WEU သုံးသင်းနဲ့ China တစ်သင်းတို့ရဲ့ Top 4 အားပြိုင်မှု (TI11 Final Day 1 )

Playoffs ပွဲစဥ်တွေမှာ တော်တော်လေး hype ခဲ့ပြီးမှ ၅ ရက်တာ အနားယူလိုက်တာဟာ ပြိုင်ပွဲရဲ့ tempo ကို လျော့ကျစေနိုင်လားဆိုတာတော့

Final Day 1 မှာ စောင့်ကြည့်ရမှာပါ။ အသင်းအားလုံးကလည်း အပိုင်နိုင်ဆုံး hero drafts တွေ၊ strategy တွေနဲ့ ဆော့ကစားဖို့ အဆင်သင့်ဖြစ်နေမှာပါ။

TI နှစ်ထပ်ကွမ်းချန်ပီယံ ထပ်ပေါ်လာဦးမလား၊ ပထမဆုံးယှဥ်ပြိုင်ခဲ့တဲ့ TI မှာတင် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ Tundra Esports ဟာ dark horse အသင်းတစ်သင်း ဖြစ်လာမလား၊ China region ရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ Team Aster အနေနဲ့ WEU က သုံးသင်းစလုံးကို ဖြတ်ကျော်ပြီး ချန်ပီယံဆုကို ရယူသွားနိုင်မလား ဆိုတဲ့ မေးခွန်းတွေနဲ့အတူ TI11 ရဲ့ Final Day 1 ဟာ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။

Team Liquid Vs Team Aster ( 10:30 AM )

Team Liquid ဟာ dark horse အသင်းဖြစ်ဖို့ကြိုးစားနေတဲ့ Thunder Awaken အသင်းကို 2-1 ဆိုတဲ့ ရလဒ်နဲ့ ခက်ခက်ခဲခဲအနိုင်ရရှိခဲ့ပါတယ်။ အဲဒီပွဲစဥ်အနိုင်ရရှိလိုက်တာဟာ Team Liquid အတွက် ရှေ့ဆက်ပြိုင်ရမယ့် ပွဲတွေကိုပါ တော်တော်လေး motivate ဖြစ်စေမှာပါ။ ရှေ့ပွဲစဥ်တွေမှာ အနည်းငယ် choke နေတဲ့ zai တစ်ယောက်ဟာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး လက်စွမ်းပြနေခဲ့ပါတယ်။

MATUMBAMAN အနေနဲ့လည်း နောက်ဆုံးပိတ် အိတ်နဲ့လွယ် ဆိုသလို နှစ်ထပ်ကွမ်း TI ချန်ပီယံဖြစ်နိုင်ဖို့လည်း တော်တော်လေး နီးစပ်နေပါတယ်။ Team Liquid ရဲ့ team form ဟာ lower bracket ပွဲစဥ်တွေမှာ သိသိသာသာကို ပိုကောင်းမွန်လာတာ တွေ့ရပါတယ်။ “Upper Bracket For Bitches” ဆိုတဲ့ Team Liquid ရဲ့ စကားတွေအတိုင်း lower bracket ကနေ ချန်ပီယံဆုကို ယူသွားနိုင်မလား တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။

Team Aster ဟာလည်း China King လို့ပြောနေကြတဲ့ PSG.LGD အသင်းကို 2-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ TI10 မှာ top 16 နဲ့ ကျေနပ်ခဲ့ရတဲ့ Team Aster ဟာ Ori နဲ့ Siamese.C (hard support) တို့ကို ခေါ်ယူခဲ့ပြီးနောက်ပိုင်းမှာ တော်တော်လေး team form ကောင်းလာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် Ori ဟာ သူ့ရဲ့ အကောင်းဆုံးလက်စွမ်းတွေကို ပြန်လည် ပြသနိုင်ခဲ့ပါတယ်။ TI7 မှာကတည်းက LFY အသင်းနဲ့အတူ Monet ရဲ့ carry ဟာ လက်စွမ်းပြခဲ့ပြီး Top 3 အထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တစ်ခါတလေ အမှားလုပ်တတ်တယ် ဆိုပေမယ့် အခု TI11 မှာတော့ Monet ရဲ့ လက်စွမ်းဟာ တော်တော်လေး တည်ငြိမ်ကောင်းမွန်လာတာ တွေ့ရပါတယ်။

Team Aster နဲ့ လေးနှစ်ကျော် လက်တွဲခဲ့ကြတဲ့ Xxs နဲ့ BoBoKa တို့ရဲ့ TI အိပ်မက်တွေဟာလည်း နီးစပ်နေပြီပဲ ဖြစ်ပါတယ်။ Team Aster ဟာ WEU သုံးသင်းစလုံးကို ဖြတ်ကျော်ပြီး ၆နှစ်ကြာ ဝေးကွာနေတဲ့ China region ရဲ့ TI ချန်ပီယံဆုကို ပြန်လည် ယူဆောင်ပေးသွားနိုင်မလားဆိုတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ Team Liquid နဲ့ Team Aster တို့ တွေ့ကြမယ့်ပွဲစဥ်ဟာ လက်စွမ်းမျှပြီး match winner ရွေးချယ်ဖို့တော့ ခက်ခဲပါတယ်။ ဒါပေမဲ့ MATUMBAMAN တစ်ယောက်ဟာ နှစ်ထပ်ကွမ်းမျှော်လင့်ချက်အတွက် နိုင်ပွဲရရှိအောင် တော်တော်လေး ရုန်းကန်ပေးသွားမယ်လို့ ထင်ပါတယ်။

Team Secret Vs Tundra Esports ( 1:30 PM )

Team Secret အနေနဲ့ LCQ ကနေ Top 3 အထိရောက်လာတာကိုတော့ အသိအမှတ်ပြုရမှာပါ။ လူစာရင်းပြောင်းလဲမှုတွေကြောင့် team chemistry ပိုင်းမှာ တော်တော်လေး တိုင်ပတ်နေတဲ့ Team Secret ဟာ LCQ ကနေပဲ အသင်းရဲ့ အကောင်းဆုံးပုံစံကို ရရှိခဲ့တယ်လို့တော့ ထင်မိပါတယ်။ Puppey ဟာ တခြားအသင်းရဲ့ hard support တွေထက် ပိုလက်စွမ်းပြနေပြီး နိုင်ပွဲအတွက် လိုအပ်တဲ့ keys points ကိုလည်း ရှာနိုင်တာတွေ့ရပါတယ်။ ဝေဖန်ခံနေရတဲ့ Crystallis အတွက် သက်တောင့်သက်သာ ရှိတဲ့ heros တွေနဲ့ အဖြေရှာတွေ့ခဲ့ပါတယ်။ iceiceice နေရာမှာ အသင်းနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ Resolut1on ကို ရရှိလိုက်တာဟာလည်း Team Secret အတွက် တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။

Zayac ဟာ Puppey ရဲ့ ဦးဆောင်မှုအောက်မှာ Resolut1on နဲ့အတူ လက်စွမ်းပြန်လည် ပြသနိုင်ခဲ့ပါတယ်။ Team Secret မှာ လေးနှစ်ကျော်ကစားခဲ့ပေမယ့် Nisha ဟာ လက်စွမ်းလုံးဝမလျော့သွားတာဘဲ Team Secret အတွက် အောင်မြင်မှုတွေကို ယူဆောင်ပေးနေတုန်းပဲ ဖြစ်ပါတယ်။ Team Secret ဟာ TI10 မှာတုန်းက Top 3 ရရှိခဲ့တဲ့ စံချိန်ကို ချိုးဖြတ်ပြီး ချန်ပီယံဆုကို ရယူသွားမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ Team Secret သာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့ TI1 နဲ့ TI11 ချန်ပီယံဆိုတဲ့ Puppey ရဲ့ record ဟာလည်း အားလုံးရဲ့ရင်ဘတ်ထဲမှာ မှတ်တိုင်တစ်ခုဖြစ်သွားမယ်လို့ ထင်ပါတယ်။

TI11 မစခင် Tundra Esports ကို ဒီအဆင့်ထိရောက်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ ဘယ်လိုနည်းစနစ်တွေက Tundra Esports ကို အခုလို ပုံစံကောင်းတွေရရှိအောင် လေ့ကျင့်ပေးနိုင်ခဲ့လဲဆိုတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ Fata ကို kick ပြီး Saksa ကိုခေါ်ယူလိုက်တာဟာ မှန်ကန်တဲ့ရွေးချယ်မှုဆိုတာကိုလည်း သက်သေပြနိုင်ခဲ့ပါတယ်။ skiter, Nine, 33 တို့အနေနဲ့ mudgolems လို tier 2 အသင်းကနေ အခုလို အခြေအနေရောက်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။ Tundra Esports ရဲ့ အားသားချက်ကတော့ cores တွေဟာ individual ပိုင်းမှာ တခြားအသင်းရဲ့ cores တွေထက် ပိုသာအောင် ကစားနိုင်တာပဲ ဖြစ်ပါတယ်။

အရင်ကဆို Nine လက်စွမ်းပြလိုက်တဲ့ heros တွေဟာ public matches မှာ တော်တော်လေး ဆော့ကစားခဲ့ပြီး meta heros တွေလို ဖြစ်လာတဲ့အထိတောင် ရှိခဲ့ပါတယ်။ 33 ရဲ့ offlane ကလည်း တစ်ဖက်အသင်းရဲ့ safelane အတွက် တော်တော်လေး ဒုက္ခရောက်စေပါတယ်။ TI10 WEU qualifier ရဲ့ ဖိုင်နယ်မှာ OG အသင်းကို ရှုံးနိမ့်ပြီး မပါဝင်ခဲ့ရတဲ့ Tundra Esports ဟာ ပထဆုံးယှဥ်ပြိုင်ရတဲ့ TI11 မှာပဲ ချန်ပီယံဆုကို ယူသွားနိုင်မလား တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Playoffs မှာ ရှုံးပွဲလုံးဝမရှိခဲ့တဲ့ အသင်းနှစ်သင်းရဲ့ upper bracket final အားပြိုင်မှုဟာ တော်တော်လေး ကြည့်လို့ကောင်းမှာပါ။ Match winner အနေနဲ့ကတော့ Tundra Esports ကိုရွေးချယ်ချင်ပါတယ်။

၅ရက်တာ အနားယူပြီးမှ ပြန်လည်ယှဥ်ပြိုင်ရတဲ့ ပွဲစဥ်တွေမို့ အသင်းတွေအနေနဲ့ တော်တော်လေး try hard လုပ်လာကြမှာပါ။ Upper Bracket Final ပွဲစဥ်မှာ ဘယ်အသင်းက ရှုံးနိမ့်ပြီး lower bracket final ကို ဆင်းလာမလဲဆိုတာ ရင်ခုန်ဖို့ကောင်းသလို Top4 နဲ့ ကျေနပ်လိုက်ရတဲ့ အသင်းဟာ Team Aster ဖြစ်မလား ၊ Team Liquid ဖြစ်မလားဆိုတာလည်း တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။

#ArrPu