ဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေကြောင်း အောက်စ်ဖို့ သုတေသီများဆို
ဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေကြောင်း အောက်စ်ဖို့ သုတေသီများဆို ဗီဒီယိုဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးကျေးဇူးများရှိကြောင်း အောက်စ်ဖို့တက္ကသိုလ်မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့သုတေသနတစ်ခုအရ တွေ့ရှိခဲ့ကြပါတယ်။ လေ့လာသူများဟာ အမှန်တကယ်ဂိမ်းကစားနေသူများနဲ့ ပတ်သက်တဲ့ အချက်အလက်များကို ဆန်းစစ်ခဲ့ကြတာဖြစ်ပြီး လူအများ မူလက ထင်မှတ်ထားခဲ့သလို ဗီဒီယိုဂိမ်းများဟာ စိတ်ကျန်းမာရေးကို မဆိုးရွားလာစေကြောင်း သက်သေထူနိုင်ခဲ့ပါတယ်။ အောက်စ်ဖို့ သုတေသီများ လေ့လာခဲ့ကြသူများထဲမှာတော့ နာမည်ကျော်ဂိမ်းများဖြစ်ကြတဲ့ Nintendo ရဲ့ Animal Crossing နဲ့ EA ရဲ့ Plants vs Zombies: Battle for Neighborville တို့ကို ကစားနေသူများ ပါဝင်ခဲ့ပါတယ်။ ယင်းဂိမ်းများကို ကစားကြသူများဟာ ဂိမ်းမကစားသူများထက် စိတ်ရောကိုယ်ပါ ပိုမိုကျန်းမာနေကြောင်း တွေ့ရှိခဲ့ရပြီး ဂိမ်းကစားခြင်းဟာ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးများရှိကြောင်း မြင်တွေ့လာခဲ့ရတာပါ။ …
ဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေကြောင်း အောက်စ်ဖို့ သုတေသီများဆို Read More »