၂၀၂၀ Razer အရှေ့တောင်အာရှ ဖိတ်ခေါ် Esports ပြိုင်ပွဲကြီး (Razer-SEA Invitational 2020) လာမည်
[Unicode] ၂၀၂၀ Razer အရှေ့တောင်အာရှ ဖိတ်ခေါ် Esports ပြိုင်ပွဲကြီး (Razer-SEA Invitational 2020) လာမည် ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ၂၀၁၉ ဆီးဂိမ်း Esports ပြိုင်ပွဲများမှာ ဂိမ်းပစ္စည်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Razer ဟာ အရေးပါတဲ့အခန်းကဏ္ဍများမှာ အားဖြည့်ပါဝင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ Razer ဟာ အရှေ့တောင်အာရှနိုင်ငံများ ပါဝင်ယှဉ်ပြိုင်ကြရမယ့် ၂၀၂၀ Razer အရှေ့တောင်အာရှ ဖိတ်ခေါ် Esports ပြိုင်ပွဲကြီး (Razer-SEA Invitational 2020) ကို ကိုယ်တိုင်ကြီးမှူးကျင်းပတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အွန်လိုင်းပေါ်ကနေ ပြုလုပ်ကျင်းပမယ့် ဒီပြိုင်ပွဲကြီးရဲ့ ရည်ရွယ်ချက်ကတော့ အရှေ့တောင်အာရှဒေသရဲ့ Esports ဖယ်ဒရေးရှင်းများ၊ Esports ကစားသမားများ၊ Esports လောကသားများကို ထောက်ခံပံ့ပိုးမှုများ ပြုလုပ်ရန်အတွက်ဖြစ်သလို ဗီယက်နမ်မှာ ကျင်းပမယ့် …