world

T1 အသင်းကနေ ပြောင်းရွှေ့နိုင်ခြေရှိနေတဲ့ Faker

“T1 အသင်းကနေ ပြောင်းရွှေ့နိုင်ခြေရှိနေတဲ့ Faker”   ကမ္ဘာ့အကောင်းဆုံး League of Legends ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံရထားသူ အသက် ၂၆ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသား Lee “Faker “ Sang-hyeok ဟာ လက်ရှိ T1 အသင်းကနေ ရွှေ့ပြောင်းသွားနိုင်ခြေရှိနေကြောင်း နိုင်ငံတကာ Esports သတင်းမီဒီယာများမှာ မကြာသေးမီက ဖော်ပြလာကြပါတယ်။ Faker ဟာ T1 အသင်းမှာ ကစားလာခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ယခုရက်သတ္တပတ်အတွင်းမှာတော့ T1 အသင်းနဲ့ တရားဝင်စာချုပ်သက်တမ်းကုန်လွန်သွားခဲ့ပြီဖြစ်လို့ တောင်ကိုရီးယား LCK ကနေ မြောက်အမေရိက LCS ကို ရွှေ့ပြောင်းသွားနိုင်ကြောင်းသတင်းများ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ Blix.gg ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ Faker ကို ကမ်းလှမ်းခဲ့တဲ့ …

T1 အသင်းကနေ ပြောင်းရွှေ့နိုင်ခြေရှိနေတဲ့ Faker Read More »

မိန်းမမုန်းတီးရေးသမားတစ်ဦးနဲ့ ပတ်သက်မိတာကြောင့် ရာထူးကနေ အနားယူသွားခဲ့ရတဲ့ G2 Esports ရဲ့ CEO

“မိန်းမမုန်းတီးရေးသမားတစ်ဦးနဲ့ ပတ်သက်မိတာကြောင့် ရာထူးကနေ အနားယူသွားခဲ့ရတဲ့ G2 Esports ရဲ့ CEO”   G2 Esports ရဲ့ တည်ထောင်သူတစ်ဦးဖြစ်သလို CEO အဖြစ်လည်း တာဝန်ယူထားတဲ့ Carlos “ocelote” Rodriguez ဟာ မကြာသေးမီကတော့ အဖွဲ့အစည်းရဲ့ CEO ရာထူးကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ G2 Esports ရဲ့ CEO အဖြစ် အဖွဲ့အစည်းစတင်တည်ထောင်တဲ့ ၂၀၁၅ ခုနှစ်တည်းက တာဝန်ယူလာခဲ့သူ Rodriguez ဟာ ယခုလအတွင်းမှာတော့ ပြဿနာအချို့ကို ရင်ဆိုင်ခဲ့ရပြီး ယခုလို အနားမယူခင် ရက်အနည်းငယ်အလိုတည်းက အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်အရ ရာထူးကနေ ရက်သတ္တပတ် ၈ ပတ်ကြာ အနားပေးခြင်းကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။ Rodriguez ရဲ့ ဒီအနားယူမှုဟာ ယခုလအတွင်း တွစ်တာပေါ်မှာ …

မိန်းမမုန်းတီးရေးသမားတစ်ဦးနဲ့ ပတ်သက်မိတာကြောင့် ရာထူးကနေ အနားယူသွားခဲ့ရတဲ့ G2 Esports ရဲ့ CEO Read More »

မကြာမီကျင်းပတော့မယ့် 2020 League of Legends World Championship အကြောင်း သိကောင်းစရာများ

မကြာမီကျင်းပတော့မယ့် 2020 League of Legends World Championship အကြောင်း သိကောင်းစရာများ   နှစ်စဉ်ကျင်းပနေကျ Esports ပြိုင်ပွဲကြီးတစ်ခုဖြ­စ်တဲ့ League of Legends World Championship ပြိုင်ပွဲကြီးကို ယခုနှစ်မှာလည်း အစဉ်အလာမပြတ်ကျင်းပတော့မှာပါ။­ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ Worlds 2019 ပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲစဉ်များမှာတော့ တရုတ်အသင်းတစ်သင်းဖြစ်တဲ့ FunPlus Phoenix က နာမည်ကျော် G2 Esports အသင်းကို အနိုင်ရကာ ချန်ပီယံဆုဖလားကြီးကို­ သိမ်းပိုက်နိုင်ခဲ့ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ဒီပွဲများကြောင့်ပဲ Worlds 2019 ဟာ ကမ္ဘာ့ကြည့်ရှုသူအများဆုံး Esports ပြိုင်ပွဲကြီးအဖြစ် စံချိန်တင်သွားနိုင်ခဲ့­ပါတယ်။ Covid-19 ရဲ့ ရိုက်ခတ်မှုကြောင့် လူအများ အိမ်မှာပဲနေရတဲ့ ယခုလိုအချိန်မှာရောက်ရှိလာမယ့် Worlds …

မကြာမီကျင်းပတော့မယ့် 2020 League of Legends World Championship အကြောင်း သိကောင်းစရာများ Read More »

တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ မကြာမီကျင်းပတော့မယ့် 2020 LoL World Championship ပြိုင်ပွဲကြီးရဲ့ အချိန်စာရင်းနဲ့ အသင်းနာမည်များ ထွက်ပေါ်လာ

  [Unicode] တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ မကြာမီကျင်းပတော့မယ့် 2020 League of Legends World Championship ပြိုင်ပွဲကြီးရဲ့ အချိန်စာရင်းနဲ့ အသင်းနာမည်များ ထွက်ပေါ်လာ   နှစ်စဉ်ကျင်းပနေကျ ကမ္ဘာ့ထိပ်တန်း Esports ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ League of Legends World Championship ဟာ ယခု ၂၀၂၀ ခုနှစ်မှာလည်း အစဉ်အလာမပျက် ရောက်ရှိလာတော့မှာပါ။ Covid-19 ရဲ့ ရိုက်ခတ်မှုကြောင့် ယခုနှစ် Worlds 2020 ပြိုင်ပွဲကြီးကို ကျင်းပမယ့်ပုံစံဟာ အနည်းငယ် ပြောင်းလဲ သွားတာမျိုး ဖြစ်နိုင်သေးပေမယ့် ပြိုင်ပွဲအချိန်စာရင်းနဲ့ ယှဉ်ပြိုင်မယ့်အသင်းနာမည်များကတော့ ယခုအချိန်မှာ ထွက်ပေါ်လာခဲ့ပါပြီ။ လက်ရှိပြိုင်ပွဲဝင်အသင်းများစာရင်းမှာ ဒေသပေါင်းစုံက အသင်းပေါင်း မြောက်များစွာ ပါဝင်နေပေမယ့် အုပ်စုပွဲစဉ်အထိ တက်ရောက်နိုင်မယ့်အသင်းကတော့ နည်းပါးမှာပါ။ …

တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ မကြာမီကျင်းပတော့မယ့် 2020 LoL World Championship ပြိုင်ပွဲကြီးရဲ့ အချိန်စာရင်းနဲ့ အသင်းနာမည်များ ထွက်ပေါ်လာ Read More »

ဝူဟန် ဗိုင်းရပ်စ် တိုက်ဖျက်ရေးကို ကူညီခဲ့တဲ့ LoL ကမ္ဘာ့ ချန်ပီယံ

[Unicode] ဝူဟန် ဗိုင်းရပ်စ် တိုက်ဖျက်ရေးကို ကူညီခဲ့တဲ့ LoL ကမ္ဘာ့ ချန်ပီယံ   ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ League of Legends World Championship 2019 ကို အနိုင်ရဗိုလ်စွဲခဲ့ကြတဲ့ FunPlus Pheonix (FPX) အသင်းဟာ ဝူဟန်မြို့မှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ရေးနဲ့ ဗိုင်းရပ်စ်ကြောင့် ဒုက္ခရောက်နေရသူများကို ကူညီနိုင်ရေးတို့အတွက် ယွမ် ၂ သန်း (ကန်ဒေါ်လာ ၂ သိန်း ၉ သောင်း) ကို လှူဒါန်းခဲ့ကြပါတယ်။ FPX အသင်းရဲ့ ပြောကြားချက်တစ်ခုအတွင်းမှာတော့ ယင်းအလှူငွေများဟာ ကိုရိုနာ ဗိုင်းရပ်စ်ပြဿနာကို ဖြေရှင်းဖို့ ဆေးဝါးထုတ်လုပ်ရေး၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူနိုင်ရေး၊ ဝူဟန်မြို့အတွက် လိုအပ်နေတဲ့ အခြားသော ရိက္ခာများနဲ့ …

ဝူဟန် ဗိုင်းရပ်စ် တိုက်ဖျက်ရေးကို ကူညီခဲ့တဲ့ LoL ကမ္ဘာ့ ချန်ပီယံ Read More »