among us

တရုတ်နိုင်ငံမှာ အလွန်ခေတ်စားနေတဲ့ Among Us ရဲ့ ပုံတူဂိမ်း Werewolf Among Us

တရုတ်နိုင်ငံမှာ အလွန်ခေတ်စားနေတဲ့ Among Us ရဲ့ ပုံတူဂိမ်း Werewolf Among Us   ယခုနှစ်အတွင်း အလွန်ခေတ်စားနေခဲ့တဲ့ Among Us ဂိမ်းဟာ လူငယ်လူကြီးမရွေးဆော့ကစားနိုင်အောင် လွယ်ကူရိုးရှင်းရုံသာမက အမေရိကန်လွှတ်တော်အမတ်ဖြစ်သူ Alexandria Ocasio-Cortez ကိုယ်တိုင်ကတောင် တိုက်ရိုက်ထုတ်လွှင့် ကစားပြရလောက်အောင် အောင်မြင်နေခဲ့တာပါ။ ဒါပေမယ့် မည်သည့်ဂိမ်းမဆို ကမ္ဘာတစ်ဝှမ်းမှာ ဘယ်လောက်ပဲခေတ်စားပါစေ၊ တရုတ်နိုင်ငံရောက်ရင်တော့ ဒေသနဲ့ အကျွမ်းဝင် လိုက်လျောညီထွေ ဖြစ်မှသာ လက်ခံကြိုဆိုခြင်းခံရမှာဖြစ်ကြောင်း ညွှန်ပြလိုက်တဲ့အရာတစ်ခု ပေါ်ပေါက်လို့ လာပါတယ်။ အဲဒါကတော့ Among Us ကို တုပပြုလုပ်ထားတဲ့ တရုတ်ဂိမ်း Werewolf Among Us ဟာ နိုင်ငံတွင်းမှာ မူရင်းဂိမ်းထက် ပိုမိုလူကြိုက်များ နေတာပဲဖြစ်ပါတယ်။ Shenzhen Youliang Technology က …

တရုတ်နိုင်ငံမှာ အလွန်ခေတ်စားနေတဲ့ Among Us ရဲ့ ပုံတူဂိမ်း Werewolf Among Us Read More »

Dota 2 ထဲမှာ Among Us ကစားနိုင်ပြီ

Dota 2 ထဲမှာ Among Us ကစားနိုင်ပြီ   CIS ရဲ့ နာမည်ကျော် Dota 2 YouTuber များဖြစ်ကြတဲ့ XENO နဲ့ Meeponegeroi တို့ဟာ Dota 2 arcade mode အတွင်းမှာ Among Us ပုံစံ custom game တစ်ခုကို မကြာသေးမီက ဖန်တီးခဲ့ကြပါတယ်။ ဒီဂိမ်းကို မူရင်း Among Us ဂိမ်းကစားနည်းအတိုင်း ကစားရမှာဖြစ်ပြီး Dota 2 ဂိမ်းတွင်းဇာတ်ကောင်များနဲ့ အပြင်အဆင်များထည့်သွင်းထားတဲ့ ကွာခြားချက်တော့ရှိပါတယ်။ Dota 2 Among Us Edition အတွင်း ကစားသူစုစုပေါင်း ၁၀ ဦးလျှင် imposter ၂ ဦး ပါဝင်မှာပါ။ …

Dota 2 ထဲမှာ Among Us ကစားနိုင်ပြီ Read More »

အနိုင်ရသူကို ဆုကြေးငွေ ဒေါ်လာ ၁၂,၀၀၀ ချီးမြှင့်ခဲ့တဲ့ Among Us Esports ပြိုင်ပွဲ

အနိုင်ရသူကို ဆုကြေးငွေ ဒေါ်လာ ၁၂,၀၀၀ ချီးမြှင့်ခဲ့တဲ့ Among Us Esports ပြိုင်ပွဲ   PC ပေါ်မှာရော မိုဘိုင်းလ်ပေါ်မှာပါ ကစားလို့ရတဲ့ Among Us ဂိမ်းဟာ ယင်းရဲ့ရိုးရှင်းလွယ်ကူမှုကြောင့် Esports ဆန်ဆန်ပြိုင်ပွဲ များပြုလုပ်လာလိမ့်မယ်လို့ ယခင်က မည်သူမှထင်မထားခဲ့ကြပါဘူး။ ဒါပေမယ့် မကြာသေးမီကတော့ Esports အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ FaZe Clan ဟာ နာမည်ကျော် streamer များကို ခေါ်ယူကာ Among Us In-Vent-Ational ပြိုင်ပွဲကို ပြုလုပ်ပြီး ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၂၅,၀၀၀ အထိ ချီးမြှင့်ခဲ့လို့ လူအများအံ့အားသင့်ခဲ့ကြရပါတယ်။ ယင်းပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲသွားသူကတော့ Twitch streamer တစ်ဦးဖြစ်တဲ့ Yetiapocalypse ပါ။ FaZe Clan ဟာ …

အနိုင်ရသူကို ဆုကြေးငွေ ဒေါ်လာ ၁၂,၀၀၀ ချီးမြှင့်ခဲ့တဲ့ Among Us Esports ပြိုင်ပွဲ Read More »

Twitch မှာ Among Us ကစားပြပြီး ကြည့်ရှုသူ စံချိန်တင်သွားတဲ့ အမေရိကန် အမတ်

Twitch မှာ Among Us ကစားပြပြီး ကြည့်ရှုသူ စံချိန်တင်သွားတဲ့ အမေရိကန် အမတ်   အမေရိကန်အမျိုးသမီးလွှတ်တော်အမတ်တစ်ဦးဖြစ်သူ Alexandria Ocasio-Cortez ဟာ မကြာသေးမီက Twitch ပေါ်မှာ ချန်နယ်တစ်ခုကို ပြုလုပ်ကာ Among Us ဂိမ်းကို ကစားပြခဲ့ပါတယ်။ Ocasio-Cortez ဟာ အမေရိကန်နိုင်ငံရဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူများမဲပေးရေးလှုံ့ဆော်ဖို့အတွက် ယခုလိုပြုလုပ်ခဲ့တာဖြစ်ပြီး ယင်း stream အတွင်းမှာ နာမည်ကြီး streamer များဖြစ်ကြတဲ့ Pokimane, HasanAbi, DisguisedToast, အခြားအမေရိကန်အမျိုးသမီးလွှတ်တော်အမတ် Ilhan Omar စ သူတို့ ပါဝင်လာခဲ့ပါတယ်။ Ocasio-Cortez ရဲ့ ချန်နယ်ဟာ stream လွှင့်တာ ၂ နာရီခွဲခန့်သာ ကြာမြင့်သေးတဲ့အချိန်မှာတင် follower …

Twitch မှာ Among Us ကစားပြပြီး ကြည့်ရှုသူ စံချိန်တင်သွားတဲ့ အမေရိကန် အမတ် Read More »

Among Us 2 ပရောဂျက်ကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောပြလာတဲ့ InnerSloth

Among Us 2 ပရောဂျက်ကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောပြလာတဲ့ InnerSloth   လက်ရှိ Twitch မှာရော ဂိမ်မာတွေအကြားမှာပါ ရေပန်းအစားဆုံးလို့ပြောရမယ့် Among Us ဂိမ်းရဲ့ Developer ဖြစ်သူ InnerSloth ကတော့ သူတို့ကြေညာထားတဲ့ Among Us 2 ကို Cancel လိုက်ပြီ ဖြစ်တယ်လို့ ပြီးခဲ့ရက်ပိုင်းကပဲ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ InnerSloth ဟာ Among Us ရဲ့ အောင်မြင်မှုကြောင့် Among Us 2 ကိုထပ်မံထုတ်သွားမယ့်အကြောင်းကို ဩဂုတ်လ ၁၈ ရက်နေ့က ကြေညာခဲ့တာ ဖြစ်ပြီး တစ်လကျော်ခန့်အကြာမှာတော့ အဆိုပါပရောဂျက်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ လောလောဆယ် Among Us 1 ကို အရူးအမူး …

Among Us 2 ပရောဂျက်ကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောပြလာတဲ့ InnerSloth Read More »

ဂိမ်မာတွေကြားထဲမှာ လက်တလောရေပန်းစားနေတဲ့ Among Us

ဂိမ်မာတွေကြားထဲမှာ လက်တလောရေပန်းစားနေတဲ့ Among Us   Among Us ဟာထွက်ရှိခဲ့တာ ၂ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပေမယ့် လက်ရှိအချိန်ရောက်မှ ဆန်းထပွင့်ပြီး ဂိမ်မာတွေအကြားမှာ တော်တော်လေးကိုရေပန်းစားလာတဲ့ဂိမ်းပါ။ အမေရိကန် Indie Developer ဖြစ်တဲ့ Innersloth ရဲ့လက်ရာ Among Us ကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ iOS နဲ့ Android ပေါ်မှာဖြန့်ချိခဲ့ပြီး ၂၀၁၈ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့မှာ Steam ကတစ်ဆင့် PC ပလက်ဖောင်းပေါ်ကိုဖြန့်ချိခဲ့ပါတယ်။ တကယ်တော့ Innersloth ဟာ လူ ၃ ယောက်တည်းနဲ့ ဖွဲ့စည်းထားတဲ့ဂိမ်းကုမ္ပဏီဖြစ်ပြီး သူတို့ကိုအောင်မြင်မှုလမ်းကြောင်းပေါ် တင်ပေးလိုက်တဲ့ Among Us မတိုင်ခင်မှာလည်း Dig2China လို့ခေါ်တဲ့ …

ဂိမ်မာတွေကြားထဲမှာ လက်တလောရေပန်းစားနေတဲ့ Among Us Read More »