[Unicode]
SEA GAMES Esports Dota2 (Laos Vs Myanmar) Game-1 Review
Team Myanmar – Radiant (First Pick)
Team Laos – Dire
.: Ban Phase :.
Team MM – Puck, Kunkka, Alche, Timber, Winter Wyvern, Magnus
Team Laos – Treant, Venom, Lina, Razor, Crystal Maiden, Sand King
.: Pick :.
Team MM – Io, Tiny, Oblivion, Meepo, Ursa
Team Laos – Leshrac, Venge, Skywrath Mage, Huskar
WESG မှာအုပ်စုပွဲစဉ်ရော၊ တတိယနေရာလုပွဲရော ဆော့ထားတဲ့ အသင်းပီသစွာ Team Laos ဟာ Insane ရဲ့ Lina ကို Ban လာခဲ့ပါတယ်။ Team MM က First pick phase မှာ io + tiny ကို အားကြီးနဲ့ချလာခဲ့ပြီး Laos က Lesh, VS တို့ကို ချထားရာကနေ Third Pick မှာပါ Sky ထပ်ချတဲ့အတွက် မြန်မာဘက်က Oblivion ကိုချက်ချင်းပြန်ချလိုက်ပါတယ်။
Team Laos ကတော့ gameplan ကို ကြိုစဉ်းစားထားတယ်လို့ ယူဆရပြီး LC ကို မဆိုင်းမတွ ဆက်ချခဲ့ပေမယ့် ဒီဘက်မှာက io, tiny, oblivion တို့အားလုံးက LC duel ကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့သူတွေချည်းပါပဲ။ ဒါ့အပြင် Team MM ကတော့ Insane ရဲ့ Most Fav Hero ဖြစ်တဲ့ Meepo ကိုပါ နောက်ဆုံး Ban Phase မှာ ဘန်းသွားမှာစိုးလို့ထင်တယ်၊ စတုတ္ထ Pick အနေနဲ့ ချလိုက်ပါတယ်။
.: Laning Phase :.
Top – Tiny(Rap Rap), Oblivion(ShowT) vs Venge, Lesh
Mid – Meepo(Insane) vs Huskar
Bot – Ursa(Leo), io(Kenji) vs Sky, LC
အစမှာ Lesh, VS တို့က အောက်ကို သွားပြီး LC ကို အပေါ်မှာတစ်ယောက်တည်း ထားဖို့ ကြိုးစားသေးပေမယ့် Team Myanmar က အစောပိုင်းမှာ Top ကို Tri လာမယ့်ပုံပြခဲ့တာကြောင့် ချက်ချင်း Lane change လိုက်ရပါတယ်။ အစောပိုင်းမှာ VS, Lesh အတွဲနဲ့ LC, Sky တို့ကတော့ သူတို့လမ်းတွေမှာ Damage ပိုထွက်ခဲ့ပါတယ်။ Team MM ယူထားတဲ့ Draft ပုံစံကလည်း Spell စုံမှ ဝုန်းလို့ရမယ့် ပုံစံဖြစ်နေတာပါပါတယ်။
First Blood – Team Laos
အလယ်မှာ Insane Meepo ကို Huskar က ဖိနေပေမယ့် Insane ကလည်း သူ့တာဝါနားရောက်လာတဲ့အခါ တစ်ချက် try ကြည့်လိုက်ပါတယ်။ ဒါပေမယ့် Huskar ရဲ့ DPS ကြောင့် First Blood ပေးလိုက်ရသလို မရှေးမနှောင်းမှာပဲ Lesh ကလည်း Second Blood ယူလိုက်ပါတယ်။ သို့သော်လည်း TP ပြန်ကျလာတဲ့ Meepo ဟာ Huskar ကို ချက်ချင်း ပြန်သတ်နိုင်ခဲ့ပါတယ်။
5min Mark
5mins Bounty ကို ၂ ခုစီ ခွဲယူခဲ့သလို Hero kill ကလည်း 4 – 5 နဲ့ သူမသာကိုယ်မသာပါပဲ။ Ursa နည်းနည်း ပြန်ထောင်လာသလို Insane Meepo လည်း ကြုံသလို တောထဲဝင်လာခဲ့ပါပြီ။ 6min မှာ အပေါ်လမ်း clash အသေးလေး ဖြစ်သွားခဲ့ပြီး Insane Meepo Double-kill ရပေမယ့် Lesh ကို ပြန်ပေးလိုက်ရပါတယ်။
8min – First 10 Kills
Hero Kill က အရမ်းမကွာဘဲ အလယ်လမ်းက Huskar ကို Tiny က ဝင်နှိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ပြန်ကျသွားခဲ့တာကြောင့် 8 – 10 နဲ့ ပြန်ပေးလိုက်ရသလို Mid Tower 1 ကို ယူတဲ့အချိန်မှာ Meepo, Tiny က ထပ်ဝင်ပေမယ့် နှစ်ယောက်လုံး ထပ်သေသွားခဲ့ရပါတယ်။ Last pick Huskar က အားလုံးထဲမှာ အသိသာဆုံး ဒုက္ခပေးနိုင်ခဲ့ပြီး ဒုတိယက Leshrac လို့ ဆိုရမှာပါ။
10min – Outpost
10min မှာတော့ ပထမဆုံး Outpost capture မှာ Top Outpost ကိုလာသိမ်းတဲ့ Lesh ကိုပါ လိုက်ပွဲရလိုက်ပြီး တစ်ယောက်တစ်ခုဆီ ခွဲယူခဲ့ပါတယ်။ Laning phase မှာ အနည်းငယ်နိမ့်ခဲ့တာကြောင့် Spell နည်းနည်းစုံလာတဲ့ Team MM ဘက်က နည်းနည်းရန်လိုက်ရှာလာခဲ့ပါတယ်။
13min – Battle
Roshan pit နားမှာ River ထဲက Huskar ကို ဖမ်းဖို့ ကြိုးစားပေမယ့် 5v5 Battle အဖြစ် ကူးပြောင်းသွားခဲ့ပြီး ဟိုဘက်က Support နှစ်ယောက်ကို ဒီဘက်က သုံးယောက်နဲ့ Trade လိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Huskar က Roshan သတ်ပြီး Aegis ယူသွားလိုက်ပါတယ်။
15min – Outpost
15min မှာတော့ Bot outpost ကို ပြန်ယူဖို့ကြိုးစားနေတဲ့ Meepo ကို အလွယ်တကူပဲ တစ်ဖက်က ကောက်သွားခဲ့ပါတယ်။ Team MM ဘက်က နည်းနည်းလေး လောနေတာတွေ တွေ့ခဲ့ရပြီး Aegis ကိုင်ထားတဲ့ Team Laos ကတော့ Bot ဘက်ခြမ်းကို အားစိုက် Push လာခဲ့ပါတယ်။ ဒါကို ShowT Obv နဲ့ Insane Meepo တို့က အခွင့်အရေးယူပြီး Top နဲ့ Mid Tower တွေကို သွားယူခဲ့ပါတယ်။
17min Bot push – Team Laos
Bot lane ကို မပြန်ဘဲ ဆက်တွန်းတဲ့ Team Laos ကို ကာကွယ်ခဲ့ပေမယ့် Tower3 ပေးလိုက်ရသလို Insane bb နဲ့ ပြန်ထွက်လာခဲ့ရပါတယ်။ အဲဒီမှာ Huskar ရလိုက်ပေမယ့် die back ပြန်ဖြစ်သွားခဲ့တယ်။ Huskar ကို ရှေ့တင်လာပြီး 4 protect 1 ဆန်ဆန် ကစားလာတဲ့ လာအိုကို ပြန်လှန်ဖို့ မလွယ်ဘူး ဖြစ်နေခဲ့ပါတယ်။
20min – Battle again
Bot မှာ Huskar ကို Ursa BKB နဲ့ Meepo ဝင်ဖမ်းပေမယ့် VS nether swap နဲ့ ကယ်ခဲ့သလို LC ကပါ Ursa ကို Sacrifice Duel ဆွဲပေးလိုက်ပါတယ်။ အဲဒီမှာ Team MM ဘက်က Rap Rap Tiny ကလွဲလို့ လေးယောက်ကျသွားခဲ့ပြီး တစ်ဖက်ကတော့ LC နဲ့ Huskar တောင် မသေသွားခဲ့တာ တော်တော်လေး ဆိုးရွားသွားခဲ့တာပါ။
21min – Mid Push
Radiant Top Jungle မှာ Meepo ကို LC Duel နဲ့ ရလိုက်တဲ့ Team Laos ဟာ ချက်ချင်း Mid ကို တက်ဖို့ ကြိုးစားခဲ့ပေမယ့် WESG မှာ နာမည်ကြီးခဲ့တဲ့ Team MM ရဲ့ Highground Defense ကို ပြသနိုင်ခဲ့ပြီး VS တစ်ယောက် ကျကာ ချက်ချင်းပြန်ဆုတ်သွားခဲ့ရပါတယ်။ ဒါဟာ Team MM အတွက်တော့ ပထမဆုံး Comeback မျှော်လင့်ချက်ပါပဲ။
23min – Second Roshan
Bot Outpost ကို Team MM က Smoke နဲ့သွားခဲ့ချိန်မှာ ဒုတိယ Roshan ကို လာအိုက ယူသွားခဲ့ပြန်ပါတယ်။ အဲ့ဒီနောက် Bot ကိုချက်ချင်းပြေးလာဆိုင်တဲ့အခါ Team MM က ထင်သလောက် အခြေအနေမဆိုးဘဲ ပြန်ဆိုင်နိုင်ခဲ့ပါတယ်။ ကံဆိုးသွားတာက Lesh မှာ Cheese ပါလာတာကြောင့် သေသင့်တဲ့အချိန်မှာ မသေသွားဘဲ လွတ်သွားတာပါ။
ဒီဘက်က Insane Meepo ပေးလိုက်ရပြီး Team Laos ကတော့ Aegis + Cheese နဲ့ ဝင်ဆိုင်ပေမယ့် Support ၂ ကောင်လုံး သေပြီး Battle ကို ဆိုင်းလိုက်ရပါတယ်။
26min – Bot Push
Cheese မရှိတော့ပေမယ့် Aegis ရှိသေးတဲ့ Team Laos ဟာ အောက်လမ်းကနေ တစ်ခါပြန်တက်လာတဲ့အခါ တားလို့မရတော့ဘဲ တစ်ယောက်ချင်းစီ ပြန်ကျသွားခဲ့တဲ့နောက် Throne တန်းရိုက်နေတဲ့ Laos ကို မြန်မာဘက်က GG ခေါ်လိုက်ရပါတယ်။
ဒီပွဲမှာ Huskar Last pick က တော်တော်လေး သက်ရောက်မှုရှိပြီး သူ့ကြောင့်သာ အစောပိုင်းမှာ လာအိုဘက်က အသာစီးယူနိုင်ခဲ့တာဖြစ်သလို Roshan ကိုလည်း စောစောစီးစီး ရသွားခဲ့တာပါ။
Huskar နဲ့ Lesh တို့ကို Target ထားခဲ့ပေမယ့် အမြဲတမ်း LC နဲ့ VS တို့ရဲ့ Ulti တွေကြောင့် လွတ်သွားခဲ့ပြီး Battle ပါ လိုက်နိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ io relocate နဲ့ pick လုပ်ဖို့ ကြိုးစားတာလည်း တစ်ခါနှစ်ခါလောက်ပဲ အောင်မြင်ခဲ့ပြီး တစ်ဖက်က ကျစ်လစ်တဲ့ ပုံစံကို mid-game မှာ မထိုးဖောက်နိုင်ဘူး ဖြစ်သွားပါတယ်။
အခုဆိုရင်တော့ လာအိုက တစ်ပွဲအသာနဲ့ ဦးဆောင်နေပြီဖြစ်တာကြောင့် ဒုတိယပွဲကို ကြည့်ရတော့မှာပါ။
[ZawGyi]
SEA GAMES Esports Dota2 (Laos Vs Myanmar) Game-1 Review
Team Myanmar – Radiant (First Pick)
Team Laos – Dire
.: Ban Phase :.
Team MM – Puck, Kunkka, Alche, Timber, Winter Wyvern, Magnus
Team Laos – Treant, Venom, Lina, Razor, Crystal Maiden, Sand King
.: Pick :.
Team MM – Io, Tiny, Oblivion, Meepo, Ursa
Team Laos – Leshrac, Venge, Skywrath Mage, Huskar
WESG မွာအုပ္စုပြဲစဥ္ေရာ၊ တတိယေနရာလုပြဲေရာ ေဆာ့ထားတဲ့ အသင္းပီသစြာ Team Laos ဟာ Insane ရဲ႕ Lina ကုိ Ban လာခဲ့ပါတယ္။ Team MM က First pick phase မွာ io + tiny ကုိ အားႀကီးနဲ႔ခ်လာခဲ့ၿပီး Laos က Lesh, VS တုိ႔ကို ခ်ထားရာကေန Third Pick မွာပါ Sky ထပ္ခ်တဲ့အတြက္ ျမန္မာဘက္က Oblivion ကုိခ်က္ခ်င္းျပန္ခ်လိုက္ပါတယ္။
Team Laos ကေတာ့ gameplan ကုိ ႀကိဳစဥ္းစားထားတယ္လုိ႔ ယူဆရၿပီး LC ကို မဆုိင္းမတြ ဆက္ခ်ခဲ့ေပမယ့္ ဒီဘက္မွာက io, tiny, oblivion တုိ႔အားလုံးက LC duel ကုိ ေကာင္းေကာင္းဒုကၡေပးႏုိင္တဲ့သူေတြခ်ည္းပါပဲ။ ဒါ့အျပင္ Team MM ကေတာ့ Insane ရဲ႕ Most Fav Hero ျဖစ္တဲ့ Meepo ကုိပါ ေနာက္ဆုံး Ban Phase မွာ ဘန္းသြားမွာစိုးလို႔ထင္တယ္၊ စတုတၳ Pick အေနနဲ႔ ခ်လုိက္ပါတယ္။
.: Laning Phase :.
Top – Tiny(Rap Rap), Oblivion(ShowT) vs Venge, Lesh
Mid – Meepo(Insane) vs Huskar
Bot – Ursa(Leo), io(Kenji) vs Sky, LC
အစမွာ Lesh, VS တုိ႔က ေအာက္ကို သြားၿပီး LC ကို အေပၚမွာတစ္ေယာက္တည္း ထားဖို႔ ႀကိဳးစားေသးေပမယ့္ Team Myanmar က အေစာပုိင္းမွာ Top ကို Tri လာမယ့္ပုံျပခဲ့တာေၾကာင့္ ခ်က္ခ်င္း Lane change လိုက္ရပါတယ္။ အေစာပုိင္းမွာ VS, Lesh အတြဲနဲ႔ LC, Sky တုိ႔ကေတာ့ သူတုိ႔လမ္းေတြမွာ Damage ပိုထြက္ခဲ့ပါတယ္။ Team MM ယူထားတဲ့ Draft ပုံစံကလည္း Spell စုံမွ ဝုန္းလုိ႔ရမယ့္ ပုံစံျဖစ္ေနတာပါပါတယ္။
First Blood – Team Laos
အလယ္မွာ Insane Meepo ကုိ Huskar က ဖိေနေပမယ့္ Insane ကလည္း သူ႕တာဝါနားေရာက္လာတဲ့အခါ တစ္ခ်က္ try ၾကည့္လိုက္ပါတယ္။ ဒါေပမယ့္ Huskar ရဲ႕ DPS ေၾကာင့္ First Blood ေပးလုိက္ရသလို မေရွးမေႏွာင္းမွာပဲ Lesh ကလည္း Second Blood ယူလိုက္ပါတယ္။ သို႔ေသာ္လည္း TP ျပန္က်လာတဲ့ Meepo ဟာ Huskar ကုိ ခ်က္ခ်င္း ျပန္သတ္ႏုိင္ခဲ့ပါတယ္။
5min Mark
5mins Bounty ကုိ ၂ ခုစီ ခြဲယူခဲ့သလို Hero kill ကလည္း 4 – 5 နဲ႔ သူမသာကုိယ္မသာပါပဲ။ Ursa နည္းနည္း ျပန္ေထာင္လာသလုိ Insane Meepo လည္း ၾကဳံသလုိ ေတာထဲဝင္လာခဲ့ပါၿပီ။ 6min မွာ အေပၚလမ္း clash အေသးေလး ျဖစ္သြားခဲ့ၿပီး Insane Meepo Double-kill ရေပမယ့္ Lesh ကို ျပန္ေပးလိုက္ရပါတယ္။
8min – First 10 Kills
Hero Kill က အရမ္းမကြာဘဲ အလယ္လမ္းက Huskar ကို Tiny က ဝင္ႏႈိက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ျပန္က်သြားခဲ့တာေၾကာင့္ 8 – 10 နဲ႔ ျပန္ေပးလိုက္ရသလို Mid Tower 1 ကို ယူတဲ့အခ်ိန္မွာ Meepo, Tiny က ထပ္ဝင္ေပမယ့္ ႏွစ္ေယာက္လုံး ထပ္ေသသြားခဲ့ရပါတယ္။ Last pick Huskar က အားလုံးထဲမွာ အသိသာဆုံး ဒုကၡေပးႏုိင္ခဲ့ၿပီး ဒုတိယက Leshrac လို႔ ဆုိရမွာပါ။
10min – Outpost
10min မွာေတာ့ ပထမဆုံး Outpost capture မွာ Top Outpost ကိုလာသိမ္းတဲ့ Lesh ကုိပါ လိုက္ပြဲရလိုက္ၿပီး တစ္ေယာက္တစ္ခုဆီ ခြဲယူခဲ့ပါတယ္။ Laning phase မွာ အနည္းငယ္နိမ့္ခဲ့တာေၾကာင့္ Spell နည္းနည္းစုံလာတဲ့ Team MM ဘက္က နည္းနည္းရန္လိုက္ရွာလာခဲ့ပါတယ္။
13min – Battle
Roshan pit နားမွာ River ထဲက Huskar ကုိ ဖမ္းဖုိ႔ ႀကိဳးစားေပမယ့္ 5v5 Battle အျဖစ္ ကူးေျပာင္းသြားခဲ့ၿပီး ဟုိဘက္က Support ႏွစ္ေယာက္ကို ဒီဘက္က သုံးေယာက္နဲ႔ Trade လိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Huskar က Roshan သတ္ၿပီး Aegis ယူသြားလိုက္ပါတယ္။
15min – Outpost
15min မွာေတာ့ Bot outpost ကုိ ျပန္ယူဖို႔ႀကိဳးစားေနတဲ့ Meepo ကုိ အလြယ္တကူပဲ တစ္ဖက္က ေကာက္သြားခဲ့ပါတယ္။ Team MM ဘက္က နည္းနည္းေလး ေလာေနတာေတြ ေတြ႕ခဲ့ရၿပီး Aegis ကိုင္ထားတဲ့ Team Laos ကေတာ့ Bot ဘက္ျခမ္းကို အားစုိက္ Push လာခဲ့ပါတယ္။ ဒါကို ShowT Obv နဲ႔ Insane Meepo တုိ႔က အခြင့္အေရးယူၿပီး Top နဲ႔ Mid Tower ေတြကို သြားယူခဲ့ပါတယ္။
17min Bot push – Team Laos
Bot lane ကုိ မျပန္ဘဲ ဆက္တြန္းတဲ့ Team Laos ကို ကာကြယ္ခဲ့ေပမယ့္ Tower3 ေပးလိုက္ရသလို Insane bb နဲ႔ ျပန္ထြက္လာခဲ့ရပါတယ္။ အဲဒီမွာ Huskar ရလိုက္ေပမယ့္ die back ျပန္ျဖစ္သြားခဲ့တယ္။ Huskar ကုိ ေရွ႕တင္လာၿပီး 4 protect 1 ဆန္ဆန္ ကစားလာတဲ့ လာအုိကို ျပန္လွန္ဖို႔ မလြယ္ဘူး ျဖစ္ေနခဲ့ပါတယ္။
20min – Battle again
Bot မွာ Huskar ကို Ursa BKB နဲ႔ Meepo ဝင္ဖမ္းေပမယ့္ VS nether swap နဲ႔ ကယ္ခဲ့သလုိ LC ကပါ Ursa ကုိ Sacrifice Duel ဆြဲေပးလိုက္ပါတယ္။ အဲဒီမွာ Team MM ဘက္က Rap Rap Tiny ကလြဲလုိ႔ ေလးေယာက္က်သြားခဲ့ၿပီး တစ္ဖက္ကေတာ့ LC နဲ႔ Huskar ေတာင္ မေသသြားခဲ့တာ ေတာ္ေတာ္ေလး ဆုိးရြားသြားခဲ့တာပါ။
21min – Mid Push
Radiant Top Jungle မွာ Meepo ကို LC Duel နဲ႔ ရလုိက္တဲ့ Team Laos ဟာ ခ်က္ခ်င္း Mid ကို တက္ဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ WESG မွာ နာမည္ႀကီးခဲ့တဲ့ Team MM ရဲ႕ Highground Defense ကုိ ျပသႏုိင္ခဲ့ၿပီး VS တစ္ေယာက္ က်ကာ ခ်က္ခ်င္းျပန္ဆုတ္သြားခဲ့ရပါတယ္။ ဒါဟာ Team MM အတြက္ေတာ့ ပထမဆုံး Comeback ေမွ်ာ္လင့္ခ်က္ပါပဲ။
23min – Second Roshan
Bot Outpost ကို Team MM က Smoke နဲ႔သြားခဲ့ခ်ိန္မွာ ဒုတိယ Roshan ကို လာအုိက ယူသြားခဲ့ျပန္ပါတယ္။ အဲ့ဒီေနာက္ Bot ကုိခ်က္ခ်င္းေျပးလာဆုိင္တဲ့အခါ Team MM က ထင္သေလာက္ အေျခအေနမဆုိးဘဲ ျပန္ဆုိင္ႏုိင္ခဲ့ပါတယ္။ ကံဆုိးသြားတာက Lesh မွာ Cheese ပါလာတာေၾကာင့္ ေသသင့္တဲ့အခ်ိန္မွာ မေသသြားဘဲ လြတ္သြားတာပါ။
ဒီဘက္က Insane Meepo ေပးလုိက္ရၿပီး Team Laos ကေတာ့ Aegis + Cheese နဲ႔ ဝင္ဆုိင္ေပမယ့္ Support ၂ ေကာင္လုံး ေသၿပီး Battle ကို ဆုိင္းလုိက္ရပါတယ္။
26min – Bot Push
Cheese မရွိေတာ့ေပမယ့္ Aegis ရွိေသးတဲ့ Team Laos ဟာ ေအာက္လမ္းကေန တစ္ခါျပန္တက္လာတဲ့အခါ တားလို႔မရေတာ့ဘဲ တစ္ေယာက္ခ်င္းစီ ျပန္က်သြားခဲ့တဲ့ေနာက္ Throne တန္းရုိက္ေနတဲ့ Laos ကို ျမန္မာဘက္က GG ေခၚလုိက္ရပါတယ္။
ဒီပြဲမွာ Huskar Last pick က ေတာ္ေတာ္ေလး သက္ေရာက္မႈရွိၿပီး သူ႕ေၾကာင့္သာ အေစာပုိင္းမွာ လာအုိဘက္က အသာစီးယူႏုိင္ခဲ့တာျဖစ္သလုိ Roshan ကုိလည္း ေစာေစာစီးစီး ရသြားခဲ့တာပါ။
Huskar နဲ႔ Lesh တုိ႔ကို Target ထားခဲ့ေပမယ့္ အျမဲတမ္း LC နဲ႔ VS တုိ႔ရဲ႕ Ulti ေတြေၾကာင့္ လြတ္သြားခဲ့ၿပီး Battle ပါ လိုက္နိမ့္သြားခဲ့ရတာျဖစ္ပါတယ္။ io relocate နဲ႔ pick လုပ္ဖို႔ ႀကိဳးစားတာလည္း တစ္ခါႏွစ္ခါေလာက္ပဲ ေအာင္ျမင္ခဲ့ၿပီး တစ္ဖက္က က်စ္လစ္တဲ့ ပုံစံကို mid-game မွာ မထိုးေဖာက္ႏုိင္ဘူး ျဖစ္သြားပါတယ္။
အခုဆုိရင္ေတာ့ လာအုိက တစ္ပြဲအသာနဲ႔ ဦးေဆာင္ေနၿပီျဖစ္တာေၾကာင့္ ဒုတိယပြဲကို ၾကည့္ရေတာ့မွာပါ။