင်းထားတာ မကြာသေးတာရယ် Lun က core to core ပြောင်းချင်းမဟုတ်ဘဲ အချိန်တော်တော်လေး ကြာခဲ့ပြီးမှ support ကနေ core ပြန်ဆော့တာပါ။

အဲ့အတွက်ကြောင့်တစ်ကယ်လိုတာက ထုံးစံအတိုင်းအချိန်ပါပဲ။ Heroes pool အတွက်ကော Creep Score (LH,DN) အတွက်သေချာလေးပြန်ပြီး public တွေဆော့ဖိုလိုသည်။ ကြားထဲ BTS ပွဲပြီးရင် များများဆော့ပါလို အကြံပေးချင်ပါတယ်။ (DPCလည်းပြန်လာတော့မှာဆိုတော့)

ဒါနဲ့ သုံးကောင်လောက်ပဲ Lun လှည့်ဆော့နေတာနဲ့ပတ်သက်ပြီး ဝိုင်းပြောနေကြတာကတော့ ဘယ်လိုမှနားမလည်နိုင်ပါ။ Meta အရ ဆော့သင့်သည့်ကောင်တွေဖြစ်ကိုဖြစ်နေပါသည်။ အဲ့ထက်ကောင်းသည့်ကောင် စောစောယူလိုရသည့်ကောင် meta တွင် မရှိပါ။

Team Spiritဟာ Collapse အတွက် Magnus, Mars, Tidehunter ကိုပြေးမလွဲ pick ခဲ့ပါသည်။ (draft ပထမဆုံး pick/ban phase မှာတင်) အဲ့တာဟာ metaထဲက အဲ့လိုစောစော pick နိုင်ပြီး lane လည်းတော်တော်လေးမရှုံးနိုင်မယ့် pick တွေပါ။

Team Liquid ဟာ GH အတွက် TI 7 မှာ IO, Earthshaker, Keeper of the Light, Slardar တိုကိုသာ ပြေးမလွဲ pick ခဲ့တာပါ။ ဒါဟာ meta ပါ၊ ဘယ်သူမှလွန်ဆန်လိုမရပါ။

Out of meta ဆိုတာ ပြန်တည်ဆောက်ဆဲအသင်းနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့အရာပါ။

အဆုံးသတ်အနေနဲ့ Yangon Galacticos ကိုမှာချင်တာ DPC ပြန်လာပါတော့မယ်။ ကြားထဲမှာ ဘာပဲဖြစ်ဖြစ် အားမလျော့သွားပါနဲ့။ BTS အပြီးမှာ ပိုပြီး scrim လုပ်ပြီး public တွေမှာလည်းများများဆော့ပြီး heroes draft ရှာကြပါ။ အသင်းနဲ့အခုကစားဟန်တွေ roles တွေက အဆင်ပြေဆုံးပါ။ မြင်ဖူးသမျှမြန်မာအသင်းတွေထဲမှာလည်း YG အခု version က အကောင်းဆုံးပါ။

အဲ့တော့ BTS Pro Series S9: SEA မှာကံကောင်းပါစေ၊ ချန်ပီယံဖြစ်ပါစေ။ ဆက်လက်ပြီးပိုကြိုးစားပါ။

ပြိုင်ဘက်ကိုဘယ်သောအခါမှ ဘယ်လိုလူမျိုးဖြစ်ပါစေ လျော့မတွက်ပါနဲ့။ ကိုယ့်ဘက်ကသာအကောင်းဆုံးပြင်ဆင်ထားပါ။

ပရိတ်သတ်တွေလည်း YG ကိုချစ်ကြပါ။ ဒါပေမယ့် လောဘတော့ အရမ်းမကြီးဖို့ရယ်၊ ကိုယ်က သွားသွားပြီး စိတ်ဓာတ်ကို သွားရိုက်ချိုးသလို မဖြစ်ဖိုရယ်က အရေးကြီးပါတယ်။ DOTA 2 က team gameဖြစ်နေတော့ အရမ်းပြောပါများရင် ပြောခံရသူအတွက်တင်မက ဘေးက players တွေပါ ကြာလာရင် ထိပါတယ်။

နောက်ပြီးတစ်ခုခုဆို အဝေဖန်မစောဖိုပါ။ အချိန်ကာလတစ်ခုစောင့်ကြည့်ပြီးမှပြောကြ ဝေဖန်ကြပါ။

နောက်ဆုံးပိတ်အနေနဲ့တော့ပြည်တွင်းအဆိုတစ်ခုနဲ့ပဲအဆုံးသတ်ချင်ပါတယ်။

“လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရမည်။”

Yangon Galacticos ရော သူ၏ပရိတ်သတ်တွေအားလုံးရော ဘေးရန်ကင်းရှင်းပြီး ဘဝမှာအောင်နိုင်သူတွေဖြစ်လာပါစေ။

 

Photos Courtesy of Yangon Galaticos Facebook Page

(Gaming Noodle ရှိ content များမှာ ကိုယ်တိုင် ဖန်တီးရေးသားထားသော content များဖြစ်သောကြောင့် အခြား Media/Page များတွင် ကူးယူပြီး ပြန်တင်ခြင်း မပြုလုပ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်)