[Unicode]
ညာဘက်လက် တစ်ဖက်တည်းကို ဒေါ်လာ ၈.၃ သိန်းကျော်နဲ့ အာမခံထားလိုက်တဲ့ Faker
ကမ္ဘာ့အကောင်းဆုံး League of Legends ကစားသမားတစ်ဦးအဖြစ် အကြိမ်များစွာ သတ်မှတ်ခြင်းကို ခံထားရသူ အသက် ၂၄ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသား Faker ဟာ T1 အသင်းမှာ အချိန်ကြာမြင့်စွာကစားလာခဲ့သူပါ။ Faker ဟာ နှစ်စဉ်ကျင်းပနေကျ League of Legends World Championship ပြိုင်ပွဲကြီး ၃ ခု အပါအဝင် အခြားပြိုင်ပွဲပေါင်းများစွာကို အနိုင်ရရှိထားခဲ့သူဖြစ်သလို လက်ရှိအချိန်မှာ T1 အဖွဲ့အစည်းကြီးရဲ့ ပူးတွဲပိုင်ဆိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။
မကြာသေးမီကတော့ T1 အဖွဲ့အစည်းဟာ တောင်ကိုရီးယားရဲ့ နာမည်ကျော် Hana ဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါတယ်။ ယင်းပူးပေါင်းဆောင်ရွက်မှုများအတွင်း Hana ဘဏ်ဟာ T1 ကစားသမား Faker ရဲ့ ညာဘက်လက်ကို ကိုရီးယားဝမ်ငွေ ၁ ဘီလီယံ (ဒေါ်လာ ၈.၃ သိန်းကျော်) နဲ့ အာမခံပေးဖို့အတွက် သဘောတူညီထားခဲ့ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ Faker က “Hana ဘဏ်နဲ့ ပူးပေါင်းလုပ်ဆောင်မှုများ အောင်မြင်အထမြောက်ပြီး ကျွန်တော်အပါအဝင် ကစားသမားအများစုအတွက် ငွေကြေးပိုင်းဆိုင်ရာ အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်လာစေလို့ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ တောင်ကိုရီးယား League of Legends လောကဟာ ယခုနှစ်များအတွင်းမှာ တစ်ဟုန်ထိုး တိုးတက်လာလျက်ရှိပါတယ်။ လာမယ့်နှစ်က စ လို့ LCK ပွဲစဉ်များမှာ ယှဉ်ပြိုင်နေကြတဲ့ ကစားသမားများရဲ့ လစာကို ဒေါ်လာ ၁၆,၀၀၀ ကနေ ဒေါ်လာ ၅၀,၀၀၀ အထိ တိုးမြှင့်ပေးဖို့ လက်ရှိအသင်းများ အားလုံး တစ်ပြေးညီသဘောတူထားကြပြီးလည်း ဖြစ်ပါတယ်။

“အားကစားသမားများ ကိုယ်အင်္ဂါ ထိခိုက်မှု အာမခံ”ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ခေတ်စားနေတဲ့ အာမခံအမျိုးအစားတစ်ခုပါ။ အားကစားသမားဟာ အာမခံထားတဲ့ ယင်းရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပေါ်လာခဲ့ရင် များပြားလှတဲ့ ငွေကြေးပမာဏတစ်ခုကို ရရှိသွားနိုင်တာမို့ ယခုလိုခေတ်စားနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် Esports လောကမှာတော့ အာမခံထားမှုများ နည်းပါးနေပါသေးတယ်။
ဒီလိုအာမခံထားလိုက်တဲ့အတွက် Faker ရဲ့ ဂုဏ်သတင်းဟာလည်း ယခင်ကထက် ပိုပြီး ကြီးမားလာနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ Esports လောကဟာ သမားရိုးကျအားကစားလောကနဲ့အပြိုင် အရှိန်အဟုန်နဲ့ တိုးတက်နေပြီဖြစ်ကြောင်း ယခုဖြစ်ရပ်က ညွှန်ပြလျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: ggrecon
[ZawGyi]
ညာဘက္လက္ တစ္ဖက္တည္းကို ေဒၚလာ ၈.၃ သိန္းေက်ာ္နဲ႔ အာမခံထားလိုက္တဲ့ Faker
ကမာၻ႔အေကာင္းဆုံး League of Legends ကစားသမားတစ္ဦးအျဖစ္ အႀကိမ္မ်ားစြာ သတ္မွတ္ျခင္းကို ခံထားရသူ အသက္ ၂၄ ႏွစ္အ႐ြယ္ ေတာင္ကိုရီးယားႏိုင္ငံသား Faker ဟာ T1 အသင္းမွာ အခ်ိန္ၾကာျမင့္စြာကစားလာခဲ့သူပါ။ Faker ဟာ ႏွစ္စဥ္က်င္းပေနက် League of Legends World Championship ၿပိဳင္ပြဲႀကီး ၃ ခု အပါအဝင္ အျခားၿပိဳင္ပြဲေပါင္းမ်ားစြာကို အႏိုင္ရရွိထားခဲ့သူျဖစ္သလို လက္ရွိအခ်ိန္မွာ T1 အဖြဲ႕အစည္းႀကီးရဲ႕ ပူးတြဲပိုင္ဆိုင္သူတစ္ဦးလည္း ျဖစ္ပါတယ္။
မၾကာေသးမီကေတာ့ T1 အဖြဲ႕အစည္းဟာ ေတာင္ကိုရီးယားရဲ႕ နာမည္ေက်ာ္ Hana ဘဏ္နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ ယင္းပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြင္း Hana ဘဏ္ဟာ T1 ကစားသမား Faker ရဲ႕ ညာဘက္လက္ကို ကိုရီးယားဝမ္ေငြ ၁ ဘီလီယံ (ေဒၚလာ ၈.၃ သိန္းေက်ာ္) နဲ႔ အာမခံေပးဖို႔အတြက္ သေဘာတူညီထားခဲ့ပါတယ္။
ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ Faker က “Hana ဘဏ္နဲ႔ ပူးေပါင္းလုပ္ေဆာင္မႈမ်ား ေအာင္ျမင္အထေျမာက္ၿပီး ကြၽန္ေတာ္အပါအဝင္ ကစားသမားအမ်ားစုအတြက္ ေငြေၾကးပိုင္းဆိုင္ရာ အခြင့္အလမ္းေကာင္းမ်ား ျဖစ္ေပၚလာေစလို႔ ဝမ္းေျမာက္ဝမ္းသာျဖစ္မိပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။
ၿပိဳင္ဆိုင္မႈျပင္းထန္လွတဲ့ ေတာင္ကိုရီးယား League of Legends ေလာကဟာ ယခုႏွစ္မ်ားအတြင္းမွာ တစ္ဟုန္ထိုး တိုးတက္လာလ်က္ရွိပါတယ္။ လာမယ့္ႏွစ္က စ လို႔ LCK ပြဲစဥ္မ်ားမွာ ယွဥ္ၿပိဳင္ေနၾကတဲ့ ကစားသမားမ်ားရဲ႕ လစာကို ေဒၚလာ ၁၆,၀၀၀ ကေန ေဒၚလာ ၅၀,၀၀၀ အထိ တိုးျမႇင့္ေပးဖို႔ လက္ရွိအသင္းမ်ား အားလုံး တစ္ေျပးညီသေဘာတူထားၾကၿပီးလည္း ျဖစ္ပါတယ္။

“အားကစားသမားမ်ား ကိုယ္အဂၤါ ထိခိုက္မႈ အာမခံ”ဟာ ကမာၻတစ္ဝွမ္းလုံးမွာ ေခတ္စားေနတဲ့ အာမခံအမ်ိဳးအစားတစ္ခုပါ။ အားကစားသမားဟာ အာမခံထားတဲ့ ယင္းရဲ႕ ကိုယ္အဂၤါအစိတ္အပိုင္းကို ထိခိုက္မႈတစ္စုံတစ္ရာျဖစ္ေပၚလာခဲ့ရင္ မ်ားျပားလွတဲ့ ေငြေၾကးပမာဏတစ္ခုကို ရရွိသြားႏိုင္တာမို႔ ယခုလိုေခတ္စားေနတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ Esports ေလာကမွာေတာ့ အာမခံထားမႈမ်ား နည္းပါးေနပါေသးတယ္။
ဒီလိုအာမခံထားလိုက္တဲ့အတြက္ Faker ရဲ႕ ဂုဏ္သတင္းဟာလည္း ယခင္ကထက္ ပိုၿပီး ႀကီးမားလာႏိုင္ပါတယ္။ မည္သို႔ပင္ျဖစ္ေစ Esports ေလာကဟာ သမား႐ိုးက်အားကစားေလာကနဲ႔အၿပိဳင္ အရွိန္အဟုန္နဲ႔ တိုးတက္ေနၿပီျဖစ္ေၾကာင္း ယခုျဖစ္ရပ္က ၫႊန္ျပလ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: ggrecon