စျေးနှုန်းသက်သာပြီး Season Update သာပါရှိမယ့် PES 2021

[Unicode] စျေးနှုန်းသက်သာပြီး Season Update သာပါရှိမယ့် PES 2021   ဘောလုံးဂိမ်းချစ်သူပရိသတ်များ စောင့်မျှော်နေခဲ့ကြတဲ့ PES 2021 ဟာ ယခင်နှစ်များအတိုင်း သီးခြားဂိမ်းတစ်ခုအနေနဲ့ ထွက်ပေါ်လာမှာဖြစ်ပေမယ့် ချိုသာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ကြောင်း KONAMI က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် PES 2021 ဟာ season update ငယ်တစ်ခုအဖြစ်သာ ထွက်ပေါ်လာမှာဖြစ်လို့ ဈေးနှုန်းချိုသာစွာရောင်းချပေးရခြင်းဖြစ်ကြောင်းကိုလည်း KONAMI က ပြောသွားခဲ့ပါတယ်။ PES 2021 မှာ ဘယ်လိုပြောင်းလဲမှုတွေပါဝင်လာမယ်ဆိုတာကိုတော့ အတိအကျထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် season update လို့ ကြေညာထားပုံအရတော့ လက်ရှိ PES 2020 အတွင်းမှာ ပါဝင်တဲ့ အသင်းသားစာရင်းများနဲ့ အချက်အလက်များကိုသာ အနည်းငယ်ပြောင်းလဲပြီး ဂိမ်းသစ်တစ်ခုအနေနဲ့ ထွက်ပေါ်လာမှာဖြစ်ကြောင်း ယူဆရပါတယ်။ …

စျေးနှုန်းသက်သာပြီး Season Update သာပါရှိမယ့် PES 2021 Read More »