ti11

Tundra Esports အသင်းရဲ့ စိတ်ပညာရှင်ပြောပြခဲ့တဲ့ အောင်နိုင်ရေးနည်းလမ်း

“Tundra Esports အသင်းရဲ့ စိတ်ပညာရှင်ပြောပြခဲ့တဲ့ အောင်နိုင်ရေးနည်းလမ်း”   ပြီးခဲ့တဲ့လအတွင်း ကျင်းပပြီးစီးသွားခဲ့တဲ့ Dota 2 ရဲ့ TI11 ပြိုင်ပွဲကြီးကို အနိုင်ရရှိပြီး Aegis of Champions ဆုကြီးကို ကိုင်မြှောက်နိုင်ခဲ့တဲ့အသင်းကတော့ Tundra Esports ပါ။ Tundra Esports ဟာ TI11 ရဲ့ ဂရင်းဖိုင်နယ်မှာ Team Secret ကို ၃ – ၀ နဲ့ အပြတ်အသတ်အနိုင်ရခဲ့ရုံသာမက upper bracket တစ်လျှောက်မှာလည်း ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့လို့ ပရိသတ်များ ရင်သပ်ရှုမောဖြစ်ခဲ့ရပါတယ်။ မကြာသေးမီကတော့ Tundra Esports ရဲ့ စိတ်ပညာရှင်ဖြစ်သူ Daniel Abrahams က အသင်းအနေနဲ့ TI11 ကို …

Tundra Esports အသင်းရဲ့ စိတ်ပညာရှင်ပြောပြခဲ့တဲ့ အောင်နိုင်ရေးနည်းလမ်း Read More »

Dota2 ကစားသမားဘဝက အနားယူပြီးနောက် မွေးရပ်မြေမှာ စစ်မှုထမ်းဖို့ သွားရောက်တော့မယ့် Matumbaman

“Dota 2 ကစားသမားဘဝက အနားယူပြီးနောက် မွေးရပ်မြေမှာ စစ်မှုထမ်းဖို့ သွားရောက်တော့မယ့် Matumbaman”   TI7 ချန်ပီယံဟောင်းကစားသမားကြီးတစ်ဦးဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ဖင်လန်နိုင်ငံသား Lasse “Matumbaman” Urpalainen ဟာ မကြာသေးမီက ကျင်းပပြီးစီးသွားခဲ့တဲ့ TI11 အတွင်းမှာ Team Liquid နဲ့အတူ တတိယနေရာကို ဆွတ်ခူးသွားခဲ့ပြီးနောက် ယခင်က ကြိုတင်ကြေညာထားခဲ့တဲ့အတိုင်း Dota 2 လောက ကနေ အနားယူသွားခဲ့ပါပြီ။ Matumbaman အနေနဲ့ ဒီလိုအနားယူဖို့ ကြေညာထားခဲ့တဲ့ ကာလအတော် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အနားယူပြီးနောက်ပိုင်းမှာ ဘာဆက်လုပ်မယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားထားခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်ပရိသတ်အမြောက်အများဟာ Matumbaman ရဲ့ အနာဂတ်အစီအစဉ်အကြောင်းကို သိလိုလျက်ပြင်းပြလျက်ရှိကြပါတယ်။ မကြာသေးမီက ထုတ်ဝေခဲ့တဲ့ ဖင်လန်သတင်းစာ Ilta-Sanomat တစ်စောင်ရဲ့ …

Dota2 ကစားသမားဘဝက အနားယူပြီးနောက် မွေးရပ်မြေမှာ စစ်မှုထမ်းဖို့ သွားရောက်တော့မယ့် Matumbaman Read More »

TI11 ဂရင်းဖိုင်နယ်ကို ကစားရတာ Rank ပွဲလောက် ဖိအားမရှိဘူးလို့​ပြောခဲ့တဲ့ Tundra ကစားသမား Skiter

“TI11 ဂရင်းဖိုင်နယ်ကို ကစားရတာ rank ပွဲလောက် ဖိအားမရှိဘူးလို့​ပြောခဲ့တဲ့ Tundra ကစားသမား Skiter”   မကြာသေးမီက ကျင်းပပြီးစီးသွားခဲ့တဲ့ TI11 ပြိုင်ပွဲကြီးရဲ့ ဂရင်းဖိုင်နယ်မှာ ဥရောပအသင်းတစ်သင်းဖြစ်တဲ့ Tundra Esports ဟာ Team Secret ကို ၃ – ၀ နဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့တာကို Dota 2 ပရိသတ်များတွေ့မြင်ခဲ့ကြရမှာပါ။ Aegis of Champions ဆုကြီးကို ကိုင်မြှောက်ခဲ့ကြပြီး မိနစ်အနည်းငယ်အကြာမှာတော့ Tundra Esports အသင်းသားများဟာ သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံများနဲ့ ပတ်သက်လို့ ရှင်းလင်းဖြေကြားသွားခဲ့ပါတယ်။ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းအပေါ် ဘယ်လိုခံစားရလဲဆိုတဲ့မေးခွန်းအရောက်မှာတော့ Tundra Esports ရဲ့ carry ကစားသမားဖြစ်သူ Oliver “Skiter” Lepko က …

TI11 ဂရင်းဖိုင်နယ်ကို ကစားရတာ Rank ပွဲလောက် ဖိအားမရှိဘူးလို့​ပြောခဲ့တဲ့ Tundra ကစားသမား Skiter Read More »

အစဥ်အလာကြီးမားခဲ့တဲ့ WEU သုံးသင်းရဲ့ TI11 Final Day အားပြိုင်မှု

အစဥ်အလာကြီးမားခဲ့တဲ့ WEU သုံးသင်းရဲ့ TI11 Final Day အားပြိုင်မှု TI11 main event ရဲ့ နောက်ဆုံးနေ့ရက်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီနှစ် TI11 မှာတော့ မျှော်လင့်ထားတဲ့အသင်းတွေက လက်စွမ်းမပြနိုင်ခဲ့ဘဲ၊ မထင်ထားခဲ့တဲ့ အသင်းတွေက TI ရဲ့ အနှစ်သာရပြည့်ဝတဲ့ ပွဲစဥ်တွေကို ဆော့ကစားပေးနိုင်ခဲ့ပါတယ်။ ချန်ပီယံလို့ ထင်ကြေးပေးခံခဲ့ရတဲ့ PSG.LGD အသင်းဟာ မျှော်လင့်ထားသလောက် အခြေအနေမကောင်းခဲ့ပါဘူး။ WEU ရဲ့ သုံးသင်းကပဲ နောက်ဆုံး Top 3 အထိ ရောက်ရှိခဲ့ပါတယ်။ Tundra Esports ရဲ့ လက်စွမ်းကတော့ တခြားနှစ်သင်းထက်ပိုကောင်းနေပြီး ချန်ပီယံဖြစ်ဖို့ တော်တော်လေး နီးစပ်နေခဲ့ပါတယ်။ ကစားသမား နှစ်ထပ်ကွမ်း TI ချန်ပီယံကလည်း မျှော်လင့်လို့ရတာ သေချာနေခဲ့ပြီး MATUMBAMAN လား၊ …

အစဥ်အလာကြီးမားခဲ့တဲ့ WEU သုံးသင်းရဲ့ TI11 Final Day အားပြိုင်မှု Read More »

WEU သုံးသင်းနဲ့ China တစ်သင်းတို့ရဲ့ Top 4 အားပြိုင်မှု (TI11 Final Day 1 )

WEU သုံးသင်းနဲ့ China တစ်သင်းတို့ရဲ့ Top 4 အားပြိုင်မှု (TI11 Final Day 1 ) Playoffs ပွဲစဥ်တွေမှာ တော်တော်လေး hype ခဲ့ပြီးမှ ၅ ရက်တာ အနားယူလိုက်တာဟာ ပြိုင်ပွဲရဲ့ tempo ကို လျော့ကျစေနိုင်လားဆိုတာတော့ Final Day 1 မှာ စောင့်ကြည့်ရမှာပါ။ အသင်းအားလုံးကလည်း အပိုင်နိုင်ဆုံး hero drafts တွေ၊ strategy တွေနဲ့ ဆော့ကစားဖို့ အဆင်သင့်ဖြစ်နေမှာပါ။ TI နှစ်ထပ်ကွမ်းချန်ပီယံ ထပ်ပေါ်လာဦးမလား၊ ပထမဆုံးယှဥ်ပြိုင်ခဲ့တဲ့ TI မှာတင် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ Tundra Esports ဟာ dark horse အသင်းတစ်သင်း ဖြစ်လာမလား၊ China region …

WEU သုံးသင်းနဲ့ China တစ်သင်းတို့ရဲ့ Top 4 အားပြိုင်မှု (TI11 Final Day 1 ) Read More »

TI11 မှာ ပရိသတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ Region တစ်ခု

TI11 မှာ ပရိသတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ Region တစ်ခု   Dota လောကမှာ ပရိသတ်တွေရဲ့ ဝေဖန်ခံရဆုံး region ကို ပြောပါဆိုရင်တော့ SA region ပဲဖြစ်ပါတယ်။ ဒါဟာ SA region ကို မုန်းလို့မဟုတ်ဘဲ ခက်ခဲကြမ်းတမ်းတဲ့ WEU DPC ပြိုင်ပွဲတွေအတွက် Valve ကို မမျှတဘူးလို့ ဝေဖန်ခဲ့ကြတာပါ။ ဒါပေမဲ့ Valve အနေနဲ့တော့ ထွေထွေထူးထူးပြောင်းလဲခဲ့တာမျိုးမရှိပေမယ့် ဒီနှစ်မှာတော့ last chance qualifier ဆိုပြီး regional qualifiers တွေမှာ 2nd, 3rd ရရှိခဲ့တဲ့ အသင်းတွေကို ပြန်လည်ယှဥ်ပြိုင်စေခဲ့ပြီး အကောင်းဆုံးနှစ်သင်းအတွက် အခွင့်အရေးပေးခဲ့ပါတယ်။ WEU က Team Secret နဲ့ Team …

TI11 မှာ ပရိသတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ Region တစ်ခု Read More »

ဘယ်အသင်းပဲနိုင်နိုင် သမိုင်းမှတ်တိုင်သစ်စိုက်ထူဖို့ သေချာနေတဲ့ TI11

“ဘယ်အသင်းပဲနိုင်နိုင် သမိုင်းမှတ်တိုင်သစ်စိုက်ထူဖို့ သေချာနေတဲ့ TI11”   ယခုအချိန်ဟာ Dota 2 ရဲ့ အကြီးကျယ်ခမ်းနားဆုံးပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ TI11 ကို ကျင်းပနေဆဲကာလဖြစ်ပြီး ပရိသတ်များဟာ နောက်ဆုံးကျန်ရစ်ခဲ့တဲ့ အသင်း ၄ သင်းတို့ရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်မှုများကို တွေ့မြင်ရဖို့ မျှော်လင့်စောင့်စားနေကြပါပြီ။ ဒီအသင်း ၄ သင်းကတော့ Team Secret, Team Liquid, Tundra Esports နဲ့ Team Aster တို့ပဲဖြစ်ပြီး အားလုံးဟာ ဘယ်အသင်းက ပိုသာတယ်ဆိုတာ ခန့်မှန်းလို့မရနိုင်လောက်အောင် လက်စွမ်းပြကစားနေခဲ့ကြတာဖြစ်ပါတယ်။ ယခုနှစ် TI11 ဟာ မည်သည့်အသင်းက အနိုင်ရသည်ဖြစ်စေ ထူးခြားတဲ့ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူသွားစေမှာလည်း ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ပရိသတ်များရဲ့ အထူးတလည်စောင့်ကြည့်ခြင်းကို ခံထားရတဲ့ Team Secret သာ …

ဘယ်အသင်းပဲနိုင်နိုင် သမိုင်းမှတ်တိုင်သစ်စိုက်ထူဖို့ သေချာနေတဲ့ TI11 Read More »

TI11 ရဲ့ TOP 4 အတွက် ပြိုင်ဆိုင်မှု တော်တော်လေးပြင်းထန်မယ့် Playoff Day (4)

TI11 ရဲ့ TOP 4 အတွက် ပြိုင်ဆိုင်မှု တော်တော်လေးပြင်းထန်မယ့် Playoff Day (4) TI11 Main Event ရဲ့ Playoff day 3 မှာတော့ WEU region က Team Secret နဲ့ Tundra Esports တို့ဟာ Top 3 အတွက် secure ဖြစ်ခဲ့ပါတယ်။ မနက်ဖြန်ကစားမယ့် လေးပွဲစလုံးဟာ တော်တော်လေး ကြည့်လို့ကောင်းမှာ အသေချာပါပဲ။ SA region က နှစ်သင်းစလုံးဟာ နိုင်ပွဲတွေအသီးသီးယူပြီး drak horse အသင်းတွေ ဖြစ်သွားမလားဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ PSG.LGD အသင်းအနိုင်ရခဲ့မယ်ဆိုရင်တော့ China Dota ရဲ့ အနှစ်သာရကို တစ်ဝကြီး ခံစားကြည့်ရှုရမှာပါ။ …

TI11 ရဲ့ TOP 4 အတွက် ပြိုင်ဆိုင်မှု တော်တော်လေးပြင်းထန်မယ့် Playoff Day (4) Read More »

Playoff Day (1) မှာတင် ပြိုင်ဆိုင်မှုပြင်းထန်ကြမယ့် TI11

Playoff Day 1 မှာတင် ပြိုင်ဆိုင်မှုပြင်းထန်ကြမယ့် TI11   TI11 ရဲ့ group stage ပွဲစဥ်တွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ တချို့အသင်းတွေအနေနဲ့ မမျှော်မှန်းထားပေမယ့် တော်တော်လေးကောင်းမွန်လာခဲ့ပြီး တချို့အသင်းတွေရဲ့ လက်စွမ်းတွေကတော့ သိပ်အားမရခဲ့ပါဘူး။ Fata ပါဝင်တဲ့ Soniqs အသင်း၊ TSM ၊ Talon Esports ၊ Bet Boom လေးသင်းကတော့ ပြိုင်ပွဲကနေ အစောဆုံးထွက်ခွာသွားခဲ့ရပါတယ်။ မနက်ဖြန်ယှဥ်ပြိုင်မယ့် upper bracket ပွဲစဥ်နှစ်ပွဲဟာ ပြိုင်ဆိုင်မှုပြင်းထန်ကြမှာဖြစ်သလို lower bracket ပွဲစဥ်တွေဟာလည်း အမှားမခံတဲ့ Bo1 ပွဲစဥ်တွေဖြစ်လို့ တော်တော်လေးကြည့်လို့ကောင်းမှာပါ။ Upper Bracket Round 1 (Bo3) Evil Geniuses Vs Thunder Awaken …

Playoff Day (1) မှာတင် ပြိုင်ဆိုင်မှုပြင်းထန်ကြမယ့် TI11 Read More »

TI11 ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့အသင်းများ

TI11 ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့အသင်းများ   The International (TI) ပြိုင်ပွဲတစ်လျှောက်မှာတော့ ဒီနှစ် TI11 ဟာ အသင်းအများဆုံးနဲ့ ဝေဖန်မှုအများဆုံး ပြိုင်ပွဲတစ်ခုပါ။ ပြိုင်ဆိုင်မှုအနေနဲ့ကတော့ group stage မှာတင် တော်တော်လေးပြင်းထန်ကြမှာပါ။ Group တစ်ခုစီမှာ ၁ဝ သင်းစီပါဝင်တာဖြစ်လို့ ပရိသတ်တွေအတွက်တော့ ကြည့်လို့ကောင်းမှာ အသေအချာပါပဲ။ Group Stage ပွဲစဥ်တွေဟာ Bo2 ယှဥ်ပြိုင်ကြမှာဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကစားကြမှာဖြစ်ပါတယ်။ ထိပ်ဆုံးလေးသင်းစီကပဲ Upper Bracket ကို ရောက်ရှိမှာပါ။ 5th-8th အဆင့်ရရှိတဲ့ အသင်းတွေကတော့ Lower Bracket ရောက်ရှိမှာဖြစ်ပြီး ကျန်ရှိတဲ့ အသင်းတွေကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာပါ။ 1. Entity ဒီနှစ် …

TI11 ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့အသင်းများ Read More »