ပရီးမီးယားလိဂ်က ဘောလုံးသမားတွေကိုယ်တိုင် ယှဉ်ပြိုင်မယ့် ePremier League Invitational FIFA 20 ပြိုင်ပွဲ
[Unicode] ပရီးမီးယားလိဂ်က ဘောလုံးသမားတွေကိုယ်တိုင် ယှဉ်ပြိုင်မယ့် ePremier League Invitational FIFA 20 ပြိုင်ပွဲ Covid-19 ရောဂါကို ရှောင်ရှားနိုင်ဖို့အတွက် ရပ်နားထားရတဲ့ အားကစားပွဲများထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်များလည်း တစ်ခုအပါအဝင်ပါ။ ဒါကြောင့် ယင်းပြိုင်ပွဲမှာ ဝင်ရောက်ကစားနေခဲ့ကြတဲ့ နာမည်ကျော်ဘောလုံးသမားများဟာလည်း ယခုလိုအိမ်တွင်းအောင်းနေရချိန်များမှာ ဗီဒီယိုဂိမ်းများကို ကစားလာကြပါတယ်။ ယခုအချိန်မှာတော့ ပရီးမီးယားလိဂ်ကလပ်အသင်း ၂၀ လုံးက ကိုယ်စားပြုကစားသမားများ ပါဝင်မယ့် FIFA 20 ပြိုင်ပွဲ ePremier League Invitational ကို ကျင်းပမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ယင်းပြိုင်ပွဲရဲ့ အုပ်စုပတ်လည်ပွဲစဉ်များကို ဧပြီလ ၂၁ ရက်နေ့က စတင်ကာ ဧပြီလ ၂၃ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဂရင်းဖိုင်နယ်ပွဲစဉ်များကိုတော့ ဧပြီလ ၂၄ …