LCQ Group Stage မှာတင် ပြိုင်ဆိုင်မှုပြင်းထန်ကြမယ့် Group B

 

Last Chance Qualifier ရဲ့ Group B အသင်းတွေ ယှဥ်ပြိုင်မှုကတော့ ပြင်းထန်ကြမှာပါ။ အထူးသဖြင့် T1, Virtus.pro, Xtreme Gaming နဲ့ Team Liquid တို့ တွေ့ဆုံမှုဟာ တော်တော်လေး ကြည့်လို့ကောင်းမှာ အသေအချာပါပဲ။ TI11 မှာ ပါဝင်ဖို့ နောက်ဆုံးအခွင့်အရေးဖြစ်လို့ အသင်းအားလုံးဟာ ရေကုန်ရေခမ်း ကြိုးစား ကစားသွားကြမှာပါ။

T1

T1 အသင်းရဲ့ လက်ပူတိုက်လေကျင့်မှုတွေက TI11 SEA Qualifier မှာတောင် အလုပ်မဖြစ်ခဲ့ပါဘူး။ T1 အသင်းဟာ Topson ရဲ့ ကစားပုံအပေါ် အရမ်းမှီခိုနေပြီး selfish အရမ်းဖြစ်ကာ team strategy ပိုင်းမှာ တော်တော်လေး အားနည်းနေခဲ့ပါတယ်။ TI11 SEA qualifier ပွဲစဥ်တွေမှာဆို Topson အနေနဲ့ Morphling mid ကို ငါးပွဲတိတိကစားခဲ့ပြီး လေးပွဲအနိုင်ရရှိခဲ့ပါတယ်။ ana ကလည်း Undying, Marci စတဲ့ heros တွေနဲ့ carry ဆော့ခဲ့တာ အဆင်ပြေခဲ့ပေမယ့် တကယ့် hard carry heros တွေ ဆော့ကစားရမှာတော့ အားနည်းချက်တွေ ရှိနေခဲ့ပါတယ်။

kuku, Xepher, Whitemon တို့ဟာ အတွဲညီညီဆော့နိုင်ပြီး Topson နဲ့ ana တို့ရဲ့ ကစားပုံပေါ်ကိုပဲ ပြောင်းလဲဆော့ကစားပေးနေရတာ တွေ့ရပါတယ်။ T1 အသင်းအနေနဲ့ last chance qualifier ကိုကျော်ဖြတ်ဖို့ဆိုရင်တော့ ဒီထက်ပိုကျယ်ပြန်တဲ့ hero drafts တွေ၊ strategy တွေကို ပြသဖို့ လိုအပ်မှာ အသေအချာပါပဲ။

T1

Virtus.pro (Outsiders)

EEU qualifier မှာတော့ အားလုံးဟာ VP အသင်း qualified ဖြစ်မယ်လို့ ထင်ခဲ့ကြတာပါ။ ထုံးစံအတိုင်း VP ဆိုတဲ့ လောင်းရိပ်အောက်မှာ လူစာရင်းတွေ ဘယ်လိုပြောင်းလဲပြောင်းလဲ လိုအပ်ချက်တွေဟာ ရှိနေတုန်းပါပဲ။ VP အသင်းဟာ EEU qualifier ရဲ့ Grand Final ကိုလည်း 2-0 ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ယူပြီး တက်ရောက်နိုင်ခဲ့တာပါ။ Grand Final မှာတော့ VP အသင်းဟာ BetBoom အသင်းကို ပဟေဠိဆန်စွာပဲ 3-0 ဆိုတဲ့ရလဒ်နဲ့ ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ပါတယ်။

VP ရဲ့လက်ရှိလူစာရင်းဟာ တော်တော်လေး တောင့်တင်းပါတယ်။ RAMZES666 ဟာ အမှားတွေ ပြုလုပ်နေတုန်းဆိုပေမယ့် အရင်လက်စွမ်းကို ပြန်ရရှိနေပြီလို့တောင် ဆိုနိုင်ပါတယ်။ Mid မှာဆိုလည်း gpk အနေနဲ့ အမြဲတမ်းတစ်ဖက်အသင်းက mid player ကို ဖိအားတွေ ဆက်တိုက်ပေးနိုင်ခဲ့ပါတယ်။ DM ရဲ့ initiate တွေကလည်းကောင်းပြီး support duo ကလည်း အတွဲတော်တော်ညီပါတယ်။ VP အသင်းအနေနဲ့ လောင်းရိပ်တွေအောက်က ထွက်ပြီး အမှားကြီးတွေ မလုပ်မိအောင် ထိန်းထားနိုင်မယ်ဆိုရင်တော့ last chance qualifier ကို ဖြတ်ကျော်နိုင်မယ်လို့ ထင်မိပါတယ်။

Virtus Pro (VP)

Xtreme Gaming

Xtreme Gaming ဟာ grand final မှာ RNG အသင်းကို 3-0 ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် သုံးပွဲစလုံး RNG အသင်းကို ယှဥ်ဆော့နိုင်ခဲ့တာ တွေ့ရပါတယ်။ အမှားတချို့ရယ်၊ စိတ်မရှည်တာတွေကြောင့်သာ ပွဲရဲ့ ရလဒ်ဟာ တော်တော်လေး ပြတ်ခဲ့ရတာပါ။ lou ရဲ့ carry ဟာ ပွဲအတွေ့အကြုံနည်းပြီး အမှားအနည်းငယ်လုပ်တတ်တာ တွေ့ရပါတယ်။ Paparazi ရဲ့ mid ကတော့ အရင်ပုံစံအတိုင်း တော်တော်လေးကောင်းမွန်လာခဲ့ပါတယ်။ old eLeVeN ဟာလည်း အတွေ့အကြုံရှိပြီး အသင်းကို ဦးဆောင်ဆော့ကစားနေခဲ့တာ တွေ့ရပါတယ်။

Team Serenity မှာ လူတော်တော်လေးသိခဲ့တဲ့ Pyw ရဲ့ လက်စွမ်းဟာ အရင်ကတော့ တော်တော်လေးကောင်းပေမယ့် အခုအချိန်မှာ လက်စွမ်း အနည်းငယ်ကျသွားတယ်လို့တော့ ထင်ပါတယ်။ Pyw ဟာ လှုပ်လှုပ်ရှားရှားနဲ့ initiate ကောင်းကောင်းတွေလုပ်နိုင်သလို အမှားတွေလည်း ဆက်တိုက်လုပ်နေခဲ့ပါတယ်။ Vici Gaming အသင်းနဲ့ သုံးနှစ်ကျော်လောက် အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့တဲ့ Dy ရဲ့ အတွေ့အကြုံတွေဟာ Xtreme Gaming ကို last chance qualifier ကို ကျော်ဖြတ်ဖို့ အထောက်အကူဖြစ်စေမှာပါ။

Team Liquid

Team Liquid ဟာ TI11 WEU qualifier ပွဲစဥ်တွေမှာတော့ အနည်းငယ် အသက်ရှူချောင်ခဲ့ပါတယ်။ DGG Esports နဲ့ goonsquad အသင်းတို့ကိုပဲ 2-0 ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး 3rd နဲ့ last chance qualifier ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ MATUMBAMAN ဟာ အခုချိန်ထိ တည်တည်ငြိမ်ငြိမ်နဲ့ လက်စွမ်းပြနိုင်နေသေးတာ တွေ့ရပါတယ်။ micKe ဟာလည်း အရင်ကထက်စာရင် laning တွေမှာပါ သိသိသာသာ ကောင်းမွန်လာခဲ့ပါတယ်။

zai အနေနဲ့ Team Secret တုန်းမှာလောက် လက်စွမ်းမပြနိုင်တော့တာဟာ support player ကွာခြားမှုကြောင့်လားဆိုတာတော့ မေးခွန်းထုတ်စရာပါ။ Boxi ဟာ တစ်ခါတလေ မမျှော်လင့်ထားတဲ့ performances တွေကို ပြသနိုင်ပေမယ့် position 4 role ဟာ Boxi အတွက် လိုအပ်ချက်တွေ ရှိနေမယ်လို့ ထင်ပါတယ်။ iNSaNia ရဲ့ hard support ဟာလည်း တခြားအသင်းတွေနဲ့ယှဥ်ရင် လုပ်ကွက်အရမ်း မထွက်တာကြောင့် Team Liquid အနေနဲ့ last chance qualifier ကို ကျော်ဖြတ်ဖို့ တော်တော်လေး ကြိုးစားရုန်းကန်ရမှာပါ။

Team Liquid

Infamous

TI11 SA Qualifier မစခင်လေးမှာပဲ mid နဲ့ offlane တို့ကို ပြောင်းလဲခဲ့တဲ့ Infamous အသင်းအနေနဲ့ SA region ရဲ့ ပြိုင်ဘက်ကင်းအသင်း Beastcoast နဲ့ Thunder Awaken တို့မပါဝင်တဲ့ ပွဲစဥ်မှာတောင် qualified မဖြစ်ခဲ့ပါဘူး။ Qualifier ပွဲစဥ်တောက်လျှောက် အနိုင်ရရှိခဲ့ပေမယ့် grand final မှာတော့ နောက်ရာသီမှာ division 2 ကို ရောက်မယ့် Hokori အသင်းကို 3-0 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Infamous လူစာရင်းကတော့ Parker, Leostyle, Frank, Michael နဲ့ Accel တို့ဖြစ်ပါတယ်။ ကစားသမားအားလုံးဟာ အတွေ့အကြုံရှိပြီးသားတွေဆိုပေမယ့် grand final မှာတော့ အမှားတွေ ဆက်တိုက်လုပ်ခဲ့ကြပါတယ်။ Hokori အသင်းရဲ့ hard carry ကစားသမား Lumiere ရဲ့ full form ပြည့်သွားချိန်မှာတော့ ဘယ်လိုမှယှဥ်မဆော့တော့နိုင်ဘဲ Infamous အသင်းဟာ ရှုံးပွဲတွေ ဆက်တိုက်ရရှိခဲ့ပါတယ်။ Infamous အသင်း အနေနဲ့တော့ Group B ထဲရောက်လာတာဟာ တော်တော်လေးကံဆိုးပြီး အိမ်ဖြည့်အသင်းတစ်သင်း ဖြစ်သွားမယ်လို့တော့ ထင်ပါတယ်။

Infamous

Wildcard Gaming

Wildcard Gaming ရဲ့လူစာရင်းတွေကတော့ Yves, Alone, Davai Lama, Alexxo, Sammyboy တို့ပဲဖြစ်ပါတယ်။ ကစားသမားတချို့အနေနဲ့ အတွေ့အကြုံတော်တော်လေး နည်းတာမို့ Wildcard Gaming ဟာ Group B မှာ တော့ အားအနည်းဆုံးအသင်းဖြစ်မယ်လို့ ထင်ပါတယ်။ Alone ဟာ Infamous မှာ တစ်နှစ်လောက်ကစားခဲ့ပြီး qualifier မစခင်မှာမှ NA region က Wildcard Gaming ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ Wildcard Gaming အနေနဲ့ Group B မှာ နိုင်ပွဲရရှိဖို့တောင် တော်တော်လေးရုန်းကန်ရမှာပဲ ဖြစ်ပါတယ်။

စာရေးသူအမြင်ကတော့ Group B က နှစ်သင်းစလုံးကပဲ TI11 ကို တက်ရောက်နိုင်မယ်လို့ ထင်ပါတယ်။ Xtreme Gaming ကိုတော့ နံပါတ်တစ်အနေနဲ့ ထင်ကြေးပေးချင်ပါတယ်။ ဒုတိယအသင်းကိုတော့ တော်တော်လေးရွေးရခက်ပါတယ်။ VP အသင်းကလည်း အမှားအများကြီး မလုပ်ရင်တော့ မျှော်လင့်လို့ရတဲ့အသင်းတစ်သင်းပါ။ Topson တို့ပါဝင်တဲ့ T1 အသင်းကလည်း ထင်သလောက်အလုပ်ဖြစ်မယ်တော့ မထင်ပါဘူး။ အထူးသဖြင့် Topson ဟာ TI11 SEA qualifier ပွဲတွေတုန်းကလို mid မှာ outplayed ပြဖို့ တော်တော်လေး ခက်ခဲမှာပါ။

Team Liquid ကတော့ ဒီနှစ်မှာလည်း TI မှာ မြင်ရဖို့ သိပ်မလွယ်ပါဘူး။ Group A မှာတော့ မျှော်လင့်လို့ရတဲ့ Team Secret အသင်းရှိသေးပေမယ့် Crystallis, Zayac, Resolut1on တို့ကြားမှာ team chemistry မိမိကစားနိုင်ဖို့ကတော့ အချိန် အနည်းငယ် ယူရဦးမှာပါ။ Vici Gaming ကလည်း အလိုလို တိုင်ပတ်နေတဲ့ အသင်းတစ်သင်းပါ။ Navi ကတော့ အဆုံးသတ်မသေချာတဲ့ V-Tune တစ်ယောက်ကြောင့် အဆင်​မပြေလောက်သေးပါဘူး။ Dark horse အသင်းတွေထဲမှာတော့ Polaris အသင်းကိုပဲ စောင့်ကြည့်ရမှာပါ။

#ArrPu