OG နဲ့လက်တွဲဖြုတ်လိုက်ပြီဖြစ်တဲ့ Gorgc
[Unicode] OG နဲ့လက်တွဲဖြုတ်လိုက်ပြီဖြစ်တဲ့ Gorgc နာမည်ကြီး Dota 2 Streamer တစ်ယောက်ဖြစ်တဲ့ Gorgc ကတော့ OG အသင်းနဲ့လက်တွဲဖြုတ်လိုက်ပြီဖြစ်ကြောင်း မနေ့ကပဲ သူ့ရဲ့ Twitter ကနေကြေညာခဲ့ပါတယ်။ TI နှစ်ထပ်ကွမ်း ချန်ပီယံ OG အသင်းဟာ ၂၀၂၀ နှစ်စမှာ Esports အဖွဲ့အစည်း အကြီးတစ်ခုအဖြစ် အသွင်ပြောင်းဖို့ ခြေလှမ်းသစ်တွေစတင်ခဲ့ပြီး အဲဒီထဲခြေလှမ်းသစ်တွေထဲမှာ Dota 2 အသင်းရဲ့လစ်လပ်နေတဲ့နေရာတွေကို Sumail, Midone တို့လို ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ အစားထိုးခဲ့တာ၊ အသင်းကြီးတွေမှာကစားခဲ့ဖူးတဲ့ နာမည်ကြီးကစားသမားတွေစုစည်းပြီး CSGO အသင်းသစ်တည်ထောင်တာအပြင် အခြားသော Esports အဖွဲ့အစည်းကြီးတွေအတိုင်း Streamer တွေနဲ့ စာချုပ်ချုပ်ဆိုတာတွေပါ ပါဝင်ခဲ့ပါတယ်။ Gorgc ဟာ OG က စာချုပ်ချုပ်ဆိုခဲ့တဲ့ …