M2 World Championship မှာ အံ့မခန်း လက်စွမ်းပြနိုင်ခဲ့ပေမယ့် ချန်ပီယံဆုနဲ့ ကပ်လွဲခဲ့ရတဲ့ Burmese Ghouls
M2 World Championship မှာ အံ့မခန်း လက်စွမ်းပြနိုင်ခဲ့ပေမယ့် ချန်ပီယံဆုနဲ့ ကပ်လွဲခဲ့ရတဲ့ Burmese Ghouls မကြာသေးမီက ကျင်းပပြီးစီးသွားခဲ့တဲ့ M2 World Championship ပြိုင်ပွဲကြီးအတွင်း မြန်မာကိုယ်စားပြုအသင်းအဖြစ် ယှဥ်ပြိုင်နေခဲ့တာကတော့ Burmese Ghouls ပါ။ ပြိုင်ပွဲရဲ့ ဂရင်းဖိုင်နယ်ကို upper bracket ကနေ တက်ရောက်သွားနိုင်ခဲ့တဲ့ Burmese Ghouls ဟာ ယင်းနောက်ဆုံး BO7 ပွဲစဥ်များမှာတော့ Bren Esports ကို ၃ – ၄ ရလဒ်နဲ့ ကပ်ပြီး ရှုံးနိမ့်ကာ 1st Runner-Up အဖြစ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ကြတဲ့ ဒီပွဲစဥ်များအတွင်း ၂ ဘက်လုံးရဲ့ လက်ရည်ကွာခြားမှုက လွန်စွာနည်းပါးနေခဲ့တာတော့ အမှန်ပါ။ ပထမဆုံးပွဲနဲ့ …