မြန်မာနိုင်ငံမှာ လူသိနည်းပေမယ့် ဆော့ပျော်တဲ့ Esports ဂိမ်းတစ်ခုအကြောင်း

မြန်မာနိုင်ငံမှာ လူသိနည်းပေမယ့် ဆော့ပျော်တဲ့ Esports ဂိမ်းတစ်ခုအကြောင်း   “ယောင်္ကျားရေ ထမင်းစားတော့မယ်။ ဟင်းတွေကျက်ပြီ။” အိမ်နောက်ဖေးကနေ အသံဟိန်းပြီးထွက်လာတယ်။ ခွတော့ကျတာပဲ။ အခုမှပွဲစတာက ၆ မိနစ်ခွဲရယ်။ အရှေ့ရက်ကလည်း EPC ဒုက္ခပေးမှုနဲ့ Abandon ထိထားတာ နှစ်ပွဲရှိပြီ။ ဒီနေ့ထပ်ထိရင်တော့သွားပြီပဲ။ ဒါတေ မိန်းမကိုပြောပြနေလဲနားလည်မှာကမဟုတ်တော့ ၁၀ မိနစ်လောက်ရလဲ ရကွာဆိုပြီး မကြားချင်ယောင်ဆောင်နေလိုက်တော့တယ်။ အသံကတဖြည်းဖြည်းမာလာပြီ။ ဟုတ်တော့ဟုတ်တယ်လေ။ ထမင်းစားဖို့စောင့်ရင်း ဟင်းတွေကအေးကုန်ပြီကိုး။ “ရှင်မစားရင်လဲနေတော့ လုံခြုံရေးပဲကျွေးလိုက်တော့မယ်” “လာပါပြီကွာမိန်းမကလဲ…ခဏလေးပါဟ” ပြောပြီးကာမှ ဖြစ်ချင်တော့ ပွဲက မိနစ်ခုနစ်ဆယ်ကြာသွားတယ်။ သိလိုက်ပါပြီ၊ တစ်ပွဲတော့သတ်ရပြီဆိုတာ။ ဒါဖြစ်လေ့ဖြစ်ထရှိတဲ့ အဖုအထစ်လေးတခုပါ။ ဘာမှတော့ အရေးမကြီးပေမယ့် ဖြစ်ပါများလာတော့၊ တစ်ယောက်ထဲထမင်းခဏခဏစားလိုက်ရတဲ့ တဖက်လူကိုအားနာလာတဲ့ခါ ငါ ဒီ Dota2 ဆော့တဲ့ကိစ္စကို တခုခုလုပ်မှရတော့မယ်ဆိုတဲ့ အတွေးဝင်လာတော့တာပဲ။ ဂိမ်းကလည်းဆော့ချင်တယ်။ …

မြန်မာနိုင်ငံမှာ လူသိနည်းပေမယ့် ဆော့ပျော်တဲ့ Esports ဂိမ်းတစ်ခုအကြောင်း Read More »