thief

Fast & Furious ရုပ်ရှင်စတိုင်နဲ့ သွားနေတဲ့ ကုန်တင်ကားတွေပေါ်ကနေ PS5 ခိုးကြသူများ

Fast & Furious ရုပ်ရှင်စတိုင်နဲ့ သွားနေတဲ့ ကုန်တင်ကားတွေပေါ်ကနေ PS5 ခိုးကြသူများ     နာမည်ကျော်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Times ရဲ့ မကြာသေးမီက ဖော်ပြချက်တစ်ခုအရ ယခုလပိုင်းများအတွင်း နိုင်ငံတကာမှာ PS5 ဂိမ်းစက်များ၊ ရုပ်မြင်သံကြားစက်များ၊ မိုဘိုင်းလ်ဖုန်းများ စတာတွေကို သယ်ယူပို့ဆောင်တဲ့ ကုန်တင်ကားများပေါ်ကနေ ပစ္စည်းခိုးယူမှုများ မကြာခဏဖြစ်ပွားလျက်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် The Times က ဒီဖြစ်စဉ်များအတွင်း ခိုးယူသူများဟာ စတန့်ဆန်စွာ ပြစ်မှုကျူးလွန်ခဲ့ကြတာဖြစ်ကြောင်းကိုလည်း ဖော်ပြခဲ့ပါတယ်။ ​The Times က ဖော်ပြခဲ့တဲ့ ထိုဖြစ်စဥ်များအရ ခိုးယူသူများဟာ တစ်နာရီမိုင် ၅၀ နှုန်းနဲ့ အမြန်လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ကုန်တင်ကားကို အခြားကားတစ်စီးနဲ့ အနောက်က အမီလိုက်ပြီး ယင်းကားခေါင်မိုးပေါ်ကနေ ကုန်တင်ကားတံခါးကိုဖွင့်ဖို့ အရင်ဆုံးကြိုးပမ်းကြပါတယ်။ …

Fast & Furious ရုပ်ရှင်စတိုင်နဲ့ သွားနေတဲ့ ကုန်တင်ကားတွေပေါ်ကနေ PS5 ခိုးကြသူများ Read More »

သား​ဖြစ်သူကို မွေးနေ့လက်ဆောင်ပေးဖို့ မှာယူထားတဲ့ PS5 ကို ပစ္စည်းပို့သူက ပြန်လည်ခိုးယူသွားခဲ့တဲ့အဖြစ်

သား​ဖြစ်သူကို မွေးနေ့လက်ဆောင်ပေးဖို့ မှာယူထားတဲ့ PS5 ကို ပစ္စည်းပို့သူက ပြန်လည်ခိုးယူသွားခဲ့တဲ့အဖြစ်   အင်္ဂလန်နိုင်ငံ Launton ရွာမှာ နေထိုင်တဲ့ Jenni Walker လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ၁၆ နှစ်အရွယ် သားဖြစ်သူအတွက် PS5 တစ်လုံး မွေးနေ့လက်ဆောင်ပေးဖို့ စီစဉ်ခဲ့ရာမှာ မမျှော်လင့်ထားတဲ့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ Amazon ကနေ ငွေပေးချေပြီး မှာယူထားတဲ့ PS5 ဟာ လုံးဝမရောက်လာတော့ပဲ အတူမှာယူထားတဲ့ အခြားပစ္စည်းများသာ ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ Amazon ကုမ္ပဏီကို ဆက်သွယ်ပြီး ဒီအကြောင်းကို မေးမြန်းခဲ့ပါတယ်။ စုံစမ်းမှုများပြုလုပ်ရာမှာတော့ စီစီတီဗွီတစ်ခုက ရိုက်ကူးထားတဲ့ ဗီဒီယိုအတွင်း Amazon ရဲ့ အမည်မသိ ပစ္စည်းပို့ဆောင်သူတစ်ဦးဟာ PS5 …

သား​ဖြစ်သူကို မွေးနေ့လက်ဆောင်ပေးဖို့ မှာယူထားတဲ့ PS5 ကို ပစ္စည်းပို့သူက ပြန်လည်ခိုးယူသွားခဲ့တဲ့အဖြစ် Read More »