konami

စျေးနှုန်းသက်သာပြီး Season Update သာပါရှိမယ့် PES 2021

[Unicode] စျေးနှုန်းသက်သာပြီး Season Update သာပါရှိမယ့် PES 2021   ဘောလုံးဂိမ်းချစ်သူပရိသတ်များ စောင့်မျှော်နေခဲ့ကြတဲ့ PES 2021 ဟာ ယခင်နှစ်များအတိုင်း သီးခြားဂိမ်းတစ်ခုအနေနဲ့ ထွက်ပေါ်လာမှာဖြစ်ပေမယ့် ချိုသာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ကြောင်း KONAMI က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် PES 2021 ဟာ season update ငယ်တစ်ခုအဖြစ်သာ ထွက်ပေါ်လာမှာဖြစ်လို့ ဈေးနှုန်းချိုသာစွာရောင်းချပေးရခြင်းဖြစ်ကြောင်းကိုလည်း KONAMI က ပြောသွားခဲ့ပါတယ်။ PES 2021 မှာ ဘယ်လိုပြောင်းလဲမှုတွေပါဝင်လာမယ်ဆိုတာကိုတော့ အတိအကျထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် season update လို့ ကြေညာထားပုံအရတော့ လက်ရှိ PES 2020 အတွင်းမှာ ပါဝင်တဲ့ အသင်းသားစာရင်းများနဲ့ အချက်အလက်များကိုသာ အနည်းငယ်ပြောင်းလဲပြီး ဂိမ်းသစ်တစ်ခုအနေနဲ့ ထွက်ပေါ်လာမှာဖြစ်ကြောင်း ယူဆရပါတယ်။ …

စျေးနှုန်းသက်သာပြီး Season Update သာပါရှိမယ့် PES 2021 Read More »

KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးဖောက်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့ အဖမ်းခံခဲ့ရတဲ့ ဂျပန်ကျောင်းသား

[Unicode] KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးဖောက်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့ အဖမ်းခံခဲ့ရတဲ့ ဂျပန်အထက်တန်းကျောင်းသား   အမည် မဖော်ပြထားတဲ့ ဂျပန်အထက်တန်းကျောင်းသားတစ်ဦးဟာ KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးထောင် ဖောက်ခွဲမှာဖြစ်ကြောင်း ခြိမ်းခြောက်ရေးသားမှုများ ပြုလုပ်ခဲ့လို့ မကြာသေးမီက အဖမ်းခံခဲ့ရပါတယ်။ ဒီကိစ္စဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါအထက်တန်းကျောင်းသားဟာ အသက် ၁၆ နှစ်အရွယ်သာရှိပါသေးတယ်။ ဂျပန်သတင်းမီဒီယာများဖြစ်ကြတဲ့ Yomiuri နဲ့ Mainichi တို့မှာ ဒီအကြောင်းကိုဖော်ပြခဲ့ကြပါတယ်။ ယင်းသတင်းများအရတော့ အဖမ်းခံခဲ့ရတဲ့အထက်တန်းကျောင်းသားဟာ ဇွန်လ ၁၆ ရက်ကနေ ၁၈ ရက်အချိန်အတွင်း app store ရဲ့ PES မိုဘိုင်းလ်ဘောလုံးဂိမ်း review အောက်မှာ ခြိမ်းခြောက်ရေးသားမှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်းခြိမ်းခြောက်ရေးသားချက်များအတွင်းမှာတော့ သူဟာ KONAMI ဌာနချုပ်မှာ ဗုံးဖောက်ခွဲမှာဖြစ်ကြောင်း၊ KONAMI …

KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးဖောက်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့ အဖမ်းခံခဲ့ရတဲ့ ဂျပန်ကျောင်းသား Read More »