Playoff Day 1 မှာတင် ပြိုင်ဆိုင်မှုပြင်းထန်ကြမယ့် TI11

 

TI11 ရဲ့ group stage ပွဲစဥ်တွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ တချို့အသင်းတွေအနေနဲ့ မမျှော်မှန်းထားပေမယ့် တော်တော်လေးကောင်းမွန်လာခဲ့ပြီး တချို့အသင်းတွေရဲ့ လက်စွမ်းတွေကတော့ သိပ်အားမရခဲ့ပါဘူး။ Fata ပါဝင်တဲ့ Soniqs အသင်း၊ TSM ၊ Talon Esports ၊ Bet Boom လေးသင်းကတော့ ပြိုင်ပွဲကနေ အစောဆုံးထွက်ခွာသွားခဲ့ရပါတယ်။ မနက်ဖြန်ယှဥ်ပြိုင်မယ့် upper bracket ပွဲစဥ်နှစ်ပွဲဟာ ပြိုင်ဆိုင်မှုပြင်းထန်ကြမှာဖြစ်သလို lower bracket ပွဲစဥ်တွေဟာလည်း အမှားမခံတဲ့ Bo1 ပွဲစဥ်တွေဖြစ်လို့ တော်တော်လေးကြည့်လို့ကောင်းမှာပါ။

Upper Bracket Round 1 (Bo3)
Evil Geniuses Vs Thunder Awaken ( 8:30 AM )

မမျှော်လင့်ထားတဲ့ EG အသင်းအနေနဲ့ အကောင်းဆုံးပုံစံ ပြန်ဖြစ်လာတာဟာ တော်တော်လေး ကျေနပ်ဖို့ကောင်းပါတယ်။ Group stage မှာလည်း ၇ပွဲနိုင်၊ ၂ပွဲရှုံး ရလဒ်နဲ့ ထိပ်ဆုံးကဦးဆောင်နိုင်ခဲ့ပြီး Thunder Awaken အသင်းကိုလည်း ပြိုင်ဖက်အဖြစ် ရွေးချယ်ခွင့် ရခဲ့ပါတယ်။ အထူးသဖြင့် Nightfall တစ်ယောက်ဟာ လက်စွမ်းပြနေခဲ့ပြီး EG အသင်းကို ဦးဆောင်ဆော့ကစားသွားခဲ့တာ တွေ့ရပါတယ်။

Abed ဟာလည်း ပုံမှန်ကစားနေကျ spirits heros တွေချည်းမဟုတ်တော့ဘဲ Primal Beast, Invoker စတဲ့ heros တွေနဲ့ လက်စွမ်းပြနေခဲ့ပါတယ်။ Arteezy ကတော့ ပုံမှန် farming မြန်တာကိုမှ ပိုသေချာတဲ့ဆုံးဖြတ်ချက်တွေနဲ့ ပေါင်းစပ်ပြီး EG အသင်းကို နိုင်ပွဲတွေ ရယူပေးနိုင်ခဲ့ပါတယ်။ Cr1t- နဲ့ Fly တို့အတွဲဟာလည်း အတွဲညီနေခဲ့ပြီး EG အသင်းဟာ ဒီနှစ်မှာတော့ draft phrase အပိုင်းမှာတော်တော်လေး ကြိုးစားအားထုတ်လာတာ တွေ့ရပါတယ်။
Thunder Awaken ကတော့ dark horse အသင်းတစ်သင်း ဖြစ်လာမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Evil Geniuses

Group stage မှာလည်း အသင်းကြီးတွေအားလုံးကို သရေရလဒ်တွေနဲ့ အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ Pakazs ရဲ့ carry ဟာ အခုချိန်မှာတော့ လက်စွာနေခဲ့ပြီး ပြိုင်ဖက်အသင်းတွေအတွက် nightmare တစ်ခုဖြစ်လာခဲ့ပါတယ်။ DarkMago ရဲ့ mid ဟာ အရင်ကထက် လှုပ်လှုပ်ရှားရှား ဆော့ကစားလာတာ တွေ့ရပါတယ်။

Thunder Awaken အသင်းအနေနဲ့ team chemistry ပိုင်းတွေမှာရော၊ battles ဆိုင်တဲ့အပိုင်းတွေရောမှာ တော်တော်လေး အတွဲညီလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ Thunder Awaken အသင်းအတွက်တော့ EG အသင်းရဲ့ အကောင်းဆုံးပြန်ဖြစ်လာတဲ့အချိန်မှာ ယှဥ်ပြိုင်ရမှာဖြစ်လို့ နိုင်ပွဲရယူဖို့ တော်တော်လေးခက်ခဲမှာပါ။ Match winner အနေနဲ့ EG အသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။

Team Secret Vs PSG.LGD ( 11:30 AM )

Team Secret ရဲ့ ကစားပုံဟာ အရင်ကထက် တဖြည်းဖြည်းပိုကောင်းလာခဲ့ပါတယ်။ ကစားပုံအနေနဲ့လည်း လိုအပ်သလို လှည့်ပြောင်းကစားနေခဲ့ပြီး တစ်ဖက်အသင်းကို ဒုက္ခကောင်းကောင်း ပေးနိုင်ခဲ့ပါတယ်။ Team Secret အတွက်တော့ Last Chance Qualifier ကစားခဲ့ရတာဟာ TI11 main event အတွက်ပါ တော်တော်လေး အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ Group stage မှာလည်း Tundra အသင်းကိုသာ ရှုံးနိမ့်ခဲ့ပြီး နိုင်ပွဲ၅ပွဲနဲ့ သရေ၃ပွဲ အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အမြဲတမ်းဝေဖန်ခံနေရတဲ့ Crystallis တစ်ယောက်ဟာ အခုအချိန်မှာ အသင်းနဲ့ နည်းနည်းလိုက်လျောညီထွေ ရှိလာခဲ့ပြီး တချို့ပွဲတွေမှာ တော်တော်လေး လက်စွမ်းပြနိုင်တာတွေ့ရပါတယ်။ Resolution ကလည်း offlane ရဲ့တာဝန်ကို အပြည့်အဝယူထားရုံသာမက အသင်းအတွက်လိုအပ်တဲ့ damage ပိုင်းတွေမှာ ဝင်ရောက်ကူညီ အားထုတ်ပေးခဲ့ပါတယ်။ မနှစ်က TI10 မှာ 3rd ရရှိခဲ့တဲ့ record ကို ချိုးဖို့ဆိုရင်တော့ တော်တော်လေး ကြိုးစားရဦးမယ်လို့ ထင်ပါတယ်

PSG.LGD အသင်းဟာ group stage ရဲ့ Day 1 မှာ EG အသင်းကို ရှုံးနိမ့်ခဲ့တဲ့အပြင် Hokori နဲ့ Soniqs အသင်းတို့ကို သရေရလဒ်ရရှိခဲ့လို့ပရိသတ် တော်တော်များများ အံ့အားသင့်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ရက်တွေမှာတော့ PSG.LGD အသင်းရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ပြသနိုင်ခဲ့ပြီး group stage ရဲ့ တတိယနေရာကို ရောက်ရှိခဲ့ပါတယ်။

Faith_bian အနေနဲ့ ဒီထက်ပိုကောင်းတဲ့ လက်စွမ်းတွေရှိပေမယ့် group stage မှာ ကစားခဲ့တာကို သိပ်အားမရခဲ့ပါဘူး။ Ame ကတော့ လက်စွမ်းပြ ရုန်းကန်နေခဲ့ပြီး နိုင်ပွဲတွေယူဆောင်ပေးနေတာ တွေ့ရပါတယ်။ ပြိုင်ဖက်အသင်းတွေဟာ အရင်နှစ်ထက် လက်စွာနေတာဖြစ်လို့ PSG.LGD အသင်းအတွက်တော့ TI11 ချန်ပီယံဖြစ်ဖို့ဆို တော်တော်လေး ကြိုးစားရမှာပါ။ ဒီပွဲရဲ့ match winner အနေနဲ့ teamwork ပိုင်းမှာ ပိုပြီးတည်ငြိမ်တဲ့ PSG.LGD အသင်းကို ရွေးချယ်ချင်ပါတယ်။

Lower Bracket Round 1 (Bo1)
Hokori Vs beastcoast ( 2:30 PM )

SA region နှစ်သင်းရဲ့ နှုတ်ဆက်ပွဲလေးပါ။ ဒီနှစ်မှာတော့ SA အသင်းတွေအနေနဲ့ တော်တော်လေး လက်စွမ်းပြနိုင်ခဲ့ပါတယ်။ အထူးသဖြင့် TI11 မစခင်မှာ Hokori အသင်းကို အိမ်ဖြည့်အသင်းလို့ သတ်မှတ်ကြပေမယ့် group stage မှာတင် အသင်းကြီးတွေကို ဘတစ်ပြန် ကျားတစ်ပြန် အနေအထားနဲ့ ဆော့ကစားနိုင်ခဲ့ပါတယ်။ Lumiere ရဲ့ carry ဟာ SA regional qualifier မှာ ရုန်းကန်ပေးခဲ့တဲ့အပြင် tier1 အသင်းတွေနဲ့ဆော့ကစားရာမှာလည်း တော်တော်လေးလက်စွမ်းပြနိုင်တာ တွေ့ရပါတယ်။

beastcoast အသင်းဟာ TI10 မှာတုန်းက Lower bracket round 1 မှာတင် ရှုံးနိမ့်ခဲ့ပါတယ်။ SA DPC region ပြိုင်ပွဲတွေမှာတော့ beastcoast အသင်းအတွက် Hokori အသင်းဟာ လွယ်ကူခဲ့တယ်ဆိုပေမယ့် အခုအချိန်မှာတော့ တော်တော်လေး ခက်ခဲစေမှာပါ။ အမှားလုပ်လို့မရတဲ့ Bo1 ပွဲစဥ်ဖြစ်တာမလို့ Ban phrase တွေမှာ Lumiere ရဲ့ signature heros တွေကို သေချာလေး ဂရုစိုက်ရမှာပါ။ Match winner ကိုတော့ group stage မှာ လက်စွမ်းပြနိုင်ခဲ့တဲ့ Hokori အသင်းကို ရွေးချယ်ချင်ပါတယ်။

Team Spirit Vs Boom Esports ( 3:30 PM )

TI10 ချန်ပီယံဖြစ်ခဲ့တဲ့ Team Spirit ဟာ group stage မှာ သရေရလဒ်တွေများခဲ့ပြီး upper bracket နဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါပေမဲ့ Team Spirit အတွက် lower bracket ရောက်လို့ pressure ကြီးကြီးမားမားရမယ့်ပုံတော့ မပေါ်ပါဘူး။ Team Spirit ရဲ့ လက်စွမ်းဟာ အရမ်းဆိုးဆိုးရွားရွားကြီးမဟုတ်ဘဲ ကစားသမားတွေအနေနဲ့ကလည်း လက်စွမ်းပြနေတုန်းပါပဲ။ နိုင်ပွဲယူဆောင်တဲ့အပိုင်းတွေမှာတော့ အနည်းငယ်ပေါ့လျော့တာ တွေ့ရပါတယ်။

Boom Esports ဟာ မျှော်မှန်းထားတာထက်တောင် group stage မှာ ရလဒ်တွေဆိုးရွားခဲ့ပါတယ်။ Tiebreaker မှာတော့ Soniqs အသင်းနဲ့ BetBoom အသင်းတို့ကို အနိုင်ရယူနိုင်ခဲ့ပါတယ်။ ကစားသမားတွေအနေနဲ့ individual skills ပိုင်းမှာ ကောင်းမွန်တယ်ဆိုပေမယ့် တကယ်အရေးကြီးတဲ့ပွဲမှာတော့ လက်စွမ်းမပြနိုင်ခဲ့ပါဘူး။ Lower Bracket Round 1 မှာလည်း Team Spirit လိုအသင်းနဲ့ တွေ့ရမှာဖြစ်လို့ Boom Esports အနေနဲ့ တော်တော်လေး ခက်ခဲစေမှာပါ။ Match winner ကိုတော့ Team Spirit ကိုပဲ ရွေးချယ်ချင်ပါတယ်။

Fnatic Vs Gaimin Gladiators ( 4:30 PM )

Fnatic အသင်းအတွက်လည်း ဒီအဆင့်ကိုဖြတ်ကျော်ဖို့ တော်တော်လေး ရုန်းကန်ရမှာပါ။ Gaimin Gladiators အသင်းရဲ့ dyrachYO ဟာ အမှားတွေ၊ အလွဲတွေ လုပ်နေဆဲဖြစ်လို့ Fnatic အတွက်တော့ အခွင့်အရေးရှိနေဦးမှာပါ။ Jabz ရဲ့ offlane သာ ပွဲမှာ လက်စွမ်းပြနိုင်ရင်တော့ တော်တော်လေးကြည့်လို့ကောင်းတဲ့ ပွဲစဥ်တစ်ခုဖြစ်မှာပါ။

Gaimin Gladiators ရဲ့ လူစာရင်းဟာ တောင့်တယ်ဆိုပေမယ့် အသင်းဟာ draft ပိုင်းတွေမှာပါ အားနည်းနေတာ တွေ့ရပါတယ်။ Gaimin Gladiators အသင်းအတွက်တော့ Fnatic အသင်းနဲ့ lower bracket round 1 မှာ တွေ့ဆုံရတာဟာ အနည်းငယ်တော့ အသက်ရှူချောင်စေမှာပါ။ BOOM ရဲ့ mid ဟာ အရင်ပုံစံအတိုင်း လက်စွမ်းပြနိုင်နေတာ တွေ့ရပါတယ်။ dyrachYO ဟာ individual skills ကောင်းပေမယ့် positioning အမှားတွေကို လုပ်ဆောင်နေတုန်းပါပဲ။ Match winner ကိုတော့ WEU အသင်းဖြစ်တဲ့ Gaimin Gladiators အသင်းကို ရွေးချယ်ချင်ပါတယ်။

RNG Vs Entity ( 5:30 PM )

RNG အသင်းဟာ group stage အစောပိုင်းရက်တွေမှာ ရလဒ်တွေကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကစားသမားရဲ့ ကျန်းမာရေးပြဿနာတွေကြောင့် DQ ပေးလိုက်ရတာတွေ၊ အသင်းရဲ့ performances အနည်းငယ်ကျသွားတာတွေကြောင့် upper bracket ကို လက်လွှတ်ခဲ့ရပါတယ်။ Somnus ရဲ့ အကောင်းဆုံးလက်စွမ်းကို ပြန်ရရှိပြီး တော်တော်လေး strong ဖြစ်လာတဲ့ RNG အသင်းအတွက်တော့ အမှားမခံတဲ့ lower bracket ကနေ ယှဥ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

အားလုံးမျှော်လင့်အားပေးခဲ့ကြတဲ့ Entity အသင်းဟာ tiebreaker ဆော့ခဲ့ရတဲ့အထိကို group stage မှာ ရလဒ်တွေ ဆိုးရွားခဲ့ပါတယ်။ Regional qualifier မှာတုန်းက လက်စွမ်းပြခဲ့တဲ့ Entity ရဲ့ ကစားပုံဟာ ပျောက်ဆုံးနေခဲ့ပြီး hard carry heros တွေနဲ့ ကြိုးစားဆော့ကစားခဲ့တာ တွေ့ရပါတယ်။ Pure ဟာ heropools ကျယ်ကျယ် ဆော့ကစားနိုင်တယ်ဆိုပေမယ့် team play ပိုင်းမှာတော့ အနည်းငယ်အားလျော့နေခဲ့ပါတယ်။ Match winner ကိုတော့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်လို့ထင်တဲ့ Entity အသင်းကို ရွေးချယ်ချင်ပါတယ်။

ဒီနှစ် TI11 မှာတော့ lower bracket round 1 မှာတင် ရင်ခုန်ဖို့ကောင်းနေပြီး မျှော်မှန်းထားတဲ့ အသင်းကြီးတွေအနေနဲ့ ပြိုင်ပွဲကနေ အစောဆုံးထွက်ခွာသွားမလားဆိုတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။
#ArrPu