Esports သမိုင်းတစ်လျှောက် ဒုတိယမြောက် ကြည့်ရှုသူအများဆုံးပွဲအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ LoL Worlds 2020
Esports သမိုင်းတစ်လျှောက် ဒုတိယမြောက် ကြည့်ရှုသူအများဆုံးပွဲအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ LoL Worlds 2020 မကြာသေးမီက ကျင်းပခဲ့တဲ့ 2020 League of Legends World Championship ပြိုင်ပွဲကြီးရဲ့ ဂရင်းဖိုင်နယ်မှာ တောင်ကိုရီးယားအသင်းတစ်သင်းဖြစ်တဲ့ DAMWON Gaming ဟာ တရုတ်အသင်း Suning ကို ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ရှန်ဟိုင်းမြို့ရဲ့ ပူဒေါင်းဘောလုံးအားကစားရုံသစ်ကြီးအတွင်း ကျင်းပခဲ့တဲ့ ဒီပွဲအတွင်းကို ရုံတွင်းပရိသတ်ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသလို ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော ပရိသတ်များကလည်း အွန်လိုင်းကနေ ကြည့်ရှုအားပေးနေခဲ့ကြပါတယ်။ Worlds 2020 ရဲ့ ဂရင်းဖိုင်နယ်ပွဲများကို ယှဉ်ပြိုင်ကစားနေစဉ်အတွင်း တစ်ချိန်တည်း ဝင်ရောက်ကြည့်ရှုသူ အများဆုံး အရေအတွက် ၃.၈၈ သန်းကျော်အထိ ရှိခဲ့ပါတယ်။ ဒီပမာဏဟာ YouTube နဲ့ …