lore

Troll တို့ရဲ့သေခြင်းနတ်ဘုရား Loa of death, Bwonsamdi (WoW Lore)

Troll တို့ရဲ့သေခြင်းနတ်ဘုရား Loa of death, Bwonsamdi   ကျွန်တော် ရှေ့အပတ်က ဖော်ပြခဲ့သလိုပဲ troll တို့ ကိုးကွယ်တဲ့ Loa နတ်တွေထဲမှာ Loa of death ဖြစ်တဲ့ Bwonsamdi က ကိုးကွယ်သူနောက်လိုက် အနည်းဆုံးဖြစ်တာကြောင့် အဆင့်အနိမ့်ဆုံးလို့ သတ်မှတ်လို့ ရပါတယ်။ တကယ်တော့ Loa တွေအတွက် ယုံကြည်ကိုးကွယ်ခံရဖို့က အရမ်းအရေးကြီးတယ်ဗျ၊ သူတို့ကို ဘယ်သူမှ ကိုးကွယ်တဲ့သူမရှိတော့ရင် တဖြည်းဖြည်း Loa အစွမ်းတွေပျောက်လာပြီး အမေ့ခံ Loa အဖြစ်နဲ့ ပျောက်ကွယ်သွားကြမှာပါ။ god of sky တွေ god of hunt တွေ အစရှိတဲ့ တခြား Loa တွေအတွက် ကိုးကွယ်သူ မရှားပေမဲ့ …

Troll တို့ရဲ့သေခြင်းနတ်ဘုရား Loa of death, Bwonsamdi (WoW Lore) Read More »

Troll Civilization ရဲ့ ယုံကြည်ကိုးကွယ်မှု Loa (သို့) Wild God များ – WoW Lore

Troll Civilization ရဲ့ ယုံကြည်ကိုးကွယ်မှု Loa (သို့) Wild God များ   World of warcraft သမိုင်းကြောင်းတစ်လျှောက် ပထမဦးဆုံး ထွန်းကားခဲ့တဲ့ civilization အကြောင်း ပြောရမယ်ဆိုရင် troll တွေရဲ့ Zandalari အင်ပါယာကြီး နဲ့ သူတို့ရဲ့ မြို့ပြယဥ်ကျေးမှုကို လက်ညှိးထိုးပြ ရမှာပါပဲ။ Troll တွေဟာ elf တွေနဲ့ လူသားတွေ မပေါ်ခင် နှစ်ပေါင်း ၁၆၀၀၀ လောက်ထဲက Azeroth ဂြိုလ်ပေါ်မှာ မွေးဖွားဖြစ်တည် လာခဲ့ကြတာပါ၊ Azeroth ရဲ့နေရာအနှံအပြားမှာ ရွာတွေတည်ဆောက်ခဲ့ကြပြီးတော့ Azeroth ရဲ့ ပထမဦးဆုံး ပဒေသရာဇ် အင်ပါယာကြီးဖြစ်တဲ့ Zandalari အင်ပါယာကြီးကိုလဲ ထူထောင်ခဲ့ကြပါတယ်။ ဒီနေရာမှာ Troll မြို့ပြယဥ်ကျေးမှု …

Troll Civilization ရဲ့ ယုံကြည်ကိုးကွယ်မှု Loa (သို့) Wild God များ – WoW Lore Read More »

Lina The Slayer ၏ Background Story (Lore)

[Unicode] Lina The Slayer ၏ Background Story   သမပိုင်းဇုန်တစ်ခုမှ အတူတကွ မွေးဖွားကြီးပြင်းလာတဲ့ Linaနဲ့ Rylaiတို့ နှစ်ယောက်ဟာ ငယ်စဉ်ကလေးဘဝကတည်းက တစ်ဦးနဲ့တစ်ဦးယှဉ်ပြိုင်ရင်း ကြီးပြင်းအရွယ်ရောက်လာတဲ့ ညီအစ်မ နှစ်ဦးပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုမှာရိုးသားဖြူစင်ပြီးအပြစ်ကင်းတဲ့ Rylai အပေါ်ကိုပါးနပ်စွာအကွက်ကျကျစီစဉ်ပြီးဗိုလ်ကျတတ်တဲ့ Lina က များသောအားဖြင့် အသာစီးရလေ့ရှိပါတယ်။ ဒီလိုအသွင်မတူတဲ့ ညီအစ်မ နှစ်ယောက်ကိုတစ်ယောက်တစ်နေရာဆီခွဲထားဖို့ အကြံညဏ်မရခင် အချိန်အတွင်းမှာပဲဒုက္ခပေါင်းစုံခံခဲ့ရတဲ့ ကလေးနှစ်ယောက်ရဲ့ မိဘနှစ်ပါးဟာသူတို့ ပိုင်တဲ့ တစ်ဒါဇင်ခန့်ရှိသောလယ်ယာ၊ အိမ်ယာ၊ အဆောက်အအုံများအားလုံးဟာလည်းတစ်ဝက်ခန့် မီးလောင်ပြာကျကာ၊ ကျန်ဒါဇင်ဝက်ဟာလည်းရေခဲများခဲကာပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။ အစ်မကြီးဖြစ်တဲ့ Linaကတော့ ဝေးလံလှတဲ့ တောင်ပိုင်းရှိ Misrule ကန ္တရ မှာနေတဲ့ စိတ်ရှည်သည်းခံတတ်သောအဒေါ်ဖြစ်သူထံသို့ ပို့ဆောင်ခြင်းခံလိုက်ရပြီးထာဝစဉ်မီးတောက်လောင်နေတဲ့ Linaအတွက် ဒီရာသီဥတုဟသက်တောင့်သက်သာရှိလှပါတယ်။ ပျင်းရိငြီးငွေ့ဖွယ်တိတ်ဆိပ်လှတဲ့ ဒီဒေသအတွက်ကိုLinaရောက်ရောက်လာခြင်းမှာမျက်နှာပန်းလှစေခဲ့တဲ့အချက်တွေကတော့ ဒေသခံတွေရဲ့ မျက်ခုံးမွေးတွေ …

Lina The Slayer ၏ Background Story (Lore) Read More »