Dota2 အသင်းကို ဖျက်သိမ်းလိုက်တဲ့ Team Liquid
[ZawGyi] Dota2 အသင်းကို ဖျက်သိမ်းလိုက်တဲ့ Team Liquid Team Liquid ရဲ့ တရားဝင် Social Media တွေကနေ လွန်ခဲ့တဲ့ မိနစ်ပိုင်းအတွင်းအတွင်း အရေးကြီး ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ သူတို့ရဲ့ Dota2 လူစာရင်းတစ်ခုလုံးကို အသင်းကနေ ထွက်ခွာသွားတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဒါဟာ ပူပူနွေးနွေး TI9 ဒုတိယရထားတဲ့အသင်းရဲ့ ပရိသတ်တွေအတွက်သာမက တကမ္ဘာလုံးက Dota2 ပရိသတ်တွေအတွက်ပါ အံသြတုန်လှုပ်သွားစေခဲ့ပါတယ်။ Dota 2 ရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲဖြစ်တဲ့ The International (TI) ပြိုင်ပွဲရဲ့ နောက်ဆုံး (၃) ခုမှာထိပ်ဆုံး (၄) သင်းရဲ့ အပြင်ဖက်ကို မရောက်ဖူးသေးတဲ့ အပြင် ချန်ပီယံဆု တစ်ကြိမ်နဲ့ ဒုတိယတစ်ကြိမ်ပါ …