PC ဂိမ်းသမိုင်းတစ်လျှောက် စတင်ထွက်ရှိတဲ့နေ့မှာ အရောင်းရဆုံးဗီဒီယိုဂိမ်းအဖြစ် စံချိန်တင်သွားခဲ့တဲ့ Cyberpunk 2077
PC ဂိမ်းသမိုင်းတစ်လျှောက် စတင်ထွက်ရှိတဲ့နေ့မှာ အရောင်းရဆုံးဗီဒီယိုဂိမ်းအဖြစ် စံချိန်တင်သွားခဲ့တဲ့ Cyberpunk 2077 CD Projekt Red ကနေ မကြာသေးမီက ထွက်ရှိလာခဲ့ပြီး လက်ရှိအချိန်မှာ အလွန်ရေပန်းစားနေဆဲ Cyberpunk 2077 ဟာ ထူးခြားတဲ့စံချိန်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ PC ဂိမ်းများရဲ့ သမိုင်းကြောင်းတစ်လျှောက် စတင်ထွက်ရှိတဲ့ တစ်နေ့တည်းအတွင်းမှာ အရေအတွက်အများဆုံးရောင်းနိုင်ခဲ့တဲ့ဗီဒီယိုဂိမ်းအဖြစ် စံချိန်တင်သွားခဲ့တာပဲဖြစ်ပါတယ်။ CD Projekt Red ရဲ့ ထုတ်ဖော်ကြေညာချက်အရ Cyberpunk 2077 ဟာ ကြိုတင်မှာယူမှုပေါင်း ၈ သန်းကျော်ရရှိခဲ့ပြီး ယင်းရဲ့ ၅၉ ရာခိုင်နှုန်းကတော့ PC အတွက် မှာယူမှုများပါ။ ဒါကြောင့် စတင်ထွက်ရှိချိန်မှာ အရေအတွက်ပေါင်း ၄.၇၂ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး ဒီပမာဏဟာ ယခင်က စံချိန်တင်ထားခဲ့တဲ့ …