Best FIFA Soundtracks of All Time
[ZawGyi] FIFA ဂိမ်းအဆက်ဆက် အကောင်းဆုံး သီချင်းများ ဒီတစ်ခါတော့ ဂိမ်းအကြောင်းတွေပဲ ဖတ်ရတာ ပျင်းနေလောက်ပြီဆိုတော့ ဂိမ်းနဲ့ ဆိုင်တဲ့ သီချင်းတွေ အကြောင်း ပြောချင်ပါတယ်။ ဘောလုံးကို ရူးသွပ်တဲ့ Admin တို့လို ပရိသတ်အများစုဟာ ဘောလုံးဂိမ်းတွေ ဖြစ်တဲ့ FIFA တို့ PES တို့လို ဂိမ်း တွေကို ၄,၅ တန်း အရွယ်ကနေ ယခုအချိန်ထိ ထိ ပိုးစိုးပက်စက် ဆော့နေဆဲပါ။ ငယ်စဉ်က သူငယ်ချင်းတွေနဲ့ ဂိမ်းဆိုင်တွေမှာ တစ်နာရီ ဘယ်လောက်ဆိုပြီး ကန်နေတဲ့ ဘဝကနေ အခုအိမ်မှာ တစ်ယောက်တည်း Online ကနေ ကန်နေတဲ့ အထိ အမှတ်တရတွေများစွာ ရှိနေကြမှာပါ။ နောက်ဆုံး မိနစ်မှာ သွင်းနိုင်ခဲ့တဲ့/ သွင်းခံခဲ့ရတဲ့ အနိုင်ဂိုးတွေ၊ …