Twitch ပေါ်မှာ တစ်ကိုယ်ရည်အာသာဖြေပြလို့ ban ခံရသူအမျိုးသမီးတစ်ဦး ပေါ်ပေါက်လာပြန်

 

Twitch ဟာ ဗီဒီယိုဂိမ်းလောကရဲ့ အဓိက streaming ပလက်ဖောင်းကြီးအဖြစ် ရပ်တည်နေတာ နှစ်အတော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့နာမည်အကြီးဆုံး ဂိမ်း streamer အမြောက်အများကို တွေ့နိုင်တဲ့နေရာတစ်ခုဖြစ်သလို ကြည့်ရှုသူ သန်းပေါင်းများစွာကိုလည်း ရရှိထားပါတယ်။ စတင်စဉ်မှာ ဗီဒီယိုဂိမ်း stream များကိုသာ သီးသန့်လွှင့်စေဖို့ ရည်ရွယ်ထားခဲ့တဲ့ Twitch ဟာ နောက်ပိုင်းမှာတော့ just chatting, music, ASMR, art စတဲ့ ဂိမ်းနဲ့မသက်ဆိုင်တဲ့ ခေါင်းစဉ်များကိုပါ ဖြည်းဖြည်းချင်း ထည့်သွင်းလာခဲ့သလို အမျိုးသမီးငယ်များ ဘီကီနီဝတ်ပြီး ရေစိမ်ပြတဲ့ pools, hot tubs and beaches လို ခေါင်းစဉ်မျိုးကိုပါ ခွင့်ပြုလာခဲ့ပါတယ်။

Twitch ရဲ့ စည်းမျဉ်းစည်းကမ်းများအတွင်း ဘီကီနီဝတ်ဆင်ခြင်းကို ခွင့်ပြုထားပေမယ့် လိင်အသားပေး အကြောင်းအရာများ တင်ဆက်ဖော်ပြမှုကိုတော့ တင်းကြပ်စွာ တားမြစ်ထားပါတယ်။ ဒါပေမယ့် ပလက်ဖောင်းအတွင်း မည်သူမဆို အကောင့်သစ်တစ်ခုကို အခမဲ့ဖွင့်ပြီးတာနဲ့ ချက်ချင်း stream လွှင့်နိုင်တာကြောင့် ယင်းကို အားနည်းချက်တစ်ခုသဖွယ် အသုံးပြုပြီး စည်းကမ်းချိုးဖောက်လိုသူများ ပေါ်ပေါက်လာနိုင်ကြောင်း ယခင်တည်းက လေ့လာသူများ ခန့်မှန်းခဲ့ကြဖူးပါတယ်။

LivestreamFail Subreddit

ယခုလအစပိုင်းမှာတော့ Twitch ပေါ်မှာ ဝတ်လစ်စလစ်နဲ့ တစ်ကိုယ်ရည်အာသာဖြေပြတဲ့ အမျိုးသမီးတစ်ဦး ပေါ်ပေါက်လာခဲ့ပါတယ်။ သူမအသုံးပြုသွားခဲ့တဲ့အကောင့်နာမည်ကတော့ aielieen1 ဖြစ်ပြီး stream လွှင့်နေစဉ်အတွင်း Livestreamfail subreddit နဲ့ Twitter ပေါ်မှာ သူမ အာသာဖြေပြတာကို ကြည့်ရှုသူအယောက် ၅,၀၀၀ ကျော်နေပြီဖြစ်ကြောင်း ပို့စ်များတက်လာခဲ့တာကြောင့် အင်တာနက်တစ်ခွင် ပျံ့နှံ့သွားခဲ့ပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာ သူမရဲ့ stream ဟာ တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုသူအများဆုံးအရေအတွက် ၃၀၀ ခန့်သာ ရရှိခဲ့တာဖြစ်ပြီး ဗီဒီယိုအတွင်းမှာ သူမဟာ လိင်ကစားစရာများကိုလည်း အသုံးပြုပြခဲ့ပါတယ်။ Stream လွှင့်ပြီး တစ်နာရီခန့်အကြာမှာတော့ Twitch ဟာ သူမရဲ့ ချန်နယ်ကို ban သွားခဲ့သလို သက်ဆိုင်ရာဗီဒီယိုကိုလည်း ဖယ်ရှားပစ်ခဲ့ပါတယ်။ Twitchtracker ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ သူမဟာ ယင်းအကောင့်ကို stream လွှင့်တဲ့ တစ်ရက်တည်းမှာ အသစ်ဖွင့်ထားခဲ့တာလည်းဖြစ်ပါတယ်။

Aielieen1 အကြောင်း Livestreamfail subreddit ပေါ်မှာ တင်ထားခဲ့တဲ့ ပို့စ်အတွင်း သူမရဲ့ Instagram နဲ့ Twitter ဆိုရှယ်မီဒီယာများကိုပါ ဖော်ပြထားခဲ့တာကြောင့် သူမဟာ Twitch ပေါ်မှာ ban ခံရမယ်မှန်းသိလျက်နဲ့ နာမည်ကျော်ကြားလိုတဲ့အတွက် ရည်ရွယ်ချက်ရှိစွာ ကြိုတင်စီစဉ်ပြီး အလွဲသုံးစားလုပ်ခဲ့တာဖြစ်ကြောင်း အများက ကောက်ချက်ချကြပါတယ်။ သူမရဲ့ Twitch ချန်နယ်ကို အချိန်ဘယ်လောက်ကြာအောင် ban သွားတယ်ဆိုတာ အတိအကျမသိရသေးပေမယ့် ရာသက်ပန် ban သွားနိုင်ခြေရှိကြောင်း အချို့က ယူဆကြပါတယ်။

Twitch ပေါ်မှာ စည်းကမ်းချိုးဖောက်ပြီး လိင်အသားပေးတင်ဆက်မှုများဟာ ယခုနှစ်များအတွင်း သိသိသာသာ ပိုမိုများပြားလာလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းတုန်းကလည်း အမျိုးသမီးတစ်ဦးဟာ kimmikka လို့ အမည်ပေးထားတဲ့ အကောင့်တစ်ခုနဲ့ Twitch ပေါ်မှာ လိင်ဆက်ဆံပြခဲ့လို့ ban ခံခဲ့ရဖူးပါတယ်။

Twitch ဟာ ဂိမ်း streaming ပလက်ဖောင်းတစ်ခုဖြစ်တဲ့အတွက် အရွယ်မရောက်သေးသူများလည်း အသုံးပြုနေနိုင်တာကြောင့် ဒီလိုလိင်အသားပေးကိစ္စများ မကြာခဏပေါ်ပေါက်နေခြင်းဟာ မသင့်တော်လှတဲ့ ကိစ္စတစ်ခုဖြစ်ကြောင်း ဂိမ်မာအမြောက်အများက ပြောဆိုလျက်ရှိကြပါတယ်။ Twitch အနေနဲ့ ဒီကိစ္စကို အနာဂတ်မှာ ဘယ်လိုကိုင်တွယ်မလဲဆိုတာကလည်း စိတ်ဝင်တစား ဆက်လက်စောင့်ကြည့်ကြရဦးမယ့် အရာတစ်ခုပဲဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: dexerto, gamingbible, ginx