အစဥ်အလာကြီးမားခဲ့တဲ့ WEU သုံးသင်းရဲ့ TI11 Final Day အားပြိုင်မှု

TI11 main event ရဲ့ နောက်ဆုံးနေ့ရက်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီနှစ် TI11 မှာတော့ မျှော်လင့်ထားတဲ့အသင်းတွေက လက်စွမ်းမပြနိုင်ခဲ့ဘဲ၊ မထင်ထားခဲ့တဲ့ အသင်းတွေက TI ရဲ့ အနှစ်သာရပြည့်ဝတဲ့ ပွဲစဥ်တွေကို ဆော့ကစားပေးနိုင်ခဲ့ပါတယ်။ ချန်ပီယံလို့ ထင်ကြေးပေးခံခဲ့ရတဲ့ PSG.LGD အသင်းဟာ မျှော်လင့်ထားသလောက် အခြေအနေမကောင်းခဲ့ပါဘူး။

WEU ရဲ့ သုံးသင်းကပဲ နောက်ဆုံး Top 3 အထိ ရောက်ရှိခဲ့ပါတယ်။ Tundra Esports ရဲ့ လက်စွမ်းကတော့ တခြားနှစ်သင်းထက်ပိုကောင်းနေပြီး ချန်ပီယံဖြစ်ဖို့ တော်တော်လေး နီးစပ်နေခဲ့ပါတယ်။ ကစားသမား နှစ်ထပ်ကွမ်း TI ချန်ပီယံကလည်း မျှော်လင့်လို့ရတာ သေချာနေခဲ့ပြီး MATUMBAMAN လား၊ Puppey လားဆိုတာတော့ lower bracket final က အဆုံးအဖြတ်ပေးသွားမှာပါ။ Lower bracket final က နှစ်သင်းအနေနဲ့ အပိုင်နိုင်ဆုံး hero drafts တွေနဲ့ main event ပွဲစဥ်တွေမှာ အနိုင်ယူခဲ့တာဖြစ်လို့ Bo5 ယှဥ်ပြိုင်ရမယ့်အခါမှာတော့ အနည်းငယ် အခက်တွေ့စေမှာပါ။

Team Secret Vs Team Liquid ( 10:30 AM )

Last chance qualifier ကနေ တက်လာတဲ့ Team Secret နဲ့ Team Liquid တို့ရဲ့ lower bracket final ပွဲစဥ်ဟာ တော်တော်လေး ကြည့်လို့ကောင်းမှာပါ။ Team Secret ဟာ မနှစ်က TI10 မှာလည်း upper bracket final နဲ့ lower bracket final တို့မှာ ဆက်တိုက်ရှုံးပြီး Top 3 နဲ့ ကျေနပ်ခဲ့ရပါတယ်။ ဒီနှစ် TI11 မှာတော့ Team Liquid ကို အနိုင်ယူပြီး TI10 က curse ကို ချေဖြတ်သွားနိုင်မလား စိတ်ဝင်စားဖို့ကောင်းပါတယ်။

Team Secret အနေနဲ့ ရှုံးသွားခဲ့မယ်ဆိုရင်တောင် Puppey ဟာ pro scene မှာအနားယူနေတဲ့ Zayac နဲ့ Resolut1on တို့အပြင် လက်စွမ်းပိုင်း အခုထိ မတည်ငြိမ်သေးတဲ့ Crystallis တို့နဲ့အတူ Top 3 ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာကိုတော့ အသိအမှတ်ပြုရမှာပါ။ ဒါပေမဲ့ မနှစ်က TI10 မှာ Top 3 ရောက်အောင်တူတူစွမ်းဆောင်ပေးခဲ့တဲ့ MATUMBAMAN နဲ့ Zai တို့ဟာ ပြိုင်ဖက်အသင်းအနေနဲ့ ရောက်ရှိနေခဲ့ပါတယ်။

Team Liquid ဟာ လက်စွာနေတဲ့ Thunder Awaken အသင်းကို အနိုင်ရရှိပြီးကတည်းက ယုံကြည်မှု တော်တော်လေးရရှိလာခဲ့တာ တွေ့ရပါတယ်။ Team Aster ကိုလည်း ခက်ခက်ခဲခဲ အနိုင်ယူခဲ့ပြီး lower bracket final ကို တက်လှမ်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ၅ရက်တာ နားနေတဲ့အချိန်မှာ Team Liquid ရဲ့ ကြိုတင်ပြင်ဆင်လာမှုတွေဟာ Team Aster ထက် သာခဲ့တာကိုတော့ ထင်ထင်ရှားရှားမြင်ခဲ့ရပါတယ်။

Zai လုပ်ကွက်ပျောက်တဲ့အချိန်တွေမှာလည်း Team Liquid ရဲ့ ကစားသမားတွေအနေနဲ့ တာဝန်ပိုယူပေးခဲ့ပြီး နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ MATUMBAMAN ဟာ အနားမယူခင် အချိန်ထိ အကောင်းဆုံးလက်စွမ်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ Boxi အနေနဲ့လည်း position 3.5 လောက်ထိ performance ပြပြီး Team Liquid ကို နိုင်ပွဲရရှိအောင် တော်တော်လေး ရုန်းကန်ပေးနေခဲ့တာ တွေ့ရပါတယ်။ Match winner အနေနဲ့ Team Liquid ကို ရွေးချယ်ချင်ပါတယ်။

Tundra Esports Vs TBD ( Team Secret / Team Liquid ) ( 3:00 PM )

Tundra Esports ဟာ grand final နဲ့ ထိုက်တန်တဲ့လက်စွမ်းကို ပြသခဲ့နိုင်ခဲ့ပါတယ်။ Riyadh Master နဲ့ PGL Arlington Major တို့မှာ ရလဒ်ဆိုးရွားခဲ့တဲ့ Tundra Esports ဟာ TI11 အတွက် ကြိုတင်ပြင်ဆင်နေခဲ့သလားလို့တောင် မေးခွန်းထုတ်စရာပါ။ Tundra Esports ရဲ့ လက်စွမ်းဟာ အခုချိန်မှာတော့ အပြစ်ပြောစရာမရှိဘဲ တော်တော်လေး ကောင်းမွန်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် အရင်က အနည်းငယ်ပြာယာတတ်တဲ့ Skiter ဟာ အခုအချိန်မှာတော့ အသင်းကနိမ့်နေရင်တောင် နိုင်ပွဲရရှိအောင် ရုန်းကန်ပေးနိုင်ခဲ့ပါတယ်။

Saksa ဟာ အောင်မြင်မှုရဖို့ အမြဲတမ်း try hard နေခဲ့ပြီး သူ့ရဲ့ လက်စွမ်းနဲ့ထိုက်တန်တဲ့ TI grand final ကိုလည်း နောက်တစ်ကြိမ် တက်လှမ်းနိုင်ခဲ့ပါတယ်။ 33 နဲ့ Nine တို့ရဲ့ လက်စွမ်းက တခြားအသင်းတွေရဲ့ကစားသမားထက် အနည်းငယ် ပိုသာနေခဲ့ပါတယ်။ Sneyking ဟာလည်း 2012 လောက်ကတည်းက pro scene ထဲမှာရောက်ရှိနေတာဖြစ်ပြီး support ပိုင်းမှာ တော်တော်လေး အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Tundra အသင်းအနေနဲ့ drafts ပိုင်းမှာလည်း တော်တော်လေးကျယ်ပြန့်တာဖြစ်လို့ Team Secret ပဲဖြစ်ဖြစ်၊ Team Liquid ပဲဖြစ်ဖြစ် Bo5 ဆော့ကစားရမယ့် Grand Final မှာတော့ Tundra Esports ကို အနိုင်ယူဖို့ ခက်ခဲမှာပါ။

အစဥ်အလာကြီးမားခဲ့တဲ့ WEU region က အသင်းတွေပဲ TI11 ရဲ့ Top 3 ထဲမှာ ပါဝင်နိုင်ခဲ့ပါတယ်။ ဒါဟာ Valve ရဲ့ ကျင်းပခဲ့တဲ့ last chance qualifier ကြောင့်ပါ။ TI10 WEU qualifier မှာဆော့ကစားပြီး ရှုံးနိမ့်ခဲ့ရတဲ့ Tundra Esports, Team Nigma , Team Liquid တို့အတွက်တော့ LCQ မရှိခဲ့တာဟာ နစ်နာမှုတစ်ခု ဖြစ်ခဲ့တယ်ဆိုတာကို TI11 ရဲ့ LCQ က သက်သေပြနိုင်ခဲ့ပါတယ်။ Vavle အနေနဲ့ DPC system ကို အနည်းငယ်ပြင်မလား၊ WEU region အတွက် slot ထပ်တိုးပေးမလား၊ LCQ ပဲ နှစ်တိုင်းလုပ်သွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

#ArrPu