TI11 ရဲ့ TOP 4 အတွက် ပြိုင်ဆိုင်မှု တော်တော်လေးပြင်းထန်မယ့် Playoff Day (4)

TI11 Main Event ရဲ့ Playoff day 3 မှာတော့ WEU region က Team Secret နဲ့ Tundra Esports တို့ဟာ Top 3 အတွက် secure ဖြစ်ခဲ့ပါတယ်။ မနက်ဖြန်ကစားမယ့် လေးပွဲစလုံးဟာ တော်တော်လေး ကြည့်လို့ကောင်းမှာ အသေချာပါပဲ။ SA region က နှစ်သင်းစလုံးဟာ နိုင်ပွဲတွေအသီးသီးယူပြီး drak horse အသင်းတွေ ဖြစ်သွားမလားဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ PSG.LGD အသင်းအနိုင်ရခဲ့မယ်ဆိုရင်တော့ China Dota ရဲ့ အနှစ်သာရကို တစ်ဝကြီး ခံစားကြည့်ရှုရမှာပါ။ သွေးသစ်လောင်းထားတဲ့ OG အသင်းအတွက်လည်း Team Liquid ကို ဖြတ်ကျော်နိုင်ဖို့ တော်တော်လေးရုန်းကန်ရမှာပါ။

beastcoast Vs PSG.LGD ( 8:30 AM )

beastcoast အသင်းဟာ EG အသင်းကို 2-0 ဆိုတဲ့ ရလဒ်နဲ့ အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပါတယ်။ beastcoast အသင်းဟာ teamwork ပိုင်းမှာတော့ တော်တော်လေး strong တဲ့ အသင်းတစ်သင်းပါ။ အသင်းရဲ့ ကစားသမားတွေအချင်းချင်းလည်း ယုံကြည်မှုအပြည့်ရှိပြီး pressure ကင်းကင်းနဲ့ ဆော့ကစားနိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ PSG.LGD အသင်းနဲ့ ယှဥ်ပြိုင်ရမှာဖြစ်လို့ beastcoast အသင်းအတွက် အသက်ရှူကြပ်စေမှာပါ။ TI ပြိုင်ပွဲတိုင်းမှာ အမြဲ အိမ်ဖြည့်အသင်းဖြစ်နေတဲ့ beastcoast အသင်းအနေနဲ့ ဒီအဆင့်ထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာကိုပဲ ချီးကျူးရမှာပါ။

PSG.LGD အသင်းအတွက်တော့ lower bracket ပွဲစဥ်တွေဟာ အနည်းငယ် အသက်ရှူချောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုရင်တော့ ပြိုင်ဖက်အသင်းကို အထင်မသေးဘဲ အစွမ်းကုန်လက်စွမ်းပြဖို့ လိုပါတယ်။ အမှားမခံတဲ့ lower bracket ဖြစ်လို့ PSG.LGD အသင်းအနေနဲ့ ရှုံးသွားခဲ့ရင် Top8 နဲ့ပဲ ကျေနပ်ရမှာပါ။ အခုချိန်ထိ Ame တစ်ယောက်ပဲ ပွဲတိုင်းမှာ အကောင်းဆုံး လက်စွမ်းပြရုန်းကန်ပြီး နိုင်ပွဲတွေ ယူဆောင်ပေးနေခဲ့ပါတယ်။ Faith_bian နဲ့ NothingToSay တို့ကတော့ positioning အမှားတွေ မကြာခဏလုပ်နေခဲ့တာ တွေ့ရပါတယ်။ Match winner အနေနဲ့ကတော့ PSG.LGD အသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။

OG Vs Team Liquid ( 11:30 AM )

ဒီပွဲစဥ်ဟာ တော်တော်လေးကြည့်လို့ကောင်းမှာပါ။ GG နဲ့ယှဥ်ပြိုင်ရတဲ့ပွဲစဥ်မှာ OG အသင်းဟာ အမှားတွေကို သင်ခန်းစာမြန်မြန်ယူနိုင်ခဲ့ပြီး နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ATF ရဲ့ heropools ပြဿနာကြောင့် ဝေဖန်မှုတွေရှိခဲ့ပေမယ့်လည်း GG နဲ့ပွဲမှာ အနိုင်ရရှိခဲ့တာဟာ ATF ရဲ့ performances တွေ​နဲ့လည်း အများကြီးသက်ဆိုင်ခဲ့ပါတယ်။ bzm တစ်ယောက်ဟာလည်း အတွေ့အကြုံနည်းတယ်ဆိုပေမယ့် ingame ထဲမှာ လုံးဝ pressure မရှိဘဲ အေးအေးဆေးဆေးဆော့ကစားနိုင်တာ တွေ့ရပါတယ်။


Team Liquid ဟာ Entity အသင်းကို 2-1 ဆိုတဲ့ ရလဒ်နဲ့ တော်တော်လေး ကြိုးစားရုန်းကန်ပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။ Team Liquid ရဲ့ အားသာချက်ကတော့ timing မှန်မှန်နဲ့ ဂိမ်းကိုအနိုင်ယူဖို့ ချဥ်းကပ်နိုင်တာပါ။ Team Liquid ဟာ OG အသင်းရဲ့ အားနည်းချက်၊ အားသာချက်တွေကို တော်တော်လေးသိတဲ့ အသင်းတစ်သင်းပါ။  Team Liquid ရဲ့ ကစားသမားတွေအနေနဲ့ တစ်ခါတရံတော့ အမှားအနည်းငယ် ပြုလုပ်တတ်ပါတယ်။ Team Liquid အတွက်တော့ MATUMBAMAN ဟာ တော်တော်လေး အားကိုးရပြီး ပွဲတိုင်းမှာလည်း လက်စွမ်းပြနိုင်ခဲ့ပါတယ်။ နှစ်သင်းလုံးရဲ့ လက်စွမ်းဟာ အခုချိန်မှာ တော်တော်လေးမျှပြီး match winner အနေနဲ့ကတော့ သွေးသစ်လောင်းထားတဲ့ OG အသင်းကို ရွေးချယ်ချင်ပါတယ်။

Team Aster Vs TBD ( beastcoast/PSG.LGD ) ( 2:30 PM )

Team Aster ဟာ Tundra Esports ကို 2-0 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ Ori အနေနဲ့ laning stage မှာ တော်တော်လေး outplayed နိုင်ပေမယ့် battle တွေမှာတော့ အမှားတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ Monet အနေနဲ့လည်း Tundra Esports နဲ့ပွဲစဥ်မှာတော့ အနည်းငယ် passive ဖြစ်ခဲ့တာ တွေ့ရပါတယ်။

beastcoast အသင်းသာ နောက်တစ်ဆင့်တက်လာခဲ့ရင်တော့ Team Aster အတွက် နိုင်ပွဲရရှိဖို့ လွယ်ကူမှာပါ။ PSG.LGD အသင်းသာ beastcoast အသင်းကိုအနိုင်ရရှိခဲ့ရင်တော့ Team Aster နဲ့ ယှဥ်ပြိုင်ရမယ့် ပွဲစဥ်ဟာ တော်တော်လေးကြည့်လို့ ကောင်းမယ့်ပွဲစဥ်တစ်ခုဖြစ်လာမှာပါ။ Match winner အနေနဲ့ beastcoast အသင်းနဲ့ယှဥ်ပြိုင်ရရင် Team Aster ကို ရွေးချင်ပြီး PSG.LGD အသင်းနဲ့ ယှဥ်ပြိုင်ရရင်တော့ PSG.LGD အသင်းကို ရွေးချယ်ချင်ပါတယ်။

Thunder Awaken Vs TBD ( OG/Team Liquid ) ( 5:30 PM )

Thunder Awaken အသင်းဟာ လက်စွာနေတယ်ဆိုပေမယ့် Team Serect နဲ့ပွဲစဥ်မှာတော့ Thunder Awaken အသင်းရဲ့ ကစားပုံဟာ တော်တော်လေးဆိုးရွားခဲ့ပါတယ်။ Carry Pakazs ဟာ ပွဲတိုင်းလိုလိုမှာ လက်စွမ်းပြနိုင်တာ တွေ့ရပါတယ်။ DarkMago နဲ့  Sacred တို့ဟာလည်း အပိုင် heros တွေနဲ့ဆို လက်စွမ်းတော်တော်လေး ပြနိုင်ခဲ့ပါတယ်။  Team Secret ရဲ့ ပြီးပြည့်စုံတဲ့ ကစားပုံတွေကြောင့်သာ Thunder Awaken အသင်းဟာ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

Thunder Awaken အသင်းကစားပုံဟာ Matthew ရဲ့ map movements တွေအပေါ်  အရမ်းမူတည်နေခဲ့ပါတယ်။ Matthew လက်စွမ်းပြနိုင်တာနဲ့ Thunder Awaken ဟာ ကစားပုံကအစ တော်တော်လေးကောင်းလာခဲ့ပြီး တစ်ဖက်အသင်းကို pressure တောက်လျှောက်ပေးနိုင်ခဲ့ပါတယ်။ SA region ရဲ့ ဂုဏ်ကိုဖော်ဆောင်နိုင်ခဲ့တဲ့ Thunder Awaken အနေနဲ့ ဒီနှစ် TI11 မှာတော့ Top 4 လောက်ထိရောက်အောင် စွမ်းဆောင်နိုင်မယ်လို့ ထင်ပါတယ်။ Match winner အနေနဲ့ကတော့ ဘယ်အသင်းပဲဖြစ်ဖြစ် Thunder Awaken အသင်းဟာ အနိုင်ယူဖို့ အဆင်သင့်ဖြစ်နေမယ်လို့ ထင်မိပါတယ်။

PSG.LGD အသင်းအတွက်တော့ မနက်ဖြန်တစ်ရက်ကို ဖြတ်ကျော်နိုင်မလားဆိုတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ OG အသင်းနဲ့ Team Liquid နှစ်သင်းထဲက တစ်သင်းဟာလည်း စိတ်မကောင်းစွာဘဲ ပြိုင်ပွဲက ထွက်ခွာရမှာပါ။ နောက်ဆုံး Top4 ထိ ဘယ်အသင်းတွေက တက်ရောက်သွားနိုင်မလဲဆိုတာတော့ တော်တော်လေး ရင်ခုန်စရာပါ။

#ArrPu