Dota2 သမိုင်းကြောင်းတစ်လျှောက်မှာ အံ့မခန်း နိုင်ပွဲရရှိမှုများနဲ့ စံချိန်သစ် တင်နိုင်တော့မယ့် Team Secret
[Unicode] Dota2 သမိုင်းကြောင်းတစ်လျှောက်မှာ အံ့မခန်း နိုင်ပွဲရရှိမှုများနဲ့ စံချိန်သစ်တင်နိုင်တော့မယ့် Team Secret မကြာသေးမီက ကျင်းပခဲ့တဲ့ OGA Dota PIT 2020 Online: Europe/CIS ပြိုင်ပွဲရဲ့ ဂရင်းဖိုင်နယ်မှာ Team Secret က Team Liquid ကို ၃ ပွဲပြတ်အနိုင်ရရှိပြီး ဗိုလ်စွဲသွားခဲ့တဲ့အကြောင်းကို အားလုံးလည်း သတိထားမိကြမှာပါ။ Team Secret ဟာ ယင်းပြိုင်ပွဲအတွင်းမှာ ၁၅ ပွဲဆက်အနိုင်ရရှိထားခဲ့သလို နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ၃၆ ပွဲအတွင်းမှာလည်း ၃၅ ပွဲအထိ အနိုင်ရရှိထားခဲ့လို့ လက်ရှိကမ္ဘာ့ Dota 2 လောကရဲ့ ပြိုင်စံရှားအသင်းကြီးအဖြစ် ရပ်တည်လျက်ရှိပါတယ်။ Dota 2 statsman နဲ့ Analyst တစ်ဦးဖြစ်သူ Noxville …