[ZawGyi]
ဖုန္းသုံးတာနဲ႔ ျမန္မာက်ပ္ေငြ ေျခာက္သိန္းခြဲခန္႔ ဒဏ္ေငြေဆာင္ရမယ့္ PSG LGD ရဲ႕ Ti 9 ေလ့က်င့္ေရး
Dota 2 ရဲ႕ အၾကီးမားဆုံး ျပိဳင္ပြဲ The International 9 (Ti 9) ကေတာ့ လာမယ့္ ၾသဂုတ္လထဲမွာ က်င္းပေတာ့မွာပါ။ ဆုေၾကးေငြပမာဏဟာ ေၾကာက္ခမန္းလိလိ ျမင့္တက္ေနျပီး လက္ရွိမွာ စုစုေပါင္း ေဒၚလာ ၂၉ သန္း ခ်ီးျမွင့္မယ္လုိ႔ ေၾကျငာထားျပီးပါျပီ။ လက္ရည္စစ္ပြဲ qualifier မ်ားဟာလည္း မၾကာေသးမီက ျပီးဆုံးခဲ့ျပီျဖစ္လုိ႔ ျပိဳင္ပြဲၾကီးမွာ ဝင္ေရာက္ယွဥ္ျပိဳင္မယ့္ အသင္း ၁၈ သင္းဟာ ယခုအခ်ိန္မွာ ျပင္းျပင္းထန္ထန္ စခန္းသြင္း ေလ့က်င့္မႈေတြကို ျပဳလုပ္ေနၾကတာပါ။
TI ပြဲမ်ား စတင္စဥ္ထဲက စုံဂဏန္း ခုႏွစ္မ်ားမွာ ခ်န္္ပီယံ ဗုိလ္စြဲခဲ့တဲ့ တရုတ္အသင္းမ်ားရဲ႕ အစဥ္အလာ ဟာ လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္မွာေတာ့ ဇာတ္သိမ္းခဲ့ရပါတယ္။ လြန္ခဲ့တဲ့ႏွစ္မွာ တရုတ္ Dota အသင္း PSG LGD ဟာ OG ကို TI 8 Grand Final ပြဲစဥ္မ်ားမွာ ရႈံးနိမ့္ခဲ့ရျပီး တရုတ္အသင္းမဟုတ္္တဲ့ OG ကို TI Aegis of Champions ဒိုင္းဆုၾကီးကို ေပးအပ္ခဲ့ရတာပါ။ ျပိဳင္ဘက္အေပၚ အထင္ေသးမႈမ်ားနဲ႕ လြဲေခ်ာ္တဲ့ ကစားကြက္အမွားမ်ား ျပဳလုပ္ခဲ့တဲ့ PSG LGD ရဲ႕ gameplay မ်ားကို ၾကည့္ရႈသူ ပရိတ္သတ္မ်ား အားမလိုအားမရျဖစ္ခဲ့ၾကရပါတယ္။

ဒီႏွစ္ TI ဟာ တရုတ္ႏိုင္ငံမွာ က်င္းပတာျဖစ္ျပီး တရုတ္အသင္းမ်ားျဖစ္တဲ့ PSG LGD, Vici Gaming, Keen Gaming မ်ားလည္း ဝင္ေရာက္ယွဥ္ျပိဳင္ၾကမွာပါ။ တရုတ္အသင္းမ်ားဟာ အတိတ္မွာျဖစ္ခဲ့တဲ့ ေပါ့ေလ်ာ့မႈအမွားမ်ားအတိုင္း လုံးဝအျဖစ္ခံေတာ့မွာ မဟုတ္ပဲ အမိႏိုင္ငံ တရုတ္ေျမအတြက္ ဂုဏ္ေဆာင္ႏိုင္ေရး ၾကိဳးပမ္းေနၾကတာပါ။ အထူးသျဖင့္ ယခုႏွစ္ TI မွာ ျပန္လည္ဝင္ေရာက္ယွဥ္ျပိဳင္မယ့္ PSG LGD အတြက္ ဒါဟာ မေက်ပြဲၾကီး ျဖစ္ျပီး Aegis of Champions ကို ပိုင္ဆိုင္ဖုိ႔ အစြြမ္းကုန္ ၾကိဳးစားေနၾကပါတယ္။
PSG LGD ရဲ႕ စခန္းသြင္းေလ့က်င့္မႈမ်ားဟာ တင္းၾကပ္လြန္းျပီး အသင္းသားမ်ားဟာ ေလ့က်င့္မႈနားရက္ျဖစ္တဲ့ တနဂၤေႏြ တစ္ရက္မွာပဲဲ မိုဘိုင္းဖုန္းမ်ား ကိုင္ေဆာင္ခြင့္ရွိပါတယ္။ ဖုန္းမ်ားကို ေလ့က်င့္ေရးတာဝန္ရွိသူမ်ားက သိမ္းဆည္းထားျပီး ခြင့္ျပဳခ်က္မရပဲ ဖုန္းကိုင္ေဆာင္လွ်င္ျဖစ္ေစ၊ chatting app မ်ားကို ကြန္ျပဴတာနဲ႔ သုံးတာပဲျဖစ္ေစ ေတြ႔ရွိရင္ ဒဏ္ေငြ 3000 RMB (၄၃၅ ေဒၚလာ) ျမန္မာက်ပ္ေငြ ေျခာက္သိန္းခြဲခန္႔ ေပးေဆာင္ရပါမယ္။ ေဆးလိပ္ေသာက္ျခင္းကိုလည္း လုံးဝတားျမစ္ထားျပီး ေလ့က်င့္မႈျပဳလုပ္ခ်ိန္ ေန႔လည္ ၁ နာရီကို အေရာက္လာဖုိ႔ နည္းနည္းေလးပဲ ေနာက္က်ခဲ့ရင္ေတာင္ 1000 RMB (၁၄၅ ေဒၚလာခန္႔) ေပးေဆာင္ရဦးမွာပါ။

Social Media app မ်ားအားလုံးကိုလည္း သူတို႔ရဲ႕ ကြန္ျပဴတာမ်ားေပၚမွာ ဖ်က္ထားရျပီး Steam ေပၚက မက္ေဆ့ပို႔ျခင္းကိုေတာင္ ခြင့္မျပဳထားသည္အထိ တင္းၾကပ္တာပါ။ နည္းျပမ်ား ခြင့္ျပဳရင္ေတာ့ တစ္ရက္ကုိ မိနစ္ ၃၀ ခန္႔ မိုဘိုင္းဖုန္းမ်ား အသုံးျပဳလုိ႔ ရပါတယ္။ ဒါေပမယ့္ တစ္သင္းလုံးဟာ TI ဆုကို ရရွိဖုိ႔ပဲ စိတ္ထက္သန္ေနၾကျပီး တရုတ္ပရိတ္သတ္မ်ားကလည္း PSG LGD အပါအဝင္ တရုတ္အသင္းမ်ားထဲမွ တစ္သင္း ခ်န္ပီယံျဖစ္ေရး အလြန္ေမွ်ာ္လင့္ေနၾကပါတယ္။
အျခားအသင္းမ်ားဟာလည္း အသီးသီး စခန္းသြင္းေလ့က်င့္ေနၾကျပီး ေလ့က်င့္ေရးနည္းစနစ္မ်ားကို လွ်ိဳ႕ဝွက္စြာ ထားရွိၾကပါတယ္။ လြန္ခဲ့တဲ့ႏွစ္က ခ်န္ပီယံျဖစ္ခဲ့တဲ့ OG ဟာ စာရြက္မ်ားေပၚမွာ နည္းဗ်ဴဟာမ်ား ခ်မွတ္ျပီး ယွဥ္ျပိဳင္ခဲ့တာကို ျမင္ေတြ႔ၾကရျပီးေနာက္ ယခုႏွစ္မွာ ကစားသမားမ်ားနဲ႔ နည္းျပမ်ားဟာ ဦးေႏွာက္နဲ႔ သက္သက္စဥ္းစားရုံတင္မဟုတ္ပဲ စာရြက္ေပၚခ်ေရးျပီး ထူးျခားတဲ့ draft မ်ားနဲ႔ gameplay မ်ား ျပဳလုပ္လာႏိုင္ပါတယ္။ ႏွစ္အတန္ၾကာ TI ပြဲမ်ားမွာတိမ္ျမွပ္ေနခဲ့တဲ့ Na’Vi နဲ႕ Alliance လို အသင္းမ်ားဟာလည္း အစြမ္းျပဖုိ့လိုအပ္ေနပါျပီ။
TI က်င္းပခ်ိန္တိုင္း တစ္ကမၻာလုံးကေန တခဲနက္ အားေပးၾကတဲ့ Dota ပရိတ္သတ္မ်ားကေတာ့ လာမယ့္လ ပြဲစဥ္မ်ားအတြက္ ရင္ခုန္ေနၾကပါတယ္။ TI 9 ပြဲၾကီးက်င္းျပီးစီးခ်ိန္ထိ ဘယ္အသင္းဟာ ခ်န္ပီယံျဖစ္လာမလဲဆိုတာ မသဲကြဲေလာက္ေအာင္ အသင္းမ်ားအားလုံးဟာ ျပင္းထန္စြာေလ့က်င့္ေနၾကပါေတာ့တယ္။ Dota 2 သတင္းမ်ားနဲ႔ အျခားေသာ esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။
Source: VP Esports
[Unicode]
ဖုန်းသုံးတာနဲ့ မြန်မာကျပ်ငွေ ခြောက်သိန်းခွဲခန့် ဒဏ်ငွေဆောင်ရမယ့် PSG LGD ရဲ့ Ti 9 လေ့ကျင့်ရေး
Dota 2 ရဲ့ အကြီးမားဆုံး ပြိုင်ပွဲ The International 9 (Ti 9) ကတော့ လာမယ့် သြဂုတ်လထဲမှာ ကျင်းပတော့မှာပါ။ ဆုကြေးငွေပမာဏဟာ ကြောက်ခမန်းလိလိ မြင့်တက်နေပြီး လက်ရှိမှာ စုစုပေါင်း ဒေါ်လာ ၂၉ သန်း ချီးမြှင့်မယ်လို့ ကြေငြာထားပြီးပါပြီ။ လက်ရည်စစ်ပွဲ qualifier များဟာလည်း မကြာသေးမီက ပြီးဆုံးခဲ့ပြီဖြစ်လို့ ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်း ၁၈ သင်းဟာ ယခုအချိန်မှာ ပြင်းပြင်းထန်ထန် စခန်းသွင်း လေ့ကျင့်မှုတွေကို ပြုလုပ်နေကြတာပါ။
TI ပွဲများ စတင်စဉ်ထဲက စုံဂဏန်း ခုနှစ်များမှာ ချန်ပီယံ ဗိုလ်စွဲခဲ့တဲ့ တရုတ်အသင်းများရဲ့ အစဉ်အလာ ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ဇာတ်သိမ်းခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်မှာ တရုတ် Dota အသင်း PSG LGD ဟာ OG ကို TI 8 Grand Final ပွဲစဉ်များမှာ ရှုံးနိမ့်ခဲ့ရပြီး တရုတ်အသင်းမဟုတ်တဲ့ OG ကို TI Aegis of Champions ဒိုင်းဆုကြီးကို ပေးအပ်ခဲ့ရတာပါ။ ပြိုင်ဘက်အပေါ် အထင်သေးမှုများနဲ့ လွဲချော်တဲ့ ကစားကွက်အမှားများ ပြုလုပ်ခဲ့တဲ့ PSG LGD ရဲ့ gameplay များကို ကြည့်ရှုသူ ပရိတ်သတ်များ အားမလိုအားမရဖြစ်ခဲ့ကြရပါတယ်။

ဒီနှစ် TI ဟာ တရုတ်နိုင်ငံမှာ ကျင်းပတာဖြစ်ပြီး တရုတ်အသင်းများဖြစ်တဲ့ PSG LGD, Vici Gaming, Keen Gaming များလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ တရုတ်အသင်းများဟာ အတိတ်မှာဖြစ်ခဲ့တဲ့ ပေါ့လျော့မှုအမှားများအတိုင်း လုံးဝအဖြစ်ခံတော့မှာ မဟုတ်ပဲ အမိနိုင်ငံ တရုတ်မြေအတွက် ဂုဏ်ဆောင်နိုင်ရေး ကြိုးပမ်းနေကြတာပါ။ အထူးသဖြင့် ယခုနှစ် TI မှာ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မယ့် PSG LGD အတွက် ဒါဟာ မကျေပွဲကြီး ဖြစ်ပြီး Aegis of Champions ကို ပိုင်ဆိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်။
PSG LGD ရဲ့ စခန်းသွင်းလေ့ကျင့်မှုများဟာ တင်းကြပ်လွန်းပြီး အသင်းသားများဟာ လေ့ကျင့်မှုနားရက်ဖြစ်တဲ့ တနင်္ဂနွေ တစ်ရက်မှာပဲ မိုဘိုင်းဖုန်းများ ကိုင်ဆောင်ခွင့်ရှိပါတယ်။ ဖုန်းများကို လေ့ကျင့်ရေးတာဝန်ရှိသူများက သိမ်းဆည်းထားပြီး ခွင့်ပြုချက်မရပဲ ဖုန်းကိုင်ဆောင်လျှင်ဖြစ်စေ၊ chatting app များကို ကွန်ပြူတာနဲ့ သုံးတာပဲဖြစ်စေ တွေ့ရှိရင် ဒဏ်ငွေ 3000 RMB (၄၃၅ ဒေါ်လာ) မြန်မာကျပ်ငွေ ခြောက်သိန်းခွဲခန့် ပေးဆောင်ရပါမယ်။ ဆေးလိပ်သောက်ခြင်းကိုလည်း လုံးဝတားမြစ်ထားပြီး လေ့ကျင့်မှုပြုလုပ်ချိန် နေ့လည် ၁ နာရီကို အရောက်လာဖို့ နည်းနည်းလေးပဲ နောက်ကျခဲ့ရင်တောင် 1000 RMB (၁၄၅ ဒေါ်လာခန့်) ပေးဆောင်ရဦးမှာပါ။

Social Media app များအားလုံးကိုလည်း သူတို့ရဲ့ ကွန်ပြူတာများပေါ်မှာ ဖျက်ထားရပြီး Steam ပေါ်က မက်ဆေ့ပို့ခြင်းကိုတောင် ခွင့်မပြုထားသည်အထိ တင်းကြပ်တာပါ။ နည်းပြများ ခွင့်ပြုရင်တော့ တစ်ရက်ကို မိနစ် ၃၀ ခန့် မိုဘိုင်းဖုန်းများ အသုံးပြုလို့ ရပါတယ်။ ဒါပေမယ့် တစ်သင်းလုံးဟာ TI ဆုကို ရရှိဖို့ပဲ စိတ်ထက်သန်နေကြပြီး တရုတ်ပရိတ်သတ်များကလည်း PSG LGD အပါအဝင် တရုတ်အသင်းများထဲမှ တစ်သင်း ချန်ပီယံဖြစ်ရေး အလွန်မျှော်လင့်နေကြပါတယ်။
အခြားအသင်းများဟာလည်း အသီးသီး စခန်းသွင်းလေ့ကျင့်နေကြပြီး လေ့ကျင့်ရေးနည်းစနစ်များကို လျှို့ဝှက်စွာ ထားရှိကြပါတယ်။ လွန်ခဲ့တဲ့နှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ OG ဟာ စာရွက်များပေါ်မှာ နည်းဗျူဟာများ ချမှတ်ပြီး ယှဉ်ပြိုင်ခဲ့တာကို မြင်တွေ့ကြရပြီးနောက် ယခုနှစ်မှာ ကစားသမားများနဲ့ နည်းပြများဟာ ဦးနှောက်နဲ့ သက်သက်စဉ်းစားရုံတင်မဟုတ်ပဲ စာရွက်ပေါ်ချရေးပြီး ထူးခြားတဲ့ draft များနဲ့ gameplay များ ပြုလုပ်လာနိုင်ပါတယ်။ နှစ်အတန်ကြာ TI ပွဲများမှာတိမ်မြှပ်နေခဲ့တဲ့ Na’Vi နဲ့ Alliance လို အသင်းများဟာလည်း အစွမ်းပြဖို့လိုအပ်နေပါပြီ။
TI ကျင်းပချိန်တိုင်း တစ်ကမ္ဘာလုံးကနေ တခဲနက် အားပေးကြတဲ့ Dota ပရိတ်သတ်များကတော့ လာမယ့်လ ပွဲစဉ်များအတွက် ရင်ခုန်နေကြပါတယ်။ TI 9 ပွဲကြီးကျင်းပြီးစီးချိန်ထိ ဘယ်အသင်းဟာ ချန်ပီယံဖြစ်လာမလဲဆိုတာ မသဲကွဲလောက်အောင် အသင်းများအားလုံးဟာ ပြင်းထန်စွာလေ့ကျင့်နေကြပါတော့တယ်။ Dota 2 သတင်းများနဲ့ အခြားသော esport သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။
Source: VP Esports