Aui_2000 ပြောပြခဲ့တဲ့ TI11 အကြောင်း (ဒုတိယပိုင်း)

“Aui_2000 ပြောပြခဲ့တဲ့ TI11 အကြောင်း (ဒုတိယပိုင်း)”   TI11 ရဲ့ playoff ပထမဆုံးရက်မှာ ကစားခဲ့ရတဲ့အသင်းတွေဟာ caster တွေကြေညာတဲ့အသံတွေကိုရော ဂိမ်းပွဲပြန်ပြနေတဲ့အသံတွေကိုရော ​ကစားရင်းကြားနေခဲ့ရလို့ အဆင်မပြေဖြစ်ခဲ့ကြပြီး ကျွန်တော်တို့ကတော့ ကံကောင်းစွာနဲ့ပဲ အဲဒီနေ့မှာ အနားရခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် in-ears နားကြပ်တွေ၊ အသံလုံ headset တွေနဲ့ အသံထိန်းညှိတာမျိုးတွေလုပ်ပြီး ဒီပြဿနာကို အမြန်ဖြေရှင်းလို့ရရဲ့သားနဲ့ ဘာလို့ကြာနေခဲ့လဲဆိုတာ ကျွန်တော်နားမလည်ပါဘူး။ အဲဒီကိစ္စနဲ့ယှဉ်ရင် တခြားပြဿနာတွေတုန်းက ဖြေရှင်းတာ အရမ်းမြန်ခဲ့ပါတယ်။ ပွဲထဲက ကစားသမားတွေရဲ့ တုံ့ပြန်ပြောဆိုမှုတွေကို ကြီးကြပ်သူတွေ ပြန်သိနိုင်မယ့်စနစ် ပိုကောင်းအောင် ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်။ ပြိုင်ပွဲထဲမှာ ဂိမ်းတွင်း true sight တွေ အပြင်ကို ချပြတာကိုလည်း ကျွန်တော်အံ့သြမိပါတယ်။ တစ်ချို့ကတော့ ဒါဟာ မသင့်လျှော်ဘူးလို့ဆိုနိုင်ပေမယ့် ကျွန်တော်ကတော့ …

Aui_2000 ပြောပြခဲ့တဲ့ TI11 အကြောင်း (ဒုတိယပိုင်း) Read More »