[Zawgyi]
၂ ႏွစ္ဆက္ TI ခ်န္ပီယံ OG ရဲ႕ ေနာက္ကြယ္ကအေၾကာင္းအရာတစ္ခု (သို႔မဟုတ္) အားကစား စိ္တ္ပညာရွင္ Mia Stellberg
The International (TI) ခ်န္ပီယံ ဒိုင္းဆုၾကီးကို ၂ ႏွစ္ဆက္တိုက္ ၂ ခါရျပီး TI ရဲ႕ curse ကို ခ်ိဳးဖ်က္ႏိုင္တဲ့ တစ္ခုတည္းေသာ အသင္းကေတာ့ ေပၚထြက္လာခဲ့ပါျပီ။ ၾသဂုတ္လ ၂၅ ရက္ေန႔က က်င္းပျပီးစီးခဲ့တဲ့ TI9 ကို အႏိုင္ရရွိခဲ့တဲ့ OG အသင္းဟာ TI8 ခ်န္ပီယံေဟာင္းအသင္းလည္း ျဖစ္ျပီး ျပိဳင္ပြဲဝင္အသင္းမ်ားအားလုံးထဲမွာ အေစာပိုင္းထဲက ထူးျခားေနခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။
OG ရဲ႕ ၾကီးမားတဲ့ေအာင္ျမင္မႈမ်ားေနာက္ကြယ္မွာ အေရးပါ အခရာက်တဲ့သူတစ္ေယာက္ေတာ့ ရွိေနပါတယ္။ Dota 2 ဂိမ္းပြဲမ်ားကိုသာ စိတ္ဝင္စားေလ့ရွိျပီး ကစားသမားမ်ားကိုသာ အာရုံစိုက္ၾကတဲ့ ပရိသတ္မ်ာကေတာ့ ဒီလိုေနာက္ကြယ္မွာပဲ ရွိတဲ့သူမ်ားကို သတိထားမိၾကမွာ မဟုတ္ပါဘူး။ သူကေတာ့ OG ရဲ႕ psychologist ျဖစ္သူ Mia Stellberg ပဲျဖစ္ပါတယ္။
Mia Stellberg ဟာ သမားရိုးက် အားကစားနယ္ပယ္မွာေရာ esports အားကစားနယ္ပယ္မွာပါ အလုပ္လုပ္ေလ့ရွိသူတစ္ဦးပါ။ Esports ပိုင္းမွာ ပိုမိုအာရုံစိုက္ေလ့ရွိတဲ့ သူမဟာ CS: GO အသင္းမ်ားျဖစ္တဲ့ Astralis နဲ႔ ENCE တို႔ရဲ႕ ေအာင္ျမင္မႈမွာ အေရးၾကီးတဲ့အခန္းက႑က ပါဝင္ခဲ့ျပီး League of Legends အသင္းျဖစ္တဲ့ SK Gaming အတြက္လည္း အလုပ္လုပ္ေနခဲ့ပါတယ္။ OG ကစားသမားႏွစ္ေယာက္ျဖစ္တဲ့ JerAx နဲ႔ Topson တို႔ဟာ အသင္းအတြက္ psychologist တစ္ေယာက္လိုအပ္တယ္လို့ ဆုံးျဖတ္ခဲ့ျပီး သူမကို ေခၚယူခဲ့ခ်ိန္မွာေတာ့ OG ကို ေရာက္ရွိလာခဲ့ပါတယ္။
OG ဟာ TI9 ရဲ႕ group stage ပြဲစဥ္မ်ား တစ္ေလွ်ာက္မွာတည္းက စိတ္ဓာတ္ပိုင္းဆိုင္ရာ စစ္ဆင္ေရးမ်ား ထိုးစစ္ဆင္ေနခဲ့သလို စိတ္ခြန္အားလည္း အျခားသင္းေတြထက္ ျမင့္မားေနခဲ့ပါတယ္။ ဒီအေၾကာင္းကို TI9 group stage ပြဲစဥ္မ်ားအျပီး main event ကို မေရာက္မီ Vpesports က ျပဳလုပ္တဲ့ အင္တာဗ်ဴးတစ္ခုမွာ Mia Stellberg က အခုလို ေျဖၾကားခဲ့ပါတယ္။
“မဂၤလာပါ Mia, အင္တာဗ်ဴးခြင့္ရလို႔ ေက်းဇူးပါခင္ဗ်ာ”
“ဟုတ္ကဲ့ မဂၤလာပါ”
“OG အသင္းအတြက္ အလုပ္လုပ္ေနတယ္လို႔ မၾကာေသးမီက ကြ်န္ေတာ္တို႔ သိခဲ့ရပါတယ္။ OG ကို ဘယ္အခ်ိန္က ဝင္ေရာက္လာခဲ့ျပီး ဘယ္လုိအေၾကာင္းေၾကာင့္ ဝင္ေရာက္လာခဲ့လည္း ဆိုတာေလး ေျပာျပေပးပါဦး”
“ကြ်န္မက Finland ႏိုင္ငံမွာ ေနထိုင္တာျဖစ္လို႔ ႏိုင္ငံခ်င္းတူေနတဲ့ Topson နဲ႔ JerAx တို႔ကို သိပါတယ္။ သူတို႔ကလည္း ကြ်န္မကို သိလာျပီး ေနာက္ပိုင္းက်ေတာ့ ကြ်န္မကို ေခၚယူဖုိ႔ ေျပာလာခဲ့ပါတယ္။ ကိစၥေတြတစ္ခုျပီး တစ္ခုေက်ာ္ျဖတ္ျပီးေနာက္ပိုင္းေတာ့ ကြ်န္မလည္း သူတို႔နဲ႔အတူ အခုခ်ိန္မွာ ရွန္ဟိုင္းကို ေရာက္ေနတာပါ”
“သူတို႔ကေတာ့ Mia အေၾကာင္း ဒီကိုေရာက္လာတဲ့အထိ တျခားသူေတြကို ထုတ္ေဖာ္ေျပာၾကားတာမ်ိဳး မရွိခဲ့ဘူးဗ်။ ဒါေၾကာင့္ OG မွာ တကယ္တမ္း အလုပ္စလုပ္ခဲ့တဲ့ အခ်ိန္ေလး ေျပာျပေပးပါဦး”
“သူတို႔နဲ႔ အလုပ္လုပ္ေနတာကေတာ့ အခုဆို ၂ လေလာက္ေတာ့ ရွိပါျပီ။ သူတို႔ TI9 အတြက္ bootcamp လုပ္ျပီး စ ေလ့က်င့္ထဲကပဲ ဆိုပါေတာ့”
“Mia နဲ႔ အလုပ္လုပ္ခဲ့တဲ့ esports အသင္းအေတာ္မ်ားမ်ား ေအာင္ျမင္ေနၾကတာကို ေတြ႔ရပါတယ္။ OG အသင္းဆိုတာကလည္း ဟိုးအရင္ႏွစ္ေတြက Major ေလးခုမွာ ဆက္တိုက္ႏိုင္ခဲ့သလို တျခားအသင္းေတြနဲ႔ မတူပဲ ထူးျခားတဲ့ အေျခအေနနဲ႔ TI8 ကို အႏိုင္ရလာခဲ့ပါတယ္။ ဒီလိုထူးျခားတဲ့အသင္းသားကစားသမားေတြနဲ႔ ဘယ္လိုမ်ိဳး အလုပ္ေတြအတူလုပ္ျဖစ္လဲ၊ သူတို႔ ဘာလို႔ psychologist တစ္ေယာက္ လိုအပ္လာခဲ့လဲဆိုတာကေရာ”
“ဘယ္ကစားသမားမဆို တစ္ေယာက္ခ်င္းစီမွာ သူတို႔ကိုယ္ပိုင္ အားနည္းခ်က္နဲ႔ အားသာခ်က္ေတြကေတာ့ အျမဲရွိတာပါပဲ။ ျပီးေတာ့ အသင္းေတြလည္း အျမဲတမ္း ေျပာင္းလဲျပီး တိုးတက္လာေနပါတယ္။ Esports psychologist တစ္ေယာက္အေနနဲ႔ အေရးအၾကီးဆုံးအလုပ္ကေတာ့ သူတို႔ရဲ႕ ေအာင္ျမင္မႈကို ပိုမိုထိန္းထားႏိုင္ျပီး ေအာင္ျမင္မႈရမယ္လို႔ ယုံၾကည္ေအာင္ သူတုိ႔ကို ျပဳလုပ္ေပးဖုိ႔ပါ။ ေအာင္ျမင္တဲ့ေန႔ရက္ေတြ ျဖစ္လာဖုိ႔က အဓိကပါပဲ”
“Dota 2 မွာ လူအမ်ားလက္ခံထားၾကတာက ဘယ္ေလာက္ပဲ ျပိဳင္ဘက္ကို နားလည္ျပီး သာလြန္ႏိုင္ပါေစ၊ TI လို ျပိဳင္ပြဲၾကီးမွာ ရႈံးနိမ့္သြားနိုင္ေျခေတြ ရွိေနေသးတဲ့အေၾကာင္းပါ။ ဒီအေၾကာင္းေၾကာင့္လည္း ကစားသမားေတြကေတြ ျပိဳင္ပြဲေတြမွာ စိတ္လႈပ္ရွားမႈေတြ၊ စိတ္ဓာတ္က်မႈေတြ၊ စိတ္မတည္မျငိမ္ျဖစ္မႈေတြ ၾကံဳၾကရပါတယ္။ OG ကစားသမားေတြအတြက္ ဒီအခက္အခဲကို ဘယ္လိုေျဖရွင္းေပးပါသလဲ”
“ဟုတ္ပါတယ္။ TI လို ျပိဳင္ပြဲၾကီးကို ဝင္ရတဲ့ ဘယ္ကစားသမားမဆို အနည္းနဲ႔အမ်ား စိတ္လႈပ္ရွားၾကမွာပါပဲ။ သူတို႕အတြက္ ဒီျပိဳင္ပြဲဟာ ဂုဏ္သိကၡာအရ အရမ္းအေရးၾကီးတာမို႔ ဖိအားေတြက မ်ားလွပါတယ္။ ဒါေၾကာင့္ ကစားသမားတိုင္းဟာ ျပိဳင္ပြဲမဝင္မီၾကိဳတင္ျပင္ဆင္ၾကရမွာျဖစ္မွာပါ။ ကြ်န္မရဲ႕ အယူအဆမွာေတာ့ တကယ့္ကစားသမားေကာင္းတစ္ေယာက္ဟာ ဖိအားကို ဖိအားလို မခံယူပဲ တြန္းအားတစ္ခုအေနနဲ႔ အသုံးခ်ရမွာပါ။ ဒီတြန္းအားကပဲ သူ႔ကို ဒီ့ထက္ပိုေကာင္းတဲ့ ကစားသမားတစ္ေယာက္ျဖစ္လာေစျပီး ဒီလိုျဖစ္လာဖုိ႔ကလည္း ႏွစ္နဲ႔ခ်ီျပီး ေလ့က်င့္လာသင့္ပါတယ္”
“ဒါကို ၾကားရတာ တကယ့္ကို စိတ္ဝင္စားစရာပါ။ မႏွစ္က OG အသင္းဟာ လက္တုန္႔ျပန္လိုမႈေတြ၊ ေဒါသတၾကီး ျဖစ္မႈေတြြ၊ ေအာင္ျမင္မႈနဲ႕ သက္ေသျပခ်င္ခဲ့တာေတြနဲ႔ ဖိအားအေတာ္မ်ားေနခဲ့ပါတယ္။ ဒီႏွစ္မွာ TI ၂ႏွစ္ဆက္ရျပီး စံခ်ိန္တင္ဖုိ႔ ဖိအားပိုေတာင္မ်ားေနမယ္လို႔ ထင္ပါတယ္။ ဒီ့အတြက္ ထင္ျမင္ယူဆခ်က္ေလး ေျပာျပေပးပါဦး”
“ျပိဳင္ပြဲေတြနဲ႔ ဒီကိစၥေတြ ဘာမွမရွိခဲ့စဥ္တည္းက သူတို႔ဟာ Dota 2 ကို ကစားရတာ အရမ္းႏွစ္သက္တဲ့သူေတြပါ။ သူတို႔ TI ၂ခု ဆက္တိုက္ရလိုတဲ့အေပၚမွာေတာ့ ကြ်န္မ ဘာမွ မေျပာလိုပါဘူး။ ဒါေပမယ့္ သူတို႔ဟာ ဒီဂိမ္းကို တကယ္ကိုႏွစ္သက္ျမတ္ႏိုးၾကျပီး မိမိလုပ္တဲ့အလုပ္မွာ ေအာင္ျမင္မႈေတြရရွိဖုိ႔ဆိုတာ ဒီလိုႏွစ္သက္ျမတ္ႏိုးမႈ အမ်ားၾကီးရွိဖုိ႔လိုအပ္တယ္ဆိုတာေတာ့ ေျပာႏိုင္ပါတယ္”
“TI မွာ group stage ေတြမွာ ေကာင္းေကာင္းကစားႏိုင္ခဲ့တဲ့အသင္းေတြက main event ေရာက္ရင္ ရႈံးနိမ့္မႈေတြ ၾကံဳၾကရတယ္ဆိုတဲ့ အေပၚမွာေရာ ဘယ္လိုထင္ျမင္ပါသလဲ။ Psychologist တစ္ေယာက္အေနနဲ႔ OG အသင္းဟာ main event ေရာက္ရင္ ေအာင္ျမင္မယ္လို႔ေရာ ယုံၾကည္မႈရွိပါသလား”
“ရွိပါတယ္။ ကြ်န္မတို႔ OG အသင္းဟာ group stage တစ္ေလွ်ာက္လုံး ၂ ပြဲပဲ ရႈံးခဲ့ပါတယ္။ ဒါဟာ အေတာ္ေကာင္းတဲ့အေျခအေနလို႔ ေျပာရမွာျဖစ္ျပီး ရႈံးပြဲမရွိျဖစ္ဖုိ႔ကုိေတာ့ မေမွ်ာ္မွန္းထားပါဘူး။ Esports နယ္ပယ္မွာ လူေတြေျပာေနၾကတဲ့ ဟိုလိုျဖစ္တယ္ ဒီလိုျဖစ္တယ္ ဘာေတြျဖစ္လာမယ္ ဘယ္လိုျဖစ္လာမယ္ စတဲ့ ေကာလဟာလေတြကို ကြ်န္မ မယုံပါဘူး။ ကြ်န္မက သိပၸံပညာရွင္တစ္ေယာက္ျဖစ္လို႔ သိပၸံနည္းက်ပဲ စဥ္းစားျပီ ယုတၱိမရွိတာေတြကို ပယ္ခ်ပါတယ္။ ျပိဳင္ပြဲတစ္ခုမွာ ‘ဒါက ျဖစ္ရိုးျဖစ္စဥ္ဟုတ္ရဲ႕လား’ ‘ႏိုင္ပါ့မလား ရႈံးမယ့္ပြဲလား’ အဲဒီလိုမ်ိဳးေတြ မစဥ္းစားပဲ တစ္ရက္ခ်င္းစီကို အေကာင္းဆုံး ယွဥ္ျပိဳင္သြားဖုိ႔ပဲ အေရးၾကီးပါတယ္။ Group stage မွာ ေအာင္ျမင္ေနတယ္ဆိုတာ တကယ္တမ္းေတာ့ ထပ္လာမယ့္ main event မွာလည္း ေအာင္ျမင္ဖုိ႔ဆိုတာပဲ လက္ခံပါတယ္။
တစ္ခ်ိဳ႕အသင္းေတြက အရမ္း ယုံၾကည္မႈမ်ားျပီး ျပိဳင္ဘက္ကို ဂရုမစိုက္လို႔ ရႈံးတတ္တာေတြ ရွိပါတယ္။ ဒါေပမယ့္ OG ကစားသမားအားလုံးဟာ ဒီလိုမျဖစ္ဘူးလို႔ ကြ်န္မယုံၾကည္ပါတယ္။ ဒါေၾကာင့္ ကြ်န္မ စိုးရိမ္ေနတဲ့အရာဆိုတာ မရွိပါဘူး။”
“ဒါဆိုရင္ လူေတြေျပာေနၾကတဲ့ က်ိန္စာ ဆိုတာကို Mia က မယုံဘူးလို႔ ေျပာတာေပါ့ေနာ္။ TI ကို ၂ ခါ မရႏိုင္ဘူးဆိုတဲ့ က်ိန္စာအေပၚမွာေရာ ဘယ္လိုထင္ျမင္ယူဆပါသလဲ။ တကယ္တမ္း ရတဲ့သူကလည္း မရွိေသးလို႔ ဒီက်ိန္စာအေပၚမွာ ကစားသမားေတြရဲ႕ စိုးရိမ္မႈေတြေရာ ရွိပါသလား”
“မရွိပါဘူး။ ဒါဟာ သူတို႔အတြက္ ျပႆနာတစ္ခု မဟုတ္သလို စိုးရိမ္စရာတစ္ခုလည္း မဟုတ္ပါဘူး။ တစ္ခ်ိဳ႔လူေတြဟာ ကိုယ့္ရဲ႕လုပ္ေဆာင္ႏိုင္စြမ္းေတြကို တျခားသူေတြ ေျပာတဲ့စကားေတြအေပၚမွာ နားေထာင္ျပီး ထင္ျမင္ယူဆေနၾကပါတယ္။ OG ကေတာ့ ဒီလို နားေထာင္ေနမွာ မဟုတ္ပါဘူး။ သူတို႔လုပ္ခ်င္တဲ့အရာကို သူတို႔ ရေအာင္လုပ္မွာျဖစ္ျပီး လြတ္လပ္တဲ့ smart က်တဲ့သူေတြပါ။ Esports အသုိင္းအဝိုင္းက မျဖစ္ႏိုင္ဘူးေျပာလည္း သူတို႔ကို စိုးရိမ္မႈျဖစ္ေစမွာ မဟုတ္ပါဘူး”

OG အသင္းရဲ႕ psychologist ျဖစ္သူ Mia Stellberg နဲ႔ အင္တာဗ်ဴးကေတာ့ ဒီေလာက္ပါပဲ။ ဒီအင္တာဗ်ဴးကေန တစ္ဆင့္ ပရိသတ္မ်ား OG အသင္းရဲ႕ စိတ္ဓာတ္စြမ္းအားနဲ႔ ဘာေၾကာင့္ ဒီေလာက္ေအာင္ျမင္လာလဲဆိုတာ ခန္႔မွန္းမိၾကမွာပါ။ ဘယ္သူဘာေျပာေျပာ လက္မေလွ်ာ့တဲ့ OG ကေတာ့ TI8 နဲ႔ TI9 ၂ ႏွစ္ဆက္ ခ်န္ပီယံအျဖစ္ ကမၻာ့ esports ပရိသတ္မ်ားအလယ္မွာ ဝင့္ၾကြားႏိုင္ၾကျပီပဲ ျဖစ္ပါေတာ့တယ္။
ေအာက္က Video ကေတာ့ Astralis ရဲ႕ ေအာင္ျမင္မႈ အစလို႔ေျပာႏိုင္မယ့္ 2017 ELEAGUE Major ခ်န္ပီယံဆုကို ကူညီ ပံုေဖာ္ေပးခဲ့တဲ့ Mia Stellberg အေၾကာင္း Video File ေလးပါ။
Credit: VPesports
[Unicode]
၂ နှစ်ဆက် TI ချန်ပီယံ OG ရဲ့ နောက်ကွယ်ကအကြောင်းအရာတစ်ခု (သို့မဟုတ်) အားကစား စိတ်ပညာရှင် Mia Stellberg
The International (TI) ချန်ပီယံ ဒိုင်းဆုကြီးကို ၂ နှစ်ဆက်တိုက် ၂ ခါရပြီး TI ရဲ့ curse ကို ချိုးဖျက်နိုင်တဲ့ တစ်ခုတည်းသော အသင်းကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ သြဂုတ်လ ၂၅ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ TI9 ကို အနိုင်ရရှိခဲ့တဲ့ OG အသင်းဟာ TI8 ချန်ပီယံဟောင်းအသင်းလည်း ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများအားလုံးထဲမှာ အစောပိုင်းထဲက ထူးခြားနေခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။
OG ရဲ့ ကြီးမားတဲ့အောင်မြင်မှုများနောက်ကွယ်မှာ အရေးပါ အခရာကျတဲ့သူတစ်ယောက်တော့ ရှိနေပါတယ်။ Dota 2 ဂိမ်းပွဲများကိုသာ စိတ်ဝင်စားလေ့ရှိပြီး ကစားသမားများကိုသာ အာရုံစိုက်ကြတဲ့ ပရိသတ်မျာကတော့ ဒီလိုနောက်ကွယ်မှာပဲ ရှိတဲ့သူများကို သတိထားမိကြမှာ မဟုတ်ပါဘူး။ သူကတော့ OG ရဲ့ psychologist ဖြစ်သူ Mia Stellberg ပဲဖြစ်ပါတယ်။
Mia Stellberg ဟာ သမားရိုးကျ အားကစားနယ်ပယ်မှာရော esports အားကစားနယ်ပယ်မှာပါ အလုပ်လုပ်လေ့ရှိသူတစ်ဦးပါ။ Esports ပိုင်းမှာ ပိုမိုအာရုံစိုက်လေ့ရှိတဲ့ သူမဟာ CS: GO အသင်းများဖြစ်တဲ့ Astralis နဲ့ ENCE တို့ရဲ့ အောင်မြင်မှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး League of Legends အသင်းဖြစ်တဲ့ SK Gaming အတွက်လည်း အလုပ်လုပ်နေခဲ့ပါတယ်။ OG ကစားသမားနှစ်ယောက်ဖြစ်တဲ့ JerAx နဲ့ Topson တို့ဟာ အသင်းအတွက် psychologist တစ်ယောက်လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး သူမကို ခေါ်ယူခဲ့ချိန်မှာတော့ OG ကို ရောက်ရှိလာခဲ့ပါတယ်။
OG ဟာ TI9 ရဲ့ group stage ပွဲစဉ်များ တစ်လျှောက်မှာတည်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးများ ထိုးစစ်ဆင်နေခဲ့သလို စိတ်ခွန်အားလည်း အခြားသင်းတွေထက် မြင့်မားနေခဲ့ပါတယ်။ ဒီအကြောင်းကို TI9 group stage ပွဲစဉ်များအပြီး main event ကို မရောက်မီ Vpesports က ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ Mia Stellberg က အခုလို ဖြေကြားခဲ့ပါတယ်။
“မင်္ဂလာပါ Mia, အင်တာဗျူးခွင့်ရလို့ ကျေးဇူးပါခင်ဗျာ”
“ဟုတ်ကဲ့ မင်္ဂလာပါ”
“OG အသင်းအတွက် အလုပ်လုပ်နေတယ်လို့ မကြာသေးမီက ကျွန်တော်တို့ သိခဲ့ရပါတယ်။ OG ကို ဘယ်အချိန်က ဝင်ရောက်လာခဲ့ပြီး ဘယ်လိုအကြောင်းကြောင့် ဝင်ရောက်လာခဲ့လည်း ဆိုတာလေး ပြောပြပေးပါဦး”
“ကျွန်မက Finland နိုင်ငံမှာ နေထိုင်တာဖြစ်လို့ နိုင်ငံချင်းတူနေတဲ့ Topson နဲ့ JerAx တို့ကို သိပါတယ်။ သူတို့ကလည်း ကျွန်မကို သိလာပြီး နောက်ပိုင်းကျတော့ ကျွန်မကို ခေါ်ယူဖို့ ပြောလာခဲ့ပါတယ်။ ကိစ္စတွေတစ်ခုပြီး တစ်ခုကျော်ဖြတ်ပြီးနောက်ပိုင်းတော့ ကျွန်မလည်း သူတို့နဲ့အတူ အခုချိန်မှာ ရှန်ဟိုင်းကို ရောက်နေတာပါ”
“သူတို့ကတော့ Mia အကြောင်း ဒီကိုရောက်လာတဲ့အထိ တခြားသူတွေကို ထုတ်ဖော်ပြောကြားတာမျိုး မရှိခဲ့ဘူးဗျ။ ဒါကြောင့် OG မှာ တကယ်တမ်း အလုပ်စလုပ်ခဲ့တဲ့ အချိန်လေး ပြောပြပေးပါဦး”
“သူတို့နဲ့ အလုပ်လုပ်နေတာကတော့ အခုဆို ၂ လလောက်တော့ ရှိပါပြီ။ သူတို့ TI9 အတွက် bootcamp လုပ်ပြီး စ လေ့ကျင့်ထဲကပဲ ဆိုပါတော့”
“Mia နဲ့ အလုပ်လုပ်ခဲ့တဲ့ esports အသင်းအတော်များများ အောင်မြင်နေကြတာကို တွေ့ရပါတယ်။ OG အသင်းဆိုတာကလည်း ဟိုးအရင်နှစ်တွေက Major လေးခုမှာ ဆက်တိုက်နိုင်ခဲ့သလို တခြားအသင်းတွေနဲ့ မတူပဲ ထူးခြားတဲ့ အခြေအနေနဲ့ TI8 ကို အနိုင်ရလာခဲ့ပါတယ်။ ဒီလိုထူးခြားတဲ့အသင်းသားကစားသမားတွေနဲ့ ဘယ်လိုမျိုး အလုပ်တွေအတူလုပ်ဖြစ်လဲ၊ သူတို့ ဘာလို့ psychologist တစ်ယောက် လိုအပ်လာခဲ့လဲဆိုတာကရော”
“ဘယ်ကစားသမားမဆို တစ်ယောက်ချင်းစီမှာ သူတို့ကိုယ်ပိုင် အားနည်းချက်နဲ့ အားသာချက်တွေကတော့ အမြဲရှိတာပါပဲ။ ပြီးတော့ အသင်းတွေလည်း အမြဲတမ်း ပြောင်းလဲပြီး တိုးတက်လာနေပါတယ်။ Esports psychologist တစ်ယောက်အနေနဲ့ အရေးအကြီးဆုံးအလုပ်ကတော့ သူတို့ရဲ့ အောင်မြင်မှုကို ပိုမိုထိန်းထားနိုင်ပြီး အောင်မြင်မှုရမယ်လို့ ယုံကြည်အောင် သူတို့ကို ပြုလုပ်ပေးဖို့ပါ။ အောင်မြင်တဲ့နေ့ရက်တွေ ဖြစ်လာဖို့က အဓိကပါပဲ”
“Dota 2 မှာ လူအများလက်ခံထားကြတာက ဘယ်လောက်ပဲ ပြိုင်ဘက်ကို နားလည်ပြီး သာလွန်နိုင်ပါစေ၊ TI လို ပြိုင်ပွဲကြီးမှာ ရှုံးနိမ့်သွားနိုင်ခြေတွေ ရှိနေသေးတဲ့အကြောင်းပါ။ ဒီအကြောင်းကြောင့်လည်း ကစားသမားတွေကတွေ ပြိုင်ပွဲတွေမှာ စိတ်လှုပ်ရှားမှုတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ စိတ်မတည်မငြိမ်ဖြစ်မှုတွေ ကြုံကြရပါတယ်။ OG ကစားသမားတွေအတွက် ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းပေးပါသလဲ”
“ဟုတ်ပါတယ်။ TI လို ပြိုင်ပွဲကြီးကို ဝင်ရတဲ့ ဘယ်ကစားသမားမဆို အနည်းနဲ့အများ စိတ်လှုပ်ရှားကြမှာပါပဲ။ သူတို့အတွက် ဒီပြိုင်ပွဲဟာ ဂုဏ်သိက္ခာအရ အရမ်းအရေးကြီးတာမို့ ဖိအားတွေက များလှပါတယ်။ ဒါကြောင့် ကစားသမားတိုင်းဟာ ပြိုင်ပွဲမဝင်မီကြိုတင်ပြင်ဆင်ကြရမှာဖြစ်မှာပါ။ ကျွန်မရဲ့ အယူအဆမှာတော့ တကယ့်ကစားသမားကောင်းတစ်ယောက်ဟာ ဖိအားကို ဖိအားလို မခံယူပဲ တွန်းအားတစ်ခုအနေနဲ့ အသုံးချရမှာပါ။ ဒီတွန်းအားကပဲ သူ့ကို ဒီ့ထက်ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်လာစေပြီး ဒီလိုဖြစ်လာဖို့ကလည်း နှစ်နဲ့ချီပြီး လေ့ကျင့်လာသင့်ပါတယ်”
“ဒါကို ကြားရတာ တကယ့်ကို စိတ်ဝင်စားစရာပါ။ မနှစ်က OG အသင်းဟာ လက်တုန့်ပြန်လိုမှုတွေ၊ ဒေါသတကြီး ဖြစ်မှုတွေ၊ အောင်မြင်မှုနဲ့ သက်သေပြချင်ခဲ့တာတွေနဲ့ ဖိအားအတော်များနေခဲ့ပါတယ်။ ဒီနှစ်မှာ TI ၂နှစ်ဆက်ရပြီး စံချိန်တင်ဖို့ ဖိအားပိုတောင်များနေမယ်လို့ ထင်ပါတယ်။ ဒီ့အတွက် ထင်မြင်ယူဆချက်လေး ပြောပြပေးပါဦး”
“ပြိုင်ပွဲတွေနဲ့ ဒီကိစ္စတွေ ဘာမှမရှိခဲ့စဉ်တည်းက သူတို့ဟာ Dota 2 ကို ကစားရတာ အရမ်းနှစ်သက်တဲ့သူတွေပါ။ သူတို့ TI ၂ခု ဆက်တိုက်ရလိုတဲ့အပေါ်မှာတော့ ကျွန်မ ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် သူတို့ဟာ ဒီဂိမ်းကို တကယ်ကိုနှစ်သက်မြတ်နိုးကြပြီး မိမိလုပ်တဲ့အလုပ်မှာ အောင်မြင်မှုတွေရရှိဖို့ဆိုတာ ဒီလိုနှစ်သက်မြတ်နိုးမှု အများကြီးရှိဖို့လိုအပ်တယ်ဆိုတာတော့ ပြောနိုင်ပါတယ်”
“TI မှာ group stage တွေမှာ ကောင်းကောင်းကစားနိုင်ခဲ့တဲ့အသင်းတွေက main event ရောက်ရင် ရှုံးနိမ့်မှုတွေ ကြုံကြရတယ်ဆိုတဲ့ အပေါ်မှာရော ဘယ်လိုထင်မြင်ပါသလဲ။ Psychologist တစ်ယောက်အနေနဲ့ OG အသင်းဟာ main event ရောက်ရင် အောင်မြင်မယ်လို့ရော ယုံကြည်မှုရှိပါသလား”
“ရှိပါတယ်။ ကျွန်မတို့ OG အသင်းဟာ group stage တစ်လျှောက်လုံး ၂ ပွဲပဲ ရှုံးခဲ့ပါတယ်။ ဒါဟာ အတော်ကောင်းတဲ့အခြေအနေလို့ ပြောရမှာဖြစ်ပြီး ရှုံးပွဲမရှိဖြစ်ဖို့ကိုတော့ မမျှော်မှန်းထားပါဘူး။ Esports နယ်ပယ်မှာ လူတွေပြောနေကြတဲ့ ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ် ဘာတွေဖြစ်လာမယ် ဘယ်လိုဖြစ်လာမယ် စတဲ့ ကောလဟာလတွေကို ကျွန်မ မယုံပါဘူး။ ကျွန်မက သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လို့ သိပ္ပံနည်းကျပဲ စဉ်းစားပြီ ယုတ္တိမရှိတာတွေကို ပယ်ချပါတယ်။ ပြိုင်ပွဲတစ်ခုမှာ ‘ဒါက ဖြစ်ရိုးဖြစ်စဉ်ဟုတ်ရဲ့လား’ ‘နိုင်ပါ့မလား ရှုံးမယ့်ပွဲလား’ အဲဒီလိုမျိုးတွေ မစဉ်းစားပဲ တစ်ရက်ချင်းစီကို အကောင်းဆုံး ယှဉ်ပြိုင်သွားဖို့ပဲ အရေးကြီးပါတယ်။ Group stage မှာ အောင်မြင်နေတယ်ဆိုတာ တကယ်တမ်းတော့ ထပ်လာမယ့် main event မှာလည်း အောင်မြင်ဖို့ဆိုတာပဲ လက်ခံပါတယ်။
တစ်ချို့အသင်းတွေက အရမ်း ယုံကြည်မှုများပြီး ပြိုင်ဘက်ကို ဂရုမစိုက်လို့ ရှုံးတတ်တာတွေ ရှိပါတယ်။ ဒါပေမယ့် OG ကစားသမားအားလုံးဟာ ဒီလိုမဖြစ်ဘူးလို့ ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်မ စိုးရိမ်နေတဲ့အရာဆိုတာ မရှိပါဘူး။”
“ဒါဆိုရင် လူတွေပြောနေကြတဲ့ ကျိန်စာ ဆိုတာကို Mia က မယုံဘူးလို့ ပြောတာပေါ့နော်။ TI ကို ၂ ခါ မရနိုင်ဘူးဆိုတဲ့ ကျိန်စာအပေါ်မှာရော ဘယ်လိုထင်မြင်ယူဆပါသလဲ။ တကယ်တမ်း ရတဲ့သူကလည်း မရှိသေးလို့ ဒီကျိန်စာအပေါ်မှာ ကစားသမားတွေရဲ့ စိုးရိမ်မှုတွေရော ရှိပါသလား”
“မရှိပါဘူး။ ဒါဟာ သူတို့အတွက် ပြဿနာတစ်ခု မဟုတ်သလို စိုးရိမ်စရာတစ်ခုလည်း မဟုတ်ပါဘူး။ တစ်ချို့လူတွေဟာ ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို တခြားသူတွေ ပြောတဲ့စကားတွေအပေါ်မှာ နားထောင်ပြီး ထင်မြင်ယူဆနေကြပါတယ်။ OG ကတော့ ဒီလို နားထောင်နေမှာ မဟုတ်ပါဘူး။ သူတို့လုပ်ချင်တဲ့အရာကို သူတို့ ရအောင်လုပ်မှာဖြစ်ပြီး လွတ်လပ်တဲ့ smart ကျတဲ့သူတွေပါ။ Esports အသိုင်းအဝိုင်းက မဖြစ်နိုင်ဘူးပြောလည်း သူတို့ကို စိုးရိမ်မှုဖြစ်စေမှာ မဟုတ်ပါဘူး”

OG အသင်းရဲ့ psychologist ဖြစ်သူ Mia Stellberg နဲ့ အင်တာဗျူးကတော့ ဒီလောက်ပါပဲ။ ဒီအင်တာဗျူးကနေ တစ်ဆင့် ပရိသတ်များ OG အသင်းရဲ့ စိတ်ဓာတ်စွမ်းအားနဲ့ ဘာကြောင့် ဒီလောက်အောင်မြင်လာလဲဆိုတာ ခန့်မှန်းမိကြမှာပါ။ ဘယ်သူဘာပြောပြော လက်မလျှော့တဲ့ OG ကတော့ TI8 နဲ့ TI9 ၂ နှစ်ဆက် ချန်ပီယံအဖြစ် ကမ္ဘာ့ esports ပရိသတ်များအလယ်မှာ ဝင့်ကြွားနိုင်ကြပြီပဲ ဖြစ်ပါတော့တယ်။
အောက်က Video ကတော့ Astralis ရဲ့ အောင်မြင်မှု အစလို့ပြောနိုင်မယ့် 2017 ELEAGUE Major ချန်ပီယံဆုကို ကူညီ ပုံဖော်ပေးခဲ့တဲ့ Mia Stellberg အကြောင်း Video File လေးပါ။
Credit: VPesports