2022

2022 Asian Games တွင် Esports ကို ရွှေတံဆိပ်ဆု ချီးမြှင့်မယ့် အားကစားအဖြစ် ထည့်သွင်းမည်

၂၀၂၂ အာရှအားကစားပေါင်းစုံပြိုင်ပွဲ (2022 Asian Games) အတွင်း Esports ကို ရွှေတံဆိပ်ဆု ချီးမြှင့်မယ့် အားကစားအဖြစ် ထည့်သွင်းမည်   အာရှ အီလက်ထရောနစ်အားကစား ဖက်ဒရေးရှင်းအဖွဲ့ကြီး (AESF) ဟာ ၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် အာရှအားကစားပေါင်းစုံပြိုင်ပွဲ (2022 Asian Games) အတွင်း Esports ကို ရွှေတံဆိပ်ဆု ချီးမြှင့်မယ့် အားကစားအဖြစ် ထည့်သွင်းသွားမှာဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ ဒါကြောင့် အာရှနိုင်ငံအသီးသီးက ထူးချွန်တဲ့ Esports ကစားသမားများဟာ တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ကျင်းပမယ့် ဒီပြိုင်ပွဲကြီးအတွင်း ကြိုးပမ်းကစားရင်း အမိနိုင်ငံအတွက် ဂုဏ်ယူဖွယ် ရွှေတံဆိပ်များ ဆွတ်ခူးပေးနိုင်ကြတော့မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ Esports ကို ထည့်သွင်းနိုင်ဖို့အတွက် AESF သာမက အာရှအိုလံပစ်အားကစားကောင်စီ …

2022 Asian Games တွင် Esports ကို ရွှေတံဆိပ်ဆု ချီးမြှင့်မယ့် အားကစားအဖြစ် ထည့်သွင်းမည် Read More »

စျေးနှုန်းသက်သာပြီး Season Update သာပါရှိမယ့် PES 2021

[Unicode] စျေးနှုန်းသက်သာပြီး Season Update သာပါရှိမယ့် PES 2021   ဘောလုံးဂိမ်းချစ်သူပရိသတ်များ စောင့်မျှော်နေခဲ့ကြတဲ့ PES 2021 ဟာ ယခင်နှစ်များအတိုင်း သီးခြားဂိမ်းတစ်ခုအနေနဲ့ ထွက်ပေါ်လာမှာဖြစ်ပေမယ့် ချိုသာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ကြောင်း KONAMI က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် PES 2021 ဟာ season update ငယ်တစ်ခုအဖြစ်သာ ထွက်ပေါ်လာမှာဖြစ်လို့ ဈေးနှုန်းချိုသာစွာရောင်းချပေးရခြင်းဖြစ်ကြောင်းကိုလည်း KONAMI က ပြောသွားခဲ့ပါတယ်။ PES 2021 မှာ ဘယ်လိုပြောင်းလဲမှုတွေပါဝင်လာမယ်ဆိုတာကိုတော့ အတိအကျထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် season update လို့ ကြေညာထားပုံအရတော့ လက်ရှိ PES 2020 အတွင်းမှာ ပါဝင်တဲ့ အသင်းသားစာရင်းများနဲ့ အချက်အလက်များကိုသာ အနည်းငယ်ပြောင်းလဲပြီး ဂိမ်းသစ်တစ်ခုအနေနဲ့ ထွက်ပေါ်လာမှာဖြစ်ကြောင်း ယူဆရပါတယ်။ …

စျေးနှုန်းသက်သာပြီး Season Update သာပါရှိမယ့် PES 2021 Read More »