တစ်ရှိန်ထိုး အောင်မြင်နေတဲ့ Fall Guys ဂိမ်းအကြောင်း တစေ့တစောင်း

[Unicode] Fall Guys: Ultimate Knockout ဂိမ်းအကြောင်း တစ်စေ့တစ်စောင်း   Fall Guys: Ultimate Knockout ဆိုတာကတော့ ပြီးခဲ့တဲ့လအစောပိုင်းတုန်းကမှ ထွက်ရှိထားတဲ့ battle royale/ platformer ဂိမ်းအမျိုးအစားတစ်ခုပါ။ PC အတွက်ရော PS4 အတွက်ပါ ထွက်ရှိထားပြီး ချစ်စရာကောင်းတဲ့ ဂိမ်းဇာတ်ကောင်လေးများ၊ ဟာသဆန်တဲ့ ကစားနည်းကစားဟန်များ၊ လေ့လာကစားရလွယ်ကူမှုများ စတာတွေကြောင့် အချိန်တိုအတွင်း အလွန်လူကြိုက်များလာတဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ စတင်ကစားရတာလွယ်ကူတဲ့အတွက်ကြောင့်တော့ Fall Guys ကို လျော့တွက်လို့ မရပါဘူး။ Battle royale ဂိမ်းတို့ရဲ့ ထုံးစံအတိုင်း ပြိုင်ဆိုင်မှု လွန်စွာမြင့်မားလှပြီး လျှင်မြန်ဖြတ်လတ်စွာ လှုပ်ရှားဖို့နဲ့ ဦးနှောက်စွမ်းရည်သုံးကစားဖို့ လွန်စွာလိုအပ်ပါတယ်။ ဂိမ်းကို အစောပိုင်းမှာ သေသေချာချာ မကစားပဲ ဟာသလုပ်နေလေ့ရှိသူများတောင် ဂိမ်းပွဲအချိန်ကြာမြင့်လာလေ …

တစ်ရှိန်ထိုး အောင်မြင်နေတဲ့ Fall Guys ဂိမ်းအကြောင်း တစေ့တစောင်း Read More »