TI11 ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့အသင်းများ

 

The International (TI) ပြိုင်ပွဲတစ်လျှောက်မှာတော့ ဒီနှစ် TI11 ဟာ အသင်းအများဆုံးနဲ့ ဝေဖန်မှုအများဆုံး ပြိုင်ပွဲတစ်ခုပါ။ ပြိုင်ဆိုင်မှုအနေနဲ့ကတော့ group stage မှာတင် တော်တော်လေးပြင်းထန်ကြမှာပါ။ Group တစ်ခုစီမှာ ၁ဝ သင်းစီပါဝင်တာဖြစ်လို့ ပရိသတ်တွေအတွက်တော့ ကြည့်လို့ကောင်းမှာ အသေအချာပါပဲ။

Group Stage ပွဲစဥ်တွေဟာ Bo2 ယှဥ်ပြိုင်ကြမှာဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကစားကြမှာဖြစ်ပါတယ်။ ထိပ်ဆုံးလေးသင်းစီကပဲ Upper Bracket ကို ရောက်ရှိမှာပါ။ 5th-8th အဆင့်ရရှိတဲ့ အသင်းတွေကတော့ Lower Bracket ရောက်ရှိမှာဖြစ်ပြီး ကျန်ရှိတဲ့ အသင်းတွေကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာပါ။

1. Entity

ဒီနှစ် TI ချန်ပီယံ predictions ရွေးချယ်တဲ့အသင်းတွေထဲမှာမှ Entity အသင်းဟာ တော်တော်လေးလူကြိုက်များ ရေပန်းစားနေခဲ့ပါတယ်။ Entity အသင်းအနေနဲ့ ၂၀၂၂ နှစ်စပိုင်းလောက်မှာမှ division 2 ကနေ division 1 ကို ရောက်ရှိခဲ့တာဖြစ်လို့ Entity အသင်းဟာ အရှိန်အဟုန်နဲ့ အောင်မြင်လာခဲ့တဲ့အသင်းတစ်သင်းပါ။

Crystallis နေရာမှာ Pure အစားထိုးပြီးတဲ့နောက်ပိုင်းမှာတော့ Entity အသင်းဟာ strategy ဆန်းဆန်းပြားပြားတွေနဲ့ အလုပ်ဖြစ်နေခဲ့တာ တွေ့ရပါတယ်။ တော်တော်လေးခက်ခဲမယ်လို့ထင်ရတဲ့ WEU Qualifier မှာလည်း Entity အသင်းဟာ ရှုံးပွဲတစ်ပွဲမှမရှိဘဲ လွယ်လွယ်ကူကူ ကျော်ဖြတ်လာနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တာ ဖြစ်ပါတယ်။

Entity အသင်းရဲ့ကစားပုံဟာ တော်တော်လေး ကျစ််ကျစ်လျစ်လျစ်ရှိပြီး တစ်ဖက်အသင်းကိုလည်း ပြန်မထနိုင်အောင် pressure တွေ ဆက်တိုက်ပေးနိုင်တဲ့ အသင်းတစ်သင်းပါ။ ကစားသမားတွေအနေနဲ့ heropools ကျယ်ကျယ်နဲ့ လက်စွမ်းပြနိုင်တာ တွေ့ရပါတယ်။ အသင်းရဲ့ကစားပုံဟာ တခြားအသင်းကစားပုံတွေနဲ့ အနည်းငယ်ကွာခြားတာမို့ ကြည့်ရတဲ့ ပရိသတ်အတွက်လည်း ကျေနပ်အားရဖို့ ကောင်းပါတယ်။

Stormstormer ဟာ အခုနောက်ပိုင်းမှာ တော်တော်လေးလက်စွာလာပြီး တစ်ဖက်အသင်းရဲ့ midlaner တွေကို outplayed လုပ်နိုင်ခဲ့ပါတယ်။ Support duo အတွဲကလည်း ပွဲရဲ့ tempo ကို အကောင်းဆုံးထိန်းကစားပေးနိုင်တာ တွေ့ရပါတယ်။ Tobi ရဲ့ offlane ကလည်း တော်တော်လေးစိတ်ချရတာဖြစ်လို့ ဒီနှစ် TI မှာ Entity အသင်းအနေနဲ့ ဘယ်လောက်ထိ စွမ်းဆောင်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

2. PSG.LGD

PSG.LGD အသင်းဟာ ဒီနှစ်မှာတော့ ဇာတ်လိုက်နေရာကနေ ပါဝင်ရမှာဖြစ်ပါတယ်။ TI ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအလိုကနေ နောက်ပြန်လှည့်ခဲ့ရတာတွေကြောင့် ပရိသတ်တွေအနေနဲ့ ဒီနှစ်မှာတော့ PSG.LGD ကို ပိုပြီး အားပေးလာကြတာ တွေ့ရပါတယ်။

အထူးသဖြင့် TI ချန်ပီယံရဖူးခဲ့တဲ့ Faith_bian ရဲ့ နောက်ဆုံးအကြိမ်ကြိုးစားခြင်းဖြစ်တာကြောင့် တော်တော်လေး ကြည့်လို့ကောင်းမှာပါ။ လက်စွမ်းပိုင်းမှာ အပြစ်ပြောစရာမရှိတဲ့ PSG.LGD အသင်းဟာ တစ်နှစ်တာလုံးမှာလည်းအသင်းရဲ့ peak form ကို တည်တည်ငြိမ်ငြိမ် ဆော့ကစားနိုင်ခဲ့တဲ့ အသင်းတစ်သင်းပါ။

xiao8 ဟာ draft phrase ပိုင်းမှာ အကြံဥာဏ်ကောင်းတွေ ပေးနိုင်ခဲ့တာ တွေ့ရသလို၊ စိတ်ဓာတ်ခွန်အားပေးမှုတွေမှာလည်း ကစားသမားတွေအတွက် တော်တော်လေးအလုပ်ဖြစ်တာ တွေ့ရပါတယ်။ ဒီနှစ်မှာတော့ PSG.LGD အသင်းအနေနဲ့ choking points တွေကို အကောင်းဆုံးဖြေရှင်းနိုင်ပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားမလားဆိုတာတော့ ရင်ခုန်စွာ စောင့်ကြည့်ရမှာပါ။

3. Team Spirit

Dark Horse အသင်းအဖြစ်နဲ့ TI10 ကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့တဲ့ Team Spirit ရဲ့ team form ဟာ အခုချိန်ထိတိုင် အကောင်းဆုံးဖြစ်နေတုန်းပါပဲ။ ဒါကိုလည်း Arlington Major ဖိုင်နယ်မှာ ပြိုင်ဘက်ကင်းနေတဲ့ PSG.LGD အသင်းကို အနိုင်ယူပြီး သက်သေပြနိုင်ခဲ့ပါတယ်။ TORONTOTOKYO ဟာ လက်စွမ်းမတည်ငြိမ်ဘူးဆိုပေမယ့် တကယ်အရေးကြီးတဲ့ပွဲတွေမှာတော့ လက်စွမ်းတော်တော်လေးပြနိုင်တဲ့ ကစားသမားပါ။

Yatoro ကလည်း သူ့ရဲ့ အကောင်းဆုံး peak form ကို ထိန်းသိမ်းထားနိုင်ခဲ့တာ တွေ့ရပါတယ်။ Collapse ဟာ ဒီနှစ် TI11 မှာရော ဘယ် hero တွေနဲ့ ဆပ်ကပ်ဆန်ဆန် ဆော့ကစားသွားဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ Team Spirit ရဲ့ support duo အတွဲဟာ မနှစ်ကထက် ပိုကောင်းလာခဲ့ပြီး map movements တွေလည်း ပိုကောင်းလာတာ တွေ့ရပါတယ်။ Team Spirit ဟာလည်း OG အသင်းရဲ့ TI နှစ်ထပ်ကွမ်းစံချိန်ကို အမီလိုက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

4. OG

ESL One ပြိုင်ပွဲနှစ်ခုလုံးမှာ stand-in တွေနဲ့ ချန်ပီယံဆုယူနိုင်ခဲ့တဲ့ OG အသင်းရဲ့ လက်စွမ်းကိုလည်း လျော့တွက်လို့မရပါဘူး။ TI11 လိုပြိုင်ပွဲကြီးမှာတော့ regional အသီးသီးက အကောင်းဆုံးအသင်းတွေ ပါဝင်မှာဖြစ်လို့ အတွေ့အကြုံ တော်တော်လေးနည်းတဲ့ OG အသင်းရဲ့ core သုံးယောက်အနေနဲ့ DPC ပွဲတွေတုန်းကလို၊ ESL ပွဲတွေတုန်းကလို လက်စွမ်းပြနိုင်ဖို့တော့ တော်တော်လေး ခက်ခဲမှာပါ။

Trash talk တွေကြောင့် ဝေဖန်မှုအမြဲတမ်းရရှိနေတဲ့ ATF တစ်ယောက်ကရော ကမ္ဘာ့အကောင်းဆုံး carry တွေရဲ့ laning မှာ လက်စွာနိုင်ဦးမလားဆိုတာ တော်တော်စိတ်ဝင်စားစရာပါ။ bzm ရဲ့ mid ဟာလည်း group stage မှာတင် NothingToSay, Somnus, Abed စတဲ့ အကောင်းတကာ့ အကောင်းဆုံး mid players တွေနဲ့ ယှဥ်ထိန်းရမှာဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်မှာ အသေအချာပါပဲ။

Lan ပြိုင်ပွဲတွေမှာ issue တစ်ခုပြီးတစ်ခုဖြစ်နေတဲ့ Misha ဟာ OG အသင်းအတွက် secret weapon ဖြစ်သွားမလားဆိုတာလည်း စောင့်ကြည့်ရမှာပါ။ သွေးသစ်လောင်းထားပြီး အောင်မြင်မှုတော်တော်လေး ဆာလောင်နေတဲ့ OG အသင်းရဲ့ ကစားသမားတွေအနေနဲ့ ပရိသတ်အပြည့်၊ အားပေးမှုအပြည့်ဖြစ်နေမယ့် TI11 main stage မှာရော လက်စွမ်းအပြည့်အဝ ပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

5. Tundra Esports

Riyadh Master နဲ့ Arlington Major တို့မှာ ရလဒ်ဆိုးရွားခဲ့တဲ့ Tundra Esports ဟာလည်း ဒီနှစ် TI11 မှာ စောင့်ကြည့်ရမယ့် အသင်းတစ်သင်းပါ။ Aui_2000 ရဲ့ နည်းပြမှုနဲ့အတူ Tundra Esports ရဲ့ ကစားသမားတွေဟာ individual skills ပိုင်းမှာ တော်တော်လေးကောင်းပြီး လက်စွမ်းပြနိုင်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် နှာတစ်ဖျားအမြဲတမ်းသာအောင် ဆော့နိုင်တဲ့ Nine နဲ့ 33 တို့ရဲ့ ကစားပုံတွေဟာ ပရိသတ်တွေအတွက်တော့ ​ကြည့်လို့ကောင်းမှာပါ။

Tundra Esports ရဲ့ အားနည်းချက်ကတော့ ထွေထွေထူးထူးသိပ်မရှိပေမယ့် late game တွေမှာတော့ အနည်းငယ် panic ဖြစ်တတ်တာ တွေ့ရပါတယ်။ Fata လိုကစားသမားကို စွန့်လွှတ်ပြီး Saksa ကိုခေါ်ယူခဲ့တဲ့ ပြောင်းလဲမှုဟာ အလုပ်ဖြစ်လား၊ မဖြစ်ဖူးလားဆိုတာ ဒီပြိုင်ပွဲမှာ အဆုံးအဖြတ်ပေးသွားမယ်လို့ ထင်ပါတယ်။

Last Chance Qualified ကနေ တက်လာခဲ့တဲ့ Team Secret နဲ့ Team Liquid အတွက်တော့ ချန်ပီယံဆုဟာ တော်တော်လေး ခက်ခဲမှာပါ။ တရုတ်အသင်းကြီးတွေဖြစ်တဲ့ Team Aster နဲ့ RNG တို့ဟာလည်း အသင်းတော်တော်များများရဲ့ အိပ်မက်ဆိုးတစ်ခုဖြစ်လာမှာပါ။ Boom Esports, Fnatic, Talon Esports စတဲ့ SEA အသင်းတွေကတော့ ဘယ်အဆင့်လောက်ထိ စွမ်းဆောင်သွားနိုင်မလဲဘဲ မျှော်လင့်လို့ရမယ်လို့ ထင်ပါတယ်။

Gaimin Gladiators ရဲ့ လူစာရင်းကလည်း တော်တော်လေးတောင့်ပါတယ်။ TI10 တုန်းက Top12 လောက်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ EG အသင်းဟာ ဒီနှစ်မှာ drafts အဆန်းတွေထုတ်ပြပြီး လက်စွမ်းပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီနှစ်မှာတော့ Dark horse အသင်းအနေနဲ့ ရွေးချယ်ဖို့သိပ်မရှိပေမယ့် Thunder Awaken အသင်းရဲ့ ကစားပုံကတော့ တော်တော်လေး တိုးတက်ကောင်းမွန်လာတာ တွေ့ရပါတယ်။

#ArrPu