အင်ဒိုနီးရှားမှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီ

[Unicode] အင်ဒိုနီးရှားမှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီ   အင်ဒိုနီးရှားနိုင်ငံရဲ့ လူငယ်ရေးရာနဲ့ အီလက်ထရောနစ်အားကစားဝန်ကြီးဌာနဟာ အင်ဒိုနီးရှား အမျိုးသားအဆင့် အားကစားကော်မတီ (KONI) နဲ့အတူ ပူးပေါင်းပြီး ကြေညာချက်တစ်ရပ်ကို မကြာသေးမီက ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် အမျိုးသားအဆင့် ဗဟို KONI ကွန်ဖရင့်ပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ဒီကြေညာချက်အရ အင်ဒိုနီးရှားနိုင်ငံဟာ အီလက်ထရောနစ်အားကစား (Esports) ကို တရားဝင် အားကစားတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီပဲဖြစ်ပါတယ်။ ကွန်ဖရင့်ပွဲအတွင်းမှာ အင်ဒိုနီးရှားအစိုးရဟာ အင်ဒိုနီးရှားအီလက်ထရောနစ်အားကစားဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ (PB ESI) ကို နိုင်ငံရဲ့ Esports ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ဖို့အတွက် အသိအမှတ်ပြုတာဝန်ပေးသွားခဲ့ပါတယ်။ အင်ဒိုနီးရှားအစိုးရရဲ့ သတ်မှတ်ချက်အရ PB ESI ဟာ ဒီတာဝန်ကိုယူမယ့် နိုင်ငံရဲ့ တစ်ခုတည်းသော Esports …

အင်ဒိုနီးရှားမှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီ Read More »