China

တရုတ်နိုင်ငံမှာ အလွန်ခေတ်စားနေတဲ့ Among Us ရဲ့ ပုံတူဂိမ်း Werewolf Among Us

တရုတ်နိုင်ငံမှာ အလွန်ခေတ်စားနေတဲ့ Among Us ရဲ့ ပုံတူဂိမ်း Werewolf Among Us   ယခုနှစ်အတွင်း အလွန်ခေတ်စားနေခဲ့တဲ့ Among Us ဂိမ်းဟာ လူငယ်လူကြီးမရွေးဆော့ကစားနိုင်အောင် လွယ်ကူရိုးရှင်းရုံသာမက အမေရိကန်လွှတ်တော်အမတ်ဖြစ်သူ Alexandria Ocasio-Cortez ကိုယ်တိုင်ကတောင် တိုက်ရိုက်ထုတ်လွှင့် ကစားပြရလောက်အောင် အောင်မြင်နေခဲ့တာပါ။ ဒါပေမယ့် မည်သည့်ဂိမ်းမဆို ကမ္ဘာတစ်ဝှမ်းမှာ ဘယ်လောက်ပဲခေတ်စားပါစေ၊ တရုတ်နိုင်ငံရောက်ရင်တော့ ဒေသနဲ့ အကျွမ်းဝင် လိုက်လျောညီထွေ ဖြစ်မှသာ လက်ခံကြိုဆိုခြင်းခံရမှာဖြစ်ကြောင်း ညွှန်ပြလိုက်တဲ့အရာတစ်ခု ပေါ်ပေါက်လို့ လာပါတယ်။ အဲဒါကတော့ Among Us ကို တုပပြုလုပ်ထားတဲ့ တရုတ်ဂိမ်း Werewolf Among Us ဟာ နိုင်ငံတွင်းမှာ မူရင်းဂိမ်းထက် ပိုမိုလူကြိုက်များ နေတာပဲဖြစ်ပါတယ်။ Shenzhen Youliang Technology က …

တရုတ်နိုင်ငံမှာ အလွန်ခေတ်စားနေတဲ့ Among Us ရဲ့ ပုံတူဂိမ်း Werewolf Among Us Read More »

4AM ရဲ့ Dota 2 အသင်းဖွဲ့စည်းပြီး တစ်ရက်အတွင်းမှာတင် ပြန်လည်ထုတ်ပယ်ခံခဲ့ရတဲ့ Sylar

4AM ရဲ့ Dota 2 အသင်းဖွဲ့စည်းပြီး တစ်ရက်အတွင်းမှာတင် ပြန်လည်ထုတ်ပယ်ခံခဲ့ရတဲ့ Sylar   တရုတ်နိုင်ငံရဲ့ အင်အားကြီး Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ 4AM ဟာ နာမည်ကျော် တရုတ် Dota 2 ကစားသမားများကို စုစည်းကာ အသင်းသစ်ထူထောင်လိုက်ပြီဖြစ်ကြောင်း မကြာသေးမီကကြေညာခဲ့ပြီး ယင်းအသင်းသားစာရင်းမှာ Sylar ကို ထည့်သွင်းထားခဲ့ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ 4AM ဟာ Sylar ကို ပြန်လည်ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သတင်းများ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် Sylar ဟာ 4AM ရဲ့ ကစားသမားအနေနဲ့ ရှိနေခဲ့တာ တစ်ရက်သာကြာမြင့်ခဲ့တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ရပါတယ်။ မူလကတော့ Paparazi လို့ လူသိများကြတဲ့ Vici Gaming ရဲ့ ကစားသမားဟောင်း Eurus …

4AM ရဲ့ Dota 2 အသင်းဖွဲ့စည်းပြီး တစ်ရက်အတွင်းမှာတင် ပြန်လည်ထုတ်ပယ်ခံခဲ့ရတဲ့ Sylar Read More »

မကြာမီကျင်းပတော့မယ့် 2020 League of Legends World Championship အကြောင်း သိကောင်းစရာများ

မကြာမီကျင်းပတော့မယ့် 2020 League of Legends World Championship အကြောင်း သိကောင်းစရာများ   နှစ်စဉ်ကျင်းပနေကျ Esports ပြိုင်ပွဲကြီးတစ်ခုဖြ­စ်တဲ့ League of Legends World Championship ပြိုင်ပွဲကြီးကို ယခုနှစ်မှာလည်း အစဉ်အလာမပြတ်ကျင်းပတော့မှာပါ။­ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ Worlds 2019 ပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲစဉ်များမှာတော့ တရုတ်အသင်းတစ်သင်းဖြစ်တဲ့ FunPlus Phoenix က နာမည်ကျော် G2 Esports အသင်းကို အနိုင်ရကာ ချန်ပီယံဆုဖလားကြီးကို­ သိမ်းပိုက်နိုင်ခဲ့ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ဒီပွဲများကြောင့်ပဲ Worlds 2019 ဟာ ကမ္ဘာ့ကြည့်ရှုသူအများဆုံး Esports ပြိုင်ပွဲကြီးအဖြစ် စံချိန်တင်သွားနိုင်ခဲ့­ပါတယ်။ Covid-19 ရဲ့ ရိုက်ခတ်မှုကြောင့် လူအများ အိမ်မှာပဲနေရတဲ့ ယခုလိုအချိန်မှာရောက်ရှိလာမယ့် Worlds …

မကြာမီကျင်းပတော့မယ့် 2020 League of Legends World Championship အကြောင်း သိကောင်းစရာများ Read More »

PSG.LGD နဲ့ EHOME တို့ရဲ့ Dota2 လူစာရင်း အပြောင်းအလဲ

PSG.LGD နဲ့ EHOME တို့ရဲ့ Dota2 လူစာရင်း အပြောင်းအလဲ   မနေ့က ကြေညာခဲ့တဲ့ Vici Gaming ရဲ့ 2020-2021 အတွက် လူစာရင်း ထွက်ပေါ်လာပြီးနောက် တရုတ် Dota2 ကစားသမား အပြောင်းအရွေ့ကတော့ ခပ်ကြမ်ကြမ်း ဖြစ်ပေါ်လာပါပြီ။ VG Gaming သတင်းအပြီးမှာ လူစာရင်းအသစ်ကို ကြေညာခဲ့တာကတော့ PSG.LGD အသင်းပါ။ fy နဲ့ Maybe တို့ ထွက်ခွာပြီးတဲ့နောက် ကျန်ရှိနေတဲ့ old eLeVeN, Chalice နဲ့ xNova တို့နဲ့ပါ လမ်းခွဲခဲ့ပြီး တစ်သင်းလုံး ရုံခါခဲ့ပါတယ်။ PSG.LGD အသင်းသစ်မှာ ပထမဆုံး ပါဝင်လာတဲ့ ကစားသမားကတော့ အရင်ကစားသမားဟောင်းလည်းဖြစ် လက်ရှိ CDEC မှာလည်း ကစားနေတဲ့ …

PSG.LGD နဲ့ EHOME တို့ရဲ့ Dota2 လူစာရင်း အပြောင်းအလဲ Read More »

တရုတ်နိုင်ငံတွင် Esports ဂိမ်းကစားခြင်းကို အလုပ်အကိုင်တစ်ခုအဖြစ် တရားဝင်သတ်မှတ်

[Unicode] တရုတ်နိုင်ငံတွင် Esports ဂိမ်းကစားခြင်းကို အလုပ်အကိုင်တစ်ခုအဖြစ် တရားဝင်သတ်မှတ်   Covid-19 ရဲ့ရိုက်ခတ်မှုကြောင့် တစ်ကမ္ဘာလုံး အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာနေတဲ့ ယခုအချိန်မှာ တရုတ်အစိုးရဟာ အလုပ်အကိုင်များနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ မူဝါဒအချို့ကို ပြောင်းလဲပေးခဲ့ပါတယ်။ အဲဒါကကတော့ Esports ဂိမ်းကစားခြင်း၊ အွန်လိုင်းမှ စျေးရောင်းချခြင်း၊ အွန်လိုင်း blog ပြုလုပ်ခြင်း စ တာတွေကို အလုပ်အကိုင်များအဖြစ် တရားဝင်သတ်မှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ပေးလိုက်ခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးလိုက်သလိုဖြစ်သွားပြီး နိုင်ငံတွင်းအလုပ်လက်မဲ့ဦးရေကို လျော့ချနိုင်မှာဖြစ်ကြောင်း တရုတ်အစိုးရက မျှော်လင့်လျက်ရှိပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံသားများဟာ တစ်ပတ်ကို အနည်းဆုံး ၁ နာရီ အလုပ်လုပ်ကိုင်ပြီး ဝင်ငွေရရှိမှသာ အလုပ်လက်မဲ့အဖြစ် သတ်မှတ်ခံရခြင်းကနေ ရှောင်ရှားနိုင်ကြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနဟာ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ …

တရုတ်နိုင်ငံတွင် Esports ဂိမ်းကစားခြင်းကို အလုပ်အကိုင်တစ်ခုအဖြစ် တရားဝင်သတ်မှတ် Read More »

Mobile Legends နဲ့ TikTok အပါအဝင် App 59 ခုကို ပိတ်ပင်လိုက်တဲ့ အိန္ဒိယ

[Unicode] Mobile Legends နဲ့ TikTok အပါအဝင် App 59 ခုကို ပိတ်ပင်လိုက်တဲ့ အိန္ဒိယ   အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့ App 59 ခုကို သူတို့နိုင်ငံတွင်းက Google Play Store နဲ့ Apple App Store တွေကနေ ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီထဲမှာ Clash of Kings (AoV တရုတ်ဗားရှင်း) နဲ့ Mobile Legends: Bang Bang တို့အပြင် TikTok နဲ့ UC Browser တို့ ပါဝင်ပါတယ်။ အိန္ဒိယဟာ မကြာသေးခင်က တရုတ်နဲ့နယ်စပ်မှာ လူသေတဲ့ထိ ပြဿနာဖြစ်ပွားခဲ့တဲ့နောက် တရုတ်ပြည်ဖြစ် ပစ္စည်းတွေကို သပိတ်မှောက်တာတွေ၊ …

Mobile Legends နဲ့ TikTok အပါအဝင် App 59 ခုကို ပိတ်ပင်လိုက်တဲ့ အိန္ဒိယ Read More »

2020 League of Legends World Championship ကို ရွှေ့ဆိုင်းရန် အစီအစဉ်မရှိဟုဆို

[Unicode] 2020 League of Legends World Championship ကို ရွှေ့ဆိုင်းရန် အစီအစဉ်မရှိဟုဆို   နှစ်စဉ်နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ League of Legends World Championship ပြိုင်ပွဲများဟာ ကြီးကျယ် ခန်းနားလှတဲ့ ကမ္ဘာ့ကြည့်ရှုသူအများဆုံး Esports ပွဲကြီးများဖြစ်ကြပါတယ်။ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကစားသူအများဆုံး MOBA ဂိမ်းအဖြစ်ရပ်တည်နေတဲ့ League of Legends ရဲ့ ယင်းပြိုင်ပွဲများမှာ အနိုင်ရရှိသူများကို Riot Games က ဆုကြေးငွေ ဒေါ်လာသန်းချီ ချီးမြှင့်ပေးနေခဲ့တာဟာလည်း နှစ်အတော်ကြာမြင့်ခဲ့ပါပြီ။ Riot Games ဟာ ယခုနှစ်မှာလည်း 2020 League of Legends World Championship ပြိုင်ပွဲကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ …

2020 League of Legends World Championship ကို ရွှေ့ဆိုင်းရန် အစီအစဉ်မရှိဟုဆို Read More »

လုပ်ပွဲကစားလို့ Dota 2 ပြိုင်ပွဲဝင်ခွင့်များ ရာသက်ပန်ပိတ်ပင်ခံလိုက်ရတဲ့ Newbee

[Unicode] လုပ်ပွဲကစားလို့ Dota 2 ပြိုင်ပွဲဝင်ခွင့်များ ရာသက်ပန်ပိတ်ပင်ခံလိုက်ရတဲ့ Newbee   TI4 ချန်ပီယံဟောင်း Newbee အသင်းဟာ Dota 2 လောကရဲ့ ထိပ်တန်းစာရင်းဝင် တရုတ်အသင်းဖြစ်သလို Chinese Dota Association (CDA) အဖွဲ့ကြီးရဲ့ တည်ထောင်သူ အဖွဲ့ဝင်အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ၂၀၁၇ မှာ ကျင်းပခဲ့တဲ့ TI7 မှာ Newbee ဟာ ဂရင်းဖိုင်နယ်အထိ တက်ရောက်လာနိုင်ခဲ့တဲ့ အတွက် TI ၂ နှစ်ဆက် ချန်ပီယံအသင်းဖြစ်ဖို့အတွက်လည်း အလွန်နီးစပ်ခဲ့ပြီး အစဉ်အလာ ကောင်းလှတဲ့အသင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် CDA အဖွဲ့ကြီးနဲ့ IMBA TV အဖွဲ့တို့ဟာ Newbee အသင်းနဲ့ ပတ်သက်ပြီး ထင်မှတ်မထားတဲ့ ကြေညာချက်တစ်ခုကို မကြာသေးမီက …

လုပ်ပွဲကစားလို့ Dota 2 ပြိုင်ပွဲဝင်ခွင့်များ ရာသက်ပန်ပိတ်ပင်ခံလိုက်ရတဲ့ Newbee Read More »

နိုင်ငံတကာဂိမ်းဆာဗာများကို တရုတ်နိုင်ငံမှ ဝင်ရောက်ကစားခွင့်ရတော့မည်မဟုတ်

[Unicode] နိုင်ငံတကာဂိမ်းဆာဗာများကို တရုတ်နိုင်ငံမှ ဝင်ရောက်ကစားခွင့်ရတော့မည်မဟုတ်   တရုတ်နိုင်ငံအတွင်းမှာ ဗီဒီယိုဂိမ်းများနဲ့ပတ်သက်တဲ့ ဥပဒေသစ်များကို မကြာသေးမီက ထပ်မံထုတ်ပြန် ကြေညာလိုက်ပါတယ်။ ယင်းဥပဒေသစ်များထဲမှာတော့ တရုတ်နိုင်ငံတွင်း ဂိမ်းကစားသူများကို နိုင်ငံတကာက ဂိမ်းကစားသူများနဲ့ ဂိမ်းတွင်း အွန်လိုင်းဆက်သွယ်မှုများ ပြုလုပ်ခွင့်ပေးတော့မှာ မဟုတ်ကြောင်း ပါဝင်ခဲ့ပါတယ်။ ဒီထုတ်ပြန်ကြေညာမှုဟာ Nintendo ရဲ့ Animal Crossing: New Horizons ဂိမ်းကို နိုင်ငံအတွင်း ပိတ်ပင်လိုက်ကြောင်း တရုတ်ကွန်မြူနစ်ပါတီက ကြေညာပြီး သိပ်မကြာခင်မှာ ထွက်ပေါ်လာခဲ့တာပါ။ ယင်းဂိမ်းအတွင်းမှာ ကစားသူများဟာ ဟောင်ကောင်လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့အရာများကို ဖန်တီးခဲ့ကြတဲ့အတွက် ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဟောင်ကောင်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Joshua Wong ဟာ ဧပြီလ ၂ ရက်နေ့က နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ ဂိမ်းဓာတ်ပုံတစ်ပုံကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အခြားသူများဟာလည်း …

နိုင်ငံတကာဂိမ်းဆာဗာများကို တရုတ်နိုင်ငံမှ ဝင်ရောက်ကစားခွင့်ရတော့မည်မဟုတ် Read More »

လူစာရင်းအပြောင်းအလဲ၊ League စနစ်အကြောင်း စသဖြင့် PSG.LGD အသင်းသစ်နဲ့ အင်တာဗျူး

[Unicode] လူစာရင်းအပြောင်းအလဲ၊ League စနစ်အကြောင်း စသဖြင့် PSG.LGD အသင်းသစ်နဲ့ အင်တာဗျူး   PSG.LGD အသင်းဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း တရုတ်နိုင်ငံရဲ့အကောင်းဆုံး Dota2 အသင်းလို့ သတ်မှတ်မယ်ဆိုရင် မှားမယ်မထင်ပါဘူး။ Ti ကိုနှစ်ကြိမ်တိုင် နီးကပ်စွာစိန်ခေါ်ခဲ့ပေမယ့် အရှုံးပေးခဲ့ရပြီး အကောင်းဆုံးအရှုံးသမားတစ်ယောက် ဖြစ်ခဲ့တဲ့သူတို့ဟာ အခု DPC Season အတွင်းမှာတော့ လူစာရင်းမတည်ငြိမ်မှုနဲ့အတူ ရလဒ်တွေဆိုးဝါးလျက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုလက်ရှိလူစာရင်းဖြစ်တဲ့ Chalice, Maybe, eLeVeN, fy, xNova တို့နဲ့တော့ နောက်ဆုံးဆော့ခဲ့တဲ့ ပွဲတွေမှာ VG, iG နဲ့ RNG တို့လို ပြည်တွင်းပြိုင်ဘက်ကောင်းတွေကို ရှုံးပွဲတောင်မရှိဘဲ အပြတ်အသတ်အနိုင်ယူပြခဲ့ပါတယ်။ ယခင်က old-eleven နာမည်နဲ့လူသိများတဲ့ eLeVeN ဟာ ယခင် EHOME နဲ့နာမည်ကျော်ခဲ့ပြီး …

လူစာရင်းအပြောင်းအလဲ၊ League စနစ်အကြောင်း စသဖြင့် PSG.LGD အသင်းသစ်နဲ့ အင်တာဗျူး Read More »