သားဖြစ်သူကို မွေးနေ့လက်ဆောင်ပေးဖို့ မှာယူထားတဲ့ PS5 ကို ပစ္စည်းပို့သူက ပြန်လည်ခိုးယူသွားခဲ့တဲ့အဖြစ်
သားဖြစ်သူကို မွေးနေ့လက်ဆောင်ပေးဖို့ မှာယူထားတဲ့ PS5 ကို ပစ္စည်းပို့သူက ပြန်လည်ခိုးယူသွားခဲ့တဲ့အဖြစ် အင်္ဂလန်နိုင်ငံ Launton ရွာမှာ နေထိုင်တဲ့ Jenni Walker လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ၁၆ နှစ်အရွယ် သားဖြစ်သူအတွက် PS5 တစ်လုံး မွေးနေ့လက်ဆောင်ပေးဖို့ စီစဉ်ခဲ့ရာမှာ မမျှော်လင့်ထားတဲ့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ Amazon ကနေ ငွေပေးချေပြီး မှာယူထားတဲ့ PS5 ဟာ လုံးဝမရောက်လာတော့ပဲ အတူမှာယူထားတဲ့ အခြားပစ္စည်းများသာ ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ Amazon ကုမ္ပဏီကို ဆက်သွယ်ပြီး ဒီအကြောင်းကို မေးမြန်းခဲ့ပါတယ်။ စုံစမ်းမှုများပြုလုပ်ရာမှာတော့ စီစီတီဗွီတစ်ခုက ရိုက်ကူးထားတဲ့ ဗီဒီယိုအတွင်း Amazon ရဲ့ အမည်မသိ ပစ္စည်းပို့ဆောင်သူတစ်ဦးဟာ PS5 …