esports

Dota 2 အသင်းတွေ လူစာရင်းအသစ် ကြေညာဖို့ ဘာလို့ အချိန်ကြာနေတာလဲ?

Dota 2 အသင်းတွေ လူစာရင်းအသစ် ကြေညာဖို့ ဘာလို့ အချိန်ကြာနေတာလဲ?   လာမယ့် 2022-2023 Dota Pro Circuit အတွက် ကစားသမားအသစ်တွေကို မှတ်ပုံတင်ဖို့ (၁၂) ရက်သာ လိုပါတော့တယ်။ အခုလို နီးကပ်လာတဲ့ အခြေအနေတစ်ခုမှာ SEA အသင်းအချို့သာ ကစားသမားသစ်တွေကို ကြေညာထားတာဖြစ်ပြီး ဥရောပအသင်းကြီးအကုန်နီးပါးကတော့ ဘာအသံမှ မထွက်လာသေးပါဘူး။ လာမယ့်ရာသီမှာ ကစားသမား အပြောင်းအရွေ့လုပ်ရင် နုတ်ခံရမယ့် DPC Point ကလည်း ၁၅% ကနေ ၂၀% ကိုပြောင်းလဲလာတာကြောင့် အသင်းတော်တော်များများက အသေအချာ အချိန်ယူပြီး ပြင်ဆင်နေမယ်လို့ ယူဆရပါတယ်။ အခုဖော်ပြမယ့်အကြောင်းအရာကတော့ အသင်းတွေအနေနဲ့ နောက်ရာသီအတွက် ကစားသမားတစ်ယောက်ကို မကြေညာခင် ဘယ်လိုအချက်တွေလုပ်ဆောင်ရတယ်ဆိုတာ BOOM Esports ရဲ့ Manager …

Dota 2 အသင်းတွေ လူစာရင်းအသစ် ကြေညာဖို့ ဘာလို့ အချိန်ကြာနေတာလဲ? Read More »

ကမ္ဘာ့ပထမဆုံး အိုလံပစ် Esports ရက်သတ္တပတ်ကို ၂၀၂၃ ခုနှစ်အတွင်း စင်ကာပူနိုင်ငံတွင် ကျင်းပမည်

ကမ္ဘာ့ပထမဆုံး အိုလံပစ် Esports ရက်သတ္တပတ်ကို ၂၀၂၃ ခုနှစ်အတွင်း စင်ကာပူနိုင်ငံတွင် ကျင်းပမည်   အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) ဟာ ပထမဆုံးအကြိမ် အိုလံပစ် Esports ရက်သတ္တပတ်ကို လာမယ့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ကနေ ဇွန်လ ၂၅ ရက်နေ့အတွင်း စင်ကာပူနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ စင်ကာပူအမျိုးသားအိုလံပစ်ကော်မတီ (SNOC), စင်ကာပူယဉ်ကျေးမှု အသိုင်းအဝိုင်းနဲ့ လူငယ်ရေးရာ ဝန်ကြီးဌာန၊ စင်ကာပူအားကစားအဖွဲဲ့အစည်းတို့နဲ့အတူ ပူးပေါင်းပြုလုပ်သွားမယ့် ဒီရက်သတ္တပတ်အတွင်းမှာ တကယ့်အားကစားနည်းများကို အတုယူပြုလုပ်ထားတဲ့ အီလက်ထရောနစ်အားကစားနည်း (virtual and simulated sports) များ ပါဝင်လာမှာဖြစ်သလို ဆွေးနွေးပွဲများ၊ လေ့လာသင်ယူရေးအစီအစဉ်များ၊ ပြပွဲများအပြင် နောက်ဆုံးပေါ်နည်းပညာများကိုပါ ထည့်သွင်းသွားမှာဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။ ၄ ရက်တာ …

ကမ္ဘာ့ပထမဆုံး အိုလံပစ် Esports ရက်သတ္တပတ်ကို ၂၀၂၃ ခုနှစ်အတွင်း စင်ကာပူနိုင်ငံတွင် ကျင်းပမည် Read More »

မန်ယူဂိုးသမား ဒီဂီယာရဲ့ Esports အသင်းကို ရှယ်ယာထည့်ခဲ့တဲ့ ဟွမ် မာတာနဲ့ ဘရူနို ဖာနန်ဒက်

မန်ယူဂိုးသမား ဒီဂီယာရဲ့ Esports အသင်းကို ရှယ်ယာထည့်ခဲ့တဲ့ ဟွမ် မာတာနဲ့ ဘရူနို ဖာနန်ဒက်   Rebels Gaming ဆိုတာ မန်ယူဂိုးသမား ဒေးဗစ် ဒီဂီယာ တည်ထောင်ထားတဲ့ စပိန်အခြေစိုက် Esports အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ သူတို့မှာ League of Legends, Valorant (Male and Female Team), Rainbow Six Siege အသင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဒီဂီယာဟာ ၂၀၂၁ မှာ Rebels Gaming ကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အသင်းဟာ နိုင်ငံတကာအောင်မြင်မှု ကြီးကြီးမားမားမရှိပေမယ့် စပိန်ပြည်တွင်းမှာတော့ လူသိများနဲ့ Esports အသင်းတစ်သင်း ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာ ဘောလုံးသမားတွေဟာ Esports ဖက်ကို စိတ်ဝင်စားမှုများပြားလားပြီး ရင်းနှီးမြှုပ်နှံမှုတွေ …

မန်ယူဂိုးသမား ဒီဂီယာရဲ့ Esports အသင်းကို ရှယ်ယာထည့်ခဲ့တဲ့ ဟွမ် မာတာနဲ့ ဘရူနို ဖာနန်ဒက် Read More »

2021 ရဲ့ ဒုတိယ Dota2 Major ဖြစ်တဲ့ WePlay AniMajor မှာ ပါဝင်လာမယ့်အသင်းများ

2021 ရဲ့ ဒုတိယ Dota2 Major ဖြစ်တဲ့ WePlay AniMajor မှာ ပါဝင်လာမယ့်အသင်းများ   ဩဂုတ်လမှာကျင်းပမယ့် The International 10 မတိုင်ခင် နောက်ဆုံးယှဉ်ပြိုင်ရမယ့် WePlay AniMajor ကိုတော့ ဇွန်လ (၂) ကနေ (၁၃) ရက်နေ့အထိ ယူကရိန်းနိုင်ငံ ကိဗ်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အသင်း (၁၈) သင်း ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဆုကြေးကတော့ ဒေါ်လာ (၅၀၀,၀၀၀) နဲ့ DPC Point 2,700 ပါ။ COVID-19 ပြဿနာတွေကြောင့် ပရိသတ်မပါဘဲ ကျင်းပမှာ ဖြစ်ပါတယ်။ ဥရောပ (Western Europe) AniMajor အတွက် အစောဆုံးအဖြေထွက်ခဲ့တဲ့ Region တစ်ခုဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ …

2021 ရဲ့ ဒုတိယ Dota2 Major ဖြစ်တဲ့ WePlay AniMajor မှာ ပါဝင်လာမယ့်အသင်းများ Read More »

လူစာရင်းအသစ် လက်စွမ်းအသစ်နဲ့ စောင့်ကြည့်ရမယ့် Team Nigma

လူစာရင်းအသစ် လက်စွမ်းအသစ်နဲ့ စောင့်ကြည့်ရမယ့် Team Nigma   Team Nigma ဟာ ဧပြီလ၆ရက်နေ့မှာ အသင်းရဲ့ပြောင်းလဲမှုကြီးအဖြစ် w33 ကို အသင်းရဲ့ active roster ကနေ ထုတ်ပယ်ခဲ့ပြီး 6th player အဖြစ်နဲ့ပဲ ကြေညာခဲ့ပါတယ်။ ဧပြီ၁၀ရက်နေ့မှာတော့ iLTW ကို တရားဝင်ခေါ်ယူခဲ့ပြီး အသင်းမှာ position 1/2 ဆော့ကစားစေခဲ့ပါတယ်။ iLTW ရဲ့ အဓိပ္ပာယ်ကတော့ I Love To Win ပဲဖြစ်ပါတယ်။ iLTW ဟာ professional scene မှာ ကြာပြီဖြစ်ပေမယ့်လည်း အောင်မြင်မှုကြီးကြီးမားမားတော့ ရရှိထားခဲ့ခြင်း မရှိပါဘူး။ Tier 2 အသင်းတွေလောက်မှာပဲ ကျင်လည်နေတဲ့ ကစားသမား တစ်ယောက်ပဲဖြစ်ပါတယ်။ ၂၀၁၉ မှာတော့ …

လူစာရင်းအသစ် လက်စွမ်းအသစ်နဲ့ စောင့်ကြည့်ရမယ့် Team Nigma Read More »

ပါကစ္စတန်မှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်

ပါကစ္စတန်မှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်   ပါကစ္စတန်ရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဖြစ်သူ Fawad Chaudhry ဟာ နိုင်ငံတွင်းမှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာသွားခဲ့ပါတယ်။ ဒါဟာ ပါကစ္စတန် ဂိမ်မာများအားလုံးအတွက် ဝမ်းမြောက်ဖွယ်ကိစ္စတစ်ခုဖြစ်ပြီး ဒီလို သတ်မှတ်နိုင်အောင် ပါကစ္စတန် အားကစားအဖွဲ့ချုပ်နဲ့ ပါကစ္စတန် သိပ္ပံဖက်ဒရေးရှင်းတို့ ဆွေးနွေးတိုင်ပင်ခဲ့ကြရကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ Fawad Chaudhry ရဲ့ အဆိုအရ ယင်းအဖွဲ့ နှစ်ဖွဲ့ဟာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်ဖို့ စာချွန်လွှာပေါ်မှာ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဗီဒီယိုဂိမ်းကစားခြင်းကို စိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းတွေ အများကြီး ရောက်လာတော့မှာဖြစ်ကြောင်းကိုလည်း Fawad Chaudhry က ပြောသွားခဲ့ပါတယ်။ ယခုကြေညာချက်ဟာ …

ပါကစ္စတန်မှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ် Read More »

မြန်မာအသင်းတွေကို မြင်တွေခွင့်ရနိုင်မယ့် ၂၀၂၁ Dota2 ရာသီသစ် ယနေ့စမည်

မြန်မာအသင်းတွေကို မြင်တွေခွင့်ရနိုင်မယ့် ၂၀၂၁ Dota2 ရာသီသစ် ယနေ့စမည်   2021 DPC Season ရဲ့ ပထမဆုံး Open Qualifier ကို ယနေ့စတင်မှာ ဖြစ်ပါတယ်။ SEA အတွက် DPC ပထမ ရာသီကတော့ ဖေဖော်ဝါရီ (၂၇) မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ စုစုပေါင်း ဆုကြေးငွေကတော့ ဒေါ်လာ (၂၈၀,၀၀၀) ပါ။ ပွဲ Format ကတော့ ဇန်နဝါရီ ၄,၅,၆,၇ ရက်တွေမှာ Open Qualifier (၄) ခု ယှဉ်ပြိုင်ရမှာဖြစ်ပြီး Qualifier တစ်ခုစီရဲ့ ထိပ်ဆုံး (၂) သင်းက နောက်အဆင့်ကို တက်ရောက်ရမှာပါ။ Open Qualifier (1) မှာတော့ မြန်မာအသင်းတွေဖြစ်တဲ့ …

မြန်မာအသင်းတွေကို မြင်တွေခွင့်ရနိုင်မယ့် ၂၀၂၁ Dota2 ရာသီသစ် ယနေ့စမည် Read More »

2022 Asian Games တွင် Esports ကို ရွှေတံဆိပ်ဆု ချီးမြှင့်မယ့် အားကစားအဖြစ် ထည့်သွင်းမည်

၂၀၂၂ အာရှအားကစားပေါင်းစုံပြိုင်ပွဲ (2022 Asian Games) အတွင်း Esports ကို ရွှေတံဆိပ်ဆု ချီးမြှင့်မယ့် အားကစားအဖြစ် ထည့်သွင်းမည်   အာရှ အီလက်ထရောနစ်အားကစား ဖက်ဒရေးရှင်းအဖွဲ့ကြီး (AESF) ဟာ ၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် အာရှအားကစားပေါင်းစုံပြိုင်ပွဲ (2022 Asian Games) အတွင်း Esports ကို ရွှေတံဆိပ်ဆု ချီးမြှင့်မယ့် အားကစားအဖြစ် ထည့်သွင်းသွားမှာဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ ဒါကြောင့် အာရှနိုင်ငံအသီးသီးက ထူးချွန်တဲ့ Esports ကစားသမားများဟာ တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ကျင်းပမယ့် ဒီပြိုင်ပွဲကြီးအတွင်း ကြိုးပမ်းကစားရင်း အမိနိုင်ငံအတွက် ဂုဏ်ယူဖွယ် ရွှေတံဆိပ်များ ဆွတ်ခူးပေးနိုင်ကြတော့မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ Esports ကို ထည့်သွင်းနိုင်ဖို့အတွက် AESF သာမက အာရှအိုလံပစ်အားကစားကောင်စီ …

2022 Asian Games တွင် Esports ကို ရွှေတံဆိပ်ဆု ချီးမြှင့်မယ့် အားကစားအဖြစ် ထည့်သွင်းမည် Read More »

မြန်မာ LoL: Wild Rift အသင်းကို ခေါ်ယူလိုက်တဲ့ အမေရိကန် Esports အသင်း “Athaim”

မြန်မာ LoL: Wild Rift အသင်းကို ခေါ်ယူလိုက်တဲ့ အမေရိကန် Esports အသင်း “Athaim”   လက်ရှိ မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ ပထမဆုံး League of Legends Wild Rift Mobile ဂိမ်းပြိုင်ပွဲ မပြီးဆုံးသေးခင်မှာပဲ အပြောင်းအလဲ​တွေ စတင်ဖြစ်ပေါ်လာပြီပဲ ဖြစ်ပါတယ်။ မြန်မာအပျော်တမ်း အသင်းတစ်သင်းဖြစ်တဲ့ CC.Cyber Ceres (C4) ဆိုတဲ့ Wild Rift အသင်းဟာ Royal Jasmine ပြိုင်ပွဲရှိ အသင်း ၅၀၀ ကျော်အနက် ထိပ်ဆုံး (၈) သင်းအဆင့်ကို ရောက်ရှိနေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ C4 အသင်းဟာ Royal Jasmine ပြိုင်ပွဲ ရဲ့ Qualifier (1) …

မြန်မာ LoL: Wild Rift အသင်းကို ခေါ်ယူလိုက်တဲ့ အမေရိကန် Esports အသင်း “Athaim” Read More »

ဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေကြောင်း အောက်စ်ဖို့ သုတေသီများဆို

ဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေကြောင်း အောက်စ်ဖို့ သုတေသီများဆို   ဗီဒီယိုဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးကျေးဇူးများရှိကြောင်း အောက်စ်ဖို့တက္ကသိုလ်မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့သုတေသနတစ်ခုအရ တွေ့ရှိခဲ့ကြပါတယ်။ လေ့လာသူများဟာ အမှန်တကယ်ဂိမ်းကစားနေသူများနဲ့ ပတ်သက်တဲ့ အချက်အလက်များကို ဆန်းစစ်ခဲ့ကြတာဖြစ်ပြီး လူအများ မူလက ထင်မှတ်ထားခဲ့သလို ဗီဒီယိုဂိမ်းများဟာ စိတ်ကျန်းမာရေးကို မဆိုးရွားလာစေကြောင်း သက်သေထူနိုင်ခဲ့ပါတယ်။ အောက်စ်ဖို့ သုတေသီများ လေ့လာခဲ့ကြသူများထဲမှာတော့ နာမည်ကျော်ဂိမ်းများဖြစ်ကြတဲ့ Nintendo ရဲ့ Animal Crossing နဲ့ EA ရဲ့ Plants vs Zombies: Battle for Neighborville တို့ကို ကစားနေသူများ ပါဝင်ခဲ့ပါတယ်။ ယင်းဂိမ်းများကို ကစားကြသူများဟာ ဂိမ်းမကစားသူများထက် စိတ်ရောကိုယ်ပါ ပိုမိုကျန်းမာနေကြောင်း တွေ့ရှိခဲ့ရပြီး ဂိမ်းကစားခြင်းဟာ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးများရှိကြောင်း မြင်တွေ့လာခဲ့ရတာပါ။ …

ဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေကြောင်း အောက်စ်ဖို့ သုတေသီများဆို Read More »