Team Secret, Vici Gaming နဲ့ Navi အသင်းတို့အတွက် အသက်ရှုချောင်စေတဲ့ LCQ ရဲ့ Group A

 

မနှစ်က TI10 မှာ တော်တော်လေး လက်စွမ်းပြခဲ့ကြတဲ့ Team Secret (Top 3), Virtus.pro (Top 6), Vici Gaming (Top 6), T1 (Top 8 ) စတဲ့ အသင်းကြီးတွေအနေနဲ့ ယခု Last chance Qualifier ပွဲစဥ်တွေမှာ ဆုံတွေ့ကြရတာဟာ နှမြောဖို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ Last Chance ပွဲစဥ်တွေ​မှာတင် TI11 ဟာ တော်တော်လေး အကြိတ်အနယ်ရှိမှာဖြစ်လို့ ကြည့်ရတဲ့ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်မှုရစေမှာပါ။

Last Chance Qualifier group stage ပွဲစဥ်တွေကိုတော့ အောက်တိုဘာလ ၈ရက်နေ့မှာ စတင်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ Group stage ပွဲစဥ်တွေဟာ Bo2 ဆော့ကစားရမှာဖြစ်ပြီး ထိပ်ဆုံးလေးသင်းအနေနဲ့ playoffs ရဲ့ upper bracket ကို ရောက်ရှိမှာဖြစ်ပါတယ်။ အောက်ဆုံးနှစ်သင်းကလည်း playoffs ရဲ့ lower bracket ကိုရောက်ရှိမှာဖြစ်လို့ အခွင့်အရေးတော့ ကျန်နေဦးမှာပါ။ Playoffs မှာ နောက်ဆုံးကျန်ခဲ့တဲ့ နှစ်သင်းကပဲ TI11 ကို qualified ဖြစ်မှာမလို့ ပြိုင်ဆိုင်မှုက တော်တော်လေး ပြင်းထန်မှာ အသေအချာပါပဲ။

Group A မှာတော့ Natus Vincere, Team Secret, Vici Gaming, Polaris Esports, Tempest, nouns အသင်းတို့ပါဝင်မှာဖြစ်ပြီး Group B မှာတော့ Virtus.pro, Team Liquid, Xtreme Gaming, T1, Wildcard Gaming, Infamous အသင်းတို့ပါဝင်ကြမှာပါ။ ဒီနေ့မှာတော့ အနည်းငယ်ချောင်တယ်လို့ ထင်ရတဲ့ Group A က အသင်းတွေအကြောင်း တင်ပြပေးသွားမှာဖြစ်ပါတယ်။

Team Secret

TI ပြိုင်ပွဲတိုင်းကို တက်ရောက်နိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်တဲ့ Puppey အတွက် ဒီနှစ်မှာလည်း စံချိန်ကို ထပ်ပြီးထိန်းထားနိုင်ဦးမလားဆိုတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ YapzOr မပါဝင်နိုင်တဲ့ Team Secret ဟာ team form ပိုင်းမှာ အားနည်းလာတာတော့ တွေ့ရပါတယ်။

Nisha ဟာ အကောင်းဆုံးလက်စွမ်းကိုပြသနိုင်နေပေမယ့် Crystallis, Resolut1on, Zayac တို့ရဲ့ လက်စွမ်းဟာ သိပ်မငြိမ်တာလည်း တွေ့ရပါတယ်။ Team Secret အနေနဲ့ Group Stage မှာတော့ ရလဒ်ကောင်းနိုင်ပြီး playoffs ပွဲစဥ်တွေမှာတော့ တော်တော်လေးကြိုးစားရုန်းကန်ရမှာ ဖြစ်ပါတယ်။

Team Secret at Malaysia Bootcamp

Vici Gaming

အစဥ်အလာကြီးမားခဲ့တဲ့ Vici Gaming ဟာ ဒီနှစ်မှာတော့ တော်တော်လေး ရလဒ်တွေဆိုးရွားနေခဲ့ပါတယ်။ လူစာရင်းအသစ်တွေနဲ့ အလုပ်သိပ်မဖြစ်ဘဲ အသင်းဟာ team form ပိုင်းရော၊ လက်စွမ်းပိုင်းမှာပါ လိုအပ်ချက်တွေရှိနေခဲ့ပါတယ်။

China ရဲ့ Top 3 Offlaner လို့ ပြောလို့ရတဲ့ Yang တစ်ယောက်ဟာလည်း အခုချိန်မှာတော့ hard support role ကို ပြောင်းသွားခဲ့ပါတယ်။ Mid player Xm ကတော့ အတွေ့အကြုံတော်တော်လေးရှိပြီး လက်ရှိမှာလည်း လက်စွမ်းပြနေတဲ့ ကစားသမားတစ်ယောက်ပါ။ Carry ဖြစ်တဲ့ Erika (popoyo) ကတော့ laning နဲ့ လက်စွမ်းပိုင်းတွေမှာကောင်းပေမယ့် late game တွေမှာတော့ မကြာခဏ အမှားလုပ်တတ်တာတွေ့ရပါတယ်။

Natus Vincere (Navi)

TI10 မှာမပါဝင်နိုင်ခဲ့တဲ့ Navi အသင်းဟာ အခု last chance ကို ကျော်ဖြတ်နိုင်ဖို့လည်း တော်တော်လေး ခက်ခဲနေဦးမှာပါ။ Navi အသင်းဟာ Solo ရောက်လာပြီးနောက်ပိုင်း drafts နဲ့ team chemistry တွေမှာ အရင်ကထက် ပိုမိုကောင်းလာတယ်ဆိုပေမယ့် တကယ်အရေးကြီးတဲ့ပွဲစဥ်တွေမှာတော့ V-Tune တစ်ယောက်ဟာ အနည်းငယ်ပြာယာသွားတာ တွေ့ရပါတယ်။

Navi အသင်းဟာ regional qualifier မှာ qualified ဖြစ်ခဲ့တဲ့ BetBoom အသင်းကို Upper Bracket Semifinals မှာ အနိုင်ရရှိခဲ့ပြီး ပြန်လည်တွေ့ခဲ့တဲ့ Lower Bracket Final မှာတော့ အရှုံးပေးခဲ့ရပါတယ်။ အသစ်ခေါ်ယူထားတဲ့ laise နဲ့ swedenstrong တို့ရဲ့ လက်စွမ်းပိုင်းကို သိပ်အားမရပေမယ့် ပွဲအနိုင်ရရှိဖို့တော့ တော်တော်တော်လေး ကြိုးစားကြတာ တွေ့ရပါတယ်။

Polaris Esports

Polaris Esports ဟာ TI11 SEA qualifier မှာတော့ တော်တော်လေး လက်စွမ်းပြနိုင်ခဲ့တာပါ။ Polaris Esports ဟာ Ana နဲ့ Topson ပါဝင်တဲ့ T1 အသင်းကို lower final မှာ အနိုင်ရရှိခဲ့သလို Talon Esports နဲ့တွေ့ခဲ့တဲ့ final မှာလည်း အကောင်းဆုံးဆော့ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ Polaris Esports ဟာ 2-3 ဆိုတဲ့ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

အတွေ့အကြုံရှိတဲ့ eyyou ရဲ့ ဦးဆောင်မှုနဲ့အတူ Natsumi, Lelouch (Mac), Force (Nikko) တို့ဟာ လက်စွမ်းပြနိုင်နေတာ တွေ့ရပါတယ်။ Support player ဖြစ်တဲ့ Xavius (Boomy) ဟာ အသက် ၂၉ နှစ်ရှိပေမယ့်လည်း ingame မှာတော့ တော်တော်လေးလှုပ်လှုပ်ရှားဆော့နိုင်ခဲ့ပါတယ်။ Polaris Esports ဟာ last chance qualifier မှာလည်း dark horse အသင်းတစ်သင်းဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Polaris Esports

nouns

nouns အသင်းဟာ အရင်လူသိခဲ့တဲ့ 4 Zoomers က လူစာရင်းတွေပါပဲ။ NIP အသင်းမှာ ကစားပြီး လူသိခဲ့တဲ့ Gunnar ရဲ့ mid နဲ့ SG esports ကနေပြောင်းလာခဲ့တဲ့ ဘရာဇီးသား carry player ဖြစ်တဲ့ Costablie တို့ရဲ့ လက်စွမ်းပိုင်းကတော့ ကောင်းမွန်ပါတယ်။ Offlane မှာတော့ အတွေ့အကြုံတော်တော်လေးများတဲ့ Moo ပါဝင်နေခဲ့ပြီး support ပိုင်းမှာတော့ ZFreek နဲ့ Husky တို့ ပါဝင်ပါတယ်။ nouns အသင်းဟာ NA region မှာတော့ အလားအလာရှိတယ်ဆိုပေမယ့် last chance qualifier ကို အနိုင်ရရှိဖို့တော့ တော်တော်လေးခက်ခဲမှာပါ။

Tempest

Tempest အသင်းရဲ့ လူစာရင်းတွေကတော့ Mnz, Sebas, DrakenN, slad1n-, Mjz တို့ပဲဖြစ်ပါတယ်။ Mnz ဟာ အတွေ့အကြုံတော်တော်လေးရှိပြီး Infamous, Thunder Predator တို့မှာ ကစားခဲ့ဖူးတဲ့ player တစ်ယောက်ပါ။ Sebas ကတော့ pro scene ထဲ ရောက်ရှိလာတာ သိပ်မကြာသေးပါဘူး။

DrakenN ဟာ NA region ရဲ့ tier2 အသင်းတွေလောက်မှာပဲ ဆော့ကစားခဲ့ဖူးပြီး slad1n- နဲ့ Mjz တို့ကတော့ အတွေ့အကြုံရှိတဲ့ support duo အတွဲပဲဖြစ်ပါတယ်။ Tempest အသင်းဟာ အိမ်ဖြည့်အသင်းလို့ သတ်မှတ်လို့ရပေမယ့် ဖွဲ့စည်းထားတာ မကြာသေးဘဲ အခုလို last chance ထိရောက်လာကိုပဲ ကျေနပ်ရမှာပါ။

Group A ရဲ့ ပွဲစဥ်တွေဟာ Secret, Vici Gaming, Navi အသင်းတို့အတွက် အနည်းငယ်ချောင်တယ်ဆိုပေမယ့် အသင်းငယ်တွေကလည်း နောက်ဆုံးအခွင့်အရေးဖြစ်လို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ Last chance qualifier မှာရော dark horse အသင်းတစ်သင်း ထွက်ပေါ်လာဦးမလားဆိုတာတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။

#ArrPu