[Zawgyi]


Source: First Post
[Unicode]
The Walking Dead နဲ့ ပူးပေါင်းလိုက်တဲ့ PUBG Mobile
PUBG Mobile ရဲ့ နိုင်ငံတကာ အထွေထွေမန်နေဂျာဖြစ်သူ Vincent Wang က PUBG Mobile ဟာ The Walking Dead Franchise နဲ့ ပူးပေါင်းမှုပြုလုပ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ The Walking Dead ဆိုတာကတော့ AMC ရဲ့ နာမည်ကျော်ကြားလှတဲ့ zombie များနဲ့ TV show တစ်ခုဖြစ်ပြီး မကြာခင်မှာလည်း Season (10) ကို ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ပြုလုပ်တဲ့ PUBG Mobile Club Open 2019 (PMCO 2019) မှာ ယခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်များကိုတော့ ပြောကြားသွားခြင်း မရှိသေးပါဘူး။
PUBG Mobile ရဲ့ mode အသစ်ဖြစ်တဲ့ zombie mode အသစ်အကြောင်းလည်း ဘာမှ မပြောကြားသွားခဲ့ပေမယ့် ယင်းအကြောင်းနဲ့ ဆက်စပ်ပြသသွားခဲ့တဲ့ ဗီဒီယို clip အတိုလေးထဲမှာတော့ ကမ်းခြေပေါ်က level 3 helmet လေးနားကို zombie များ ချဉ်းကပ်လာတဲ့ ပုံစံပါဝင်ပါတယ်။

တကယ်တော့ PUBG Mobile ထဲမှာ zombie mode နှစ်ခု ရှိနေပြီးသားပါ။ Darkest Night နဲ့ Survive Till Dawn 2 တို့ဖြစ်ပြီး Resident Evil 2 နဲ့ cross-over event တစ်ခုမှာ ပူးပေါင်းတဲ့အနေနဲ့ Resident Evil zombie ပုံစံများ ထည့်သွင်းဖူးပါတယ်။ ဒါပေမယ့် PUBG Mobile နဲ့ Walking Dead ပူးပေါင်းလိုက်ရကာနေ ဘာတွေထွက်လာဦးမလဲဆိုတာကတော့ မည်သူမှ မခန့်မှန်းနိုင်သေးပါဘူး။
Wang နောက်ထပ် ပြောကြားသွားခဲ့တာကတော့ လက်ရှိ Erangel map ကို visual (အမြင်ပိုင်း) ဆိုင်ရာများ အဆင့်မြှင့်မယ်ဆိုတာပါပဲ။ မြေပုံပေါ်ကနေရာများဖြစ်တဲ့ Mylta Power, Prison, Yasnaya စတာတွေကို မူလက ပုံစံနဲ့ upgrade လုပ်ထားတဲ့ ပုံစံများ နှိုင်းယှဉ်ပြီး ပြသသွားခဲ့ပါသေးတယ်။ သိပ်မကြာသေးမီက PUBG ရဲ့ PC version မှာလည်း Erangel map ကို visual upgrade များ ပြုလုပ်ခဲ့တဲ့ အတွက် ယခုကိစ္စဟာ အများခန့်မှန်းထားခဲ့ပြီးသားပါ။

လက်ရှိမှာ MCO 2019 ရဲ့ global final ပွဲစဉ်များဟာ ဆက်လက်ကျင်းပလျက်ရှိနေပါတယ်။ The Walking Dead နဲ့ ပူးပေါင်းလိုက်တဲ့ အတွက် zombie mode အသစ်တွေများ ကစားလာနိုင်မလား၊ Walking Dead ထဲက ဇာတ်ကောင်တွေများ ဂိမ်းထဲမှာ ပါဝင်လာမလား နဲ့ အခြား ဘာထူးခြားမှုတွေများ ရှိလာဦးမလဲဆိုတာကိုတော့ PUBG Mobile ချစ်သူများက စောင့်မျှော်နေကြပါတယ်။ PUBG Mobile သတင်းနဲ့ အခြား esport သတင်းများကို Gaming Noodle မှာ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။
Source: First Post