လာမယ့်ရာသီ DPC Division (1) နေရာကို ရောင်းချဖွယ်ရှိနေတဲ့ T1

 

ထွက်ရှိနေတဲ့ သတင်းတွေအရ ကိုရီးယား အင်အားကြီး Dota2 အသင်းဖြစ်တဲ့ T1 ဟာ သူတို့ရဲ့ လာမယ့်ရာသီ DPC Slot ကို စင်္ကာပူအျခြစိုက် အသင်းတစ်သင်းထံ ရောင်းချနိုင်ကြောင်း သိရှိရပါတယ်။

T1 အသင်းဟာ TI11 မစခင် ana နဲ့ Topson တို့ကို ခေါ်ယူခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာရှိခဲ့ကြပါတယ်။ တကယ်တမ်း ယှဉ်ပြိုင်ခဲ့ရာမှာတော့ SEA Qualifier မှာ တတိယနေရာသာ ရရှိခဲ့ပြီး Last Chance Qualifier မှာလည်း ထပ်မံရှုံးနိမ့်ခဲ့ကာ TI11 ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

TI11 နောက်ပိုင်းမှာတော့ T1 ကစားသမားတွေဖြစ်တဲ့ Kuku, Xepher နဲ့ Whitemon တို့ (၃) ယောက်ဟာ အသင်းသစ်ရှာဖွေနေကြောင်း ကြေညာခဲ့ပါတယ်။ Topson ကတော့ Standin အဖြစ်သာ TI Qualifier ဝင်ကစားခဲ့တာဖြစ်ပြီး ana တစ်ယောက်ထဲသာ T1 မှာ ကျန်ရှိနေတာ ဖြစ်ပါတယ်။

T1 ရဲ့ ရောင်းချမယ့် DPC Slot ကို ဝယ်ယူမယ်လို့ သတင်းထွက်နေတာကတော့ Bleed eSports လို့ခေါ်တဲ့ 🇸🇬 စင်္ကာပူ အသင်းတစ်သင်းပဲဖြစ်ပါတယ်။ သူတို့မှာ လက်ရှိ Dota2 အသင်းမရှိဘဲ Valorant အသင်းတစ်သင်းသာ ပိုင်ဆိုင်ထားပါတယ်။ Liquipedia စာမျက်နှာအရ သူတို့ Valorant အသင်းရဲ့ ရရှိထားတဲ့ ဆုကြေးငွေက ဒေါ်လာ (၅၀,၀၀၀) ခန့်ရှိနေပါတယ်။

T1 အနေနဲ့လည်း DPC Slot ကို ရောင်းဖြစ်ခဲ့တယ်ဆိုရင် လာမယ့်ရာသီမှာ Open Qualifier ကနေသာ ပြန်လည်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ana ကလည်း အသင်းကထွက်နိုင်ခြေများပြီး လူငယ်ကစားသမားတွေနဲ့ ပြန်လည်ဖွဲ့စည်းမယ်လို့ ယူဆရပါတယ်။

လာမယ့် ရာသီ ပထမဆုံး DPC Season (1) ကို ဒီဇင်ဘာ ဒုတိယပါတ်လောက်မှာ စတင်မှာဖြစ်လို့ မကြာခင် တရားဝင်သတင်းတွေ ထုတ်ပြန်ကြေညာဖွယ် ရှိနေပါတယ်။ Bleed eSports အနေနဲ့လည်း Division (1) အဆင့်မှာ တင်ကျန်နိုင်ဖို့ ဘယ်ကစားသမားတွေ ခေါ်ယူမလဲဆိုတာလည်း စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source – AFKGaming