Gaming ဖိနပ် ထုတ်လုပ်ဆန်းသစ်လိုက်တဲ့ PUMA
[Unicode] Gaming ဖိနပ် ထုတ်လုပ်ဆန်းသစ်လိုက်တဲ့ PUMA PUMA ကုမ္ပဏီဟာ Active Gaming Footwear လို့ အမည်ပေးထားတဲ့ ဖိနပ်များကို gamer များအတွက် ရည်ရွယ်ထုတ်လုပ်လိုက်ပါတယ်။ PUMA ရဲ့ အဆိုအရ ယင်းဖိနပ်များဟာ ပြိုင်ပွဲဝင်ချိန်မှာရော အိမ်မှာပါ ဂိမ်းကစားဖို့အတွက် ပြီးပြည့်စုံလှတဲ့ Gaming tool များ ဖြစ်ပြီး ခြေအိတ်များနဲ့ အလားသဏ္ဍာန်တူလို့ သက်တောင့်သက်သာရှိစေကာ grip အားလည်း ကောင်းမွန်ကြောင်း ကြေညာထားပါတယ်။ လက်ရှိမှာ Gaming Footwear တစ်စုံကို အမေရိကန်ဒေါ်လာ ၁၆၀ နဲ့ သြစတေးလျမှာ စတင်ရောင်းချနေပြီး UK မှာတော့ စတာလင်ပေါင် ၈၀ နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဖြန့်ချိကြောင်း တရားဝင်ကြေညာမှုများ မပြုလုပ်ထားသေးပေမယ့် …