ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေတဲ့ TI11 ရဲ့ Playoff Day 2

 

TI11 ပြိုင်ပွဲဟာ playoff day 1 မှာတင် တော်တော်လေး ပွဲဆူခဲ့ပါတယ်။ Thunder Awaken အသင်းအနေနဲ့ တော်တော်လေး လက်စွာနေခဲ့ပြီး EG အသင်းကို အလွယ်တကူပဲ အနိုင်ရရှိခဲ့ပါတယ်။ Last chance qualifier ကနေ တက်လာခဲ့တဲ့ Team Secret ဟာလည်း TI11 ချန်ပီယံလို့ ထင်ကြေးပေးခံနေရတဲ့ PSG.LGD အသင်းကို pressure ကင်းကင်းနဲ့ပဲ အနိုင်ယူနိုင်ခဲ့ပါတယ်။ TI10 ချန်ပီယံဖြစ်တဲ့ Team Spirit ဟာ lower bracket round 1 မှာတင် Boom Esports ကို ရှုံးနိမ့်ခဲ့ပါတယ်။ Hokori, Fnatic, RNG အသင်းတွေဟာလည်း စိတ်မကောင်းစွာဘဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Tundra Esports Vs OG ( 8:30 AM )

 

Tundra Esports ဟာ Riyadh Masters 2022 နဲ့ PGL Arlington Major 2022 တို့မှာ ရလဒ်ဆိုးရွားခဲ့လို့ TI11 မှာ ပရိသတ်တွေအတွက် မေ့လျော့ခံ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အနည်းငယ်ကြပ်တဲ့ group B မှာ ရှုံးပွဲမရှိဘဲ ၅ပွဲနိုင်၊ ၄ပွဲသရေ ရလဒ်နဲ့ ထိပ်ဆုံးနေရာကိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး OG အသင်းကိုလည်း ပြိုင်ဖက်အနေနဲ့ ရွေးချယ်ခဲ့ပါတယ်။

အထူးသဖြင့် skiter ရဲ့ carry ဟာ ပုံမှန်ထက် ပိုတည်ငြိမ်တဲ့လက်စွမ်းတွေကို ပြသနေခဲ့ပါတယ်။ Nine ကလည်း mid မှာ heropools ကျယ်ကျယ်နဲ့ ဆော့ကစားနေခဲ့ပြီး အကောင်းဆုံးပုံစံကို ထိန်းထားနိုင်ခဲ့ပါတယ်။ 33 ကလည်း signature heros တွေနဲ့ တစ်ဖက်အသင်းကို pressure တွေ ပေးနိုင်ခဲ့ပါတယ်။ Support duo ဖြစ်တဲ့ Saksa နဲ့ Sneyking တို့ဟာ အတွဲညီပြီး performances လည်း တော်တော်လေး ပြနိုင်ခဲ့လို့ Tundra Esports အနေနဲ့ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိမယ်လို့ ထင်ပါတယ်။

OG အသင်းရဲ့ကစားသမားတွေဟာ အတွေ့အကြုံနည်းတာနဲ့အမျှ ပွဲတစ်ချို့မှာ တော်တော်လေး choke နေတတ်တာ တွေ့ရပါတယ်။ Misha အနေနဲ့ sacrifice ဖက်ကို တော်တော်လေးအားသန်နေတာဟာ OG အသင်းရဲ့ ပုံမှန်မြင်နေကျကစားပုံနဲ့ ယှဥ်လိုက်ရင် တစ်ခုခုလိုအပ်နေသလိုပါပဲ။ ATF ကလည်း group stage ရဲ့ ပွဲတစ်ချို့မှာ လက်စွမ်းသိသိသာသာ ကျဆင်းနေတာ တွေ့ရပါတယ်။ bzm နဲ့ Nine တို့ရဲ့ midlane stage ဟာ တော်တော်လေး ကြည့်လို့ကောင်းမှာပါ။ Match winner အနေနဲ့တော့ အခုအချိန်မှာ လက်စွမ်းပိုကောင်းတဲ့ Tundra Esports အသင်းကိုရွေးချယ်ချင်ပါတယ်။

Team Liquid Vs Team Aster ( 11:30 AM )

Team Liquid ဟာ last chance qualifier မှာ ရုန်းကန်ခဲ့ရပေမယ့် TI11 ရဲ့ group stage မှာတော့ ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။ MATUMBAMAN ဟာ pick/ban တွေကအစ ဦးဆောင်လုပ်နေခဲ့ပြီး ပွဲတိုင်းလိုလိုမှာလည်း လက်စွမ်းတော်တော်လေး ပြနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ Team Liquid ရဲ့ ကစားသမားတွေအတွက် သက်တောင့်သက်သာဖြစ်တဲ့ heros တွေကိုပဲ ရွေးချယ်ခဲ့လို့ drafts ပိုင်းမှာတော့ သိပ်အားမရပါဘူး။ zai ကလည်း ပုံမှန်ထက် လက်စွမ်းကျနေခဲ့ပြီး Team Liquid ဟာ MATUMBAMAN ရဲ့ လက်စွမ်းကို အရမ်းမီခိုတာ တွေ့ရပါတယ်။

Team Aster ရဲ့လူစာရင်းဟာ တော်တော်လေး တောင့်ပါတယ်။ အထူးသဖြင့် Ori ဟာ လက်စွမ်းပြနေခဲ့ပြီး mid မှာလည်း outplayed နိုင်တာ တွေ့ရပါတယ်။ အောင်မြင်မှုဆာလောင်နေတဲ့ Monet ဟာ အရင်ကထက် အမှားတော်တော်လေး နည်းလာတာ တွေ့ရပါတယ်။ Xxs ကလည်း အတွေ့အကြုံတော်တော်လေးရှိတဲ့ offlane တစ်ယောက်ဖြစ်ပြီး အခုအချိန်မှာလည်း လက်စွမ်းပြနေတုန်းပါပဲ။ Coach LaNm ရဲ့ ဦးဆောင်မှုနဲ့အတူ Team Aster ဟာ TI11 မှာတော့ ကောင်းမွန်တဲ့ရလဒ်တစ်ခု ယူဆောင်သွားမယ်လို့ ထင်ပါတယ်။ Match winner အနေနဲ့ team form ပိုင်းမှာ ပိုအားသာတဲ့ Team Aster ကို ရွေးချယ်ချင်ပါတယ်။

Evil Geniuses Vs beastcoast ( 2:30 PM )

EG အသင်းဟာ Thunder Awaken အသင်းကို 2-0 ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး lower bracket round 2 ကို ရောက်ရှိခဲ့တာပါ။ အခုအချိန်မှာလည်း SA အသင်းဖြစ်တဲ့ beastcoast အသင်းနဲ့ ဆက်လက်ယှဥ်ပြိုင်ရမှာပါ။ ဒီနေ့ပွဲစဥ်မှာတော့ EG အသင်းရဲ့ ကစားပုံဟာ တော်တော်လေးဆိုးရွားခဲ့ပါတယ်။ EG အသင်းဟာ Thunder Awaken အသင်းနဲ့ တွေ့တဲ့ပွဲစဥ်မှာတော့ drafts လောဘကြီးမှုတွေ၊ Itemization ရွေးချယ်မှုအမှားတွေ၊ positioning အမှားတွေ၊ team chemistry မမိတာတွေကို ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်။

Evil Geniuses

beastcoast အသင်းကတော့ အပိုင်နိုင်ဆုံး heros တွေရွေးချယ်ပြီး Hokori အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ Wisper ရဲ့ Batrider offlane ဟာ အခုချိန်ထိ အလုပ်ဖြစ်နေတုန်းပါပဲ။ K1 နဲ့ Chris Luck တို့ဟာလည်း လက်စွမ်းပိုင်းမှာ တော်တော်လေးငြိမ်ပါတယ်။ TI10 မှာ ရလဒ်ဆိုးရွားခဲ့တဲ့ beastcoast အသင်းအနေနဲ့ EG အသင်းကိုလည်း အပိုင်နိုင်ဆုံး heros တွေနဲ့ အနိုင်ယူဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ Match winner ကိုတော့ အမှားတွေကို ပြင်ဆင်လာနိုင်မယ်လို့ထင်တဲ့ EG အသင်းကို ရွေးချယ်ချင်ပါတယ်။

PSG.LGD Vs Boom Esports ( 5:30 PM )

PSG.LGD အသင်းဟာ Team Secret ကို ဘယ်လိုမှယှဥ်မဆော့နိုင်ဘဲ အရှုံးပေးခဲ့ရပါတယ်။ PSG.LGD အသင်းရဲ့ ကစားသမားတွေအနေနဲ့ ဒီနေ့ပွဲစဥ်ကစားပုံမှာတော့ အနည်းငယ် passive ဖြစ်တာ တွေ့ရပါတယ်။ NothingToSay ရဲ့ လက်စွမ်းကတော့ ဒီနေ့မှာ တော်တော်လေးဆိုးရွားခဲ့ပါတယ်။ Faith_bian, XinQ, y’ တို့ဟာလည်း မျှော်လင့်သလောက် လက်စွမ်းမပြနိုင်ခဲ့ပါဘူး။ Ame အနေနဲ့ တော်တော်လေး ရုန်းကန်ပေးပေမယ့် နိုင်ပွဲရရှိဖို့တော့ မလုံလောက်ခဲ့ပါဘူး။ PSG.LGD အသင်းအနေနဲ့ အမှားမခံတော့တဲ့ lower bracket မှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မလားဆိုတာတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။

Boom Esports ဟာ mediocre team လို့ဝေဖန်ခံနေရတဲ့ TI10 ချန်ပီယံ Team Spirit ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ Boom Esports အသင်းအတွက်တော့ lower bracket round 2 မှာလည်း PSG.LGD အသင်းနဲ့ ယှဥ်ပြိုင်ရမှာဖြစ်လို့ ပွဲစဥ်တွေဟာ အနည်းငယ်ကြပ်တယ်လို့ ဆိုရမှာပါ။ Bo3 ပွဲစဥ်ဖြစ်လို့ Boom Esports အနေနဲ့ နိုင်ပွဲရရှိဖို့ တော်တော်လေး ကြိုးစားရုန်းကန်ရမှာပါ။ Match winner ကိုတော့ TI11 ရဲ့ ဇာတ်လိုက်အသင်းဖြစ်တဲ့ PSG.LGD အသင်းကိုရွေးချယ်ချင်ပါတယ်။

TI11 ရဲ့ playoffs day 1 မှာလို day 2 မှာလည်း dark horse အသင်းတွေ ကြီးစိုးသွားဦးမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

#ArrPu