[Zawgyi]
လူစာရင္းအေျပာင္းအလဲ လုပ္လာတဲ့ Reckoning Esports
အိႏၵိယ အေျခစုိက္ Esports Org တစ္ခုျဖစ္တဲ့ Reckoning Esports ဟာ မၾကာေသးခင္က ျမန္မာႏိုင္ငံသား ကစားသမားငါးေယာက္ျဖစ္တဲ့ Leo, Insane, ShowT, RapRap, Kenji တို႔ကုိ ေခၚယူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာ အမ်ားသိၿပီးသားျဖစ္မွာပါ။
အခုအခါ Ti9 Regional Qualifier အတြက္ Open Qualifier #1 ဝင္ေရာက္ယွဥ္ျပဳိင္ခဲ့တဲ့ R|G ဟာ ေနာက္ဆုံး ၃၂ သင္းအဆင့္မွာ ႐ႈံးနိမ့္ခဲ့ရပါတယ္။
အဲ့ဒီေနာက္ ယေန႔ ဇူလိုင္လ ၅ ရက္ ေသာၾကာေန႔မွာေတာ့ R|G အသင္းဟာ လက္႐ွိ Carry ျဖစ္တဲ့ Leo ေခၚ ခန္႔ႏုိင္ကို MinowX ေခၚ KJ Vignesh နဲ႔ အစားထိုးလိုက္ေၾကာင္း ေၾကျငာလာခဲ့ပါတယ္။


သူတုိ႔ဟာ Leo ကို အၿပီးထုတ္လိုက္တာ မဟုတ္ဘဲ အရံခုံသုိ႔ ပို႔ေဆာင္ျခင္းသာျဖစ္ၿပီး အေၾကာင္းရင္းကိုေတာ့ ကစားသမားေတြနဲ႔ အသင္းအၾကား သေဘာတူနားလည္မႈနဲ႔ ထိမ္ခ်န္ထားေၾကာင္း ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။
Mino ဟာ လက္႐ွိေဒသတြင္း အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး လက္႐ွိ Open Qualifier #2 ကို သူနဲ႔ယွဥ္ၿပိဳင္သြားမွာ ျဖစ္ႏုိင္ပါတယ္။
လက္႐ွိအသင္းသားေတြနဲ႔ ၾကာျမင့္စြာ တြဲကစားလာတဲ့ Leo ကို အၿပီးထုတ္လိုက္တာ မဟုတ္ေၾကာင္းနဲ႔ SeaGame အပါဝင္ ႏိုင္ငံၿပိဳင္ပြဲေတြမွာေတာ့ ျပန္လည္ပါဝင္မွာျဖစ္ေၾကာင္း ေၾကျငာထားပါတယ္။
ဒါ့အျပင္ အခုလို ႐ုတ္တရက္အစားထိုးခဲ့တဲ့အေပၚမွာ နားလည္ေပးဖုိ႔နဲ႔ Mino ကိုလည္း ထပ္တူထပ္မ်ွ အားေပးၾကဖုိ႔ R|G မွ ေမတၱာ ရပ္ခံခဲ့ပါတယ္
[unicode]
လူစာရင်းအပြောင်းအလဲ လုပ်လာတဲ့ Reckoning Esports
အိန္ဒိယ အခြေစိုက် Esports Org တစ်ခုဖြစ်တဲ့ Reckoning Esports ဟာ မကြာသေးခင်က မြန်မာနိုင်ငံသား ကစားသမားငါးယောက်ဖြစ်တဲ့ Leo, Insane, ShowT, RapRap, Kenji တို့ကို ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့တာ အများသိပြီးသားဖြစ်မှာပါ။
အခုအခါ Ti9 Regional Qualifier အတွက် Open Qualifier #1 ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ R|G ဟာ နောက်ဆုံး ၃၂ သင်းအဆင့်မှာ ရှုံးနိမ့်ခဲ့ရပါတယ်။
အဲ့ဒီနောက် ယနေ့ ဇူလိုင်လ ၅ ရက် သောကြာနေ့မှာတော့ R|G အသင်းဟာ လက်ရှိ Carry ဖြစ်တဲ့ Leo ခေါ် ခန့်နိုင်ကို MinowX ခေါ် KJ Vignesh နဲ့ အစားထိုးလိုက်ကြောင်း ကြေငြာလာခဲ့ပါတယ်။


သူတို့ဟာ Leo ကို အပြီးထုတ်လိုက်တာ မဟုတ်ဘဲ အရံခုံသို့ ပို့ဆောင်ခြင်းသာဖြစ်ပြီး အကြောင်းရင်းကိုတော့ ကစားသမားတွေနဲ့ အသင်းအကြား သဘောတူနားလည်မှုနဲ့ ထိမ်ချန်ထားကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Mino ဟာ လက်ရှိဒေသတွင်း အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး လက်ရှိ Open Qualifier #2 ကို သူနဲ့ယှဉ်ပြိုင်သွားမှာ ဖြစ်နိုင်ပါတယ်။
လက်ရှိအသင်းသားတွေနဲ့ ကြာမြင့်စွာ တွဲကစားလာတဲ့ Leo ကို အပြီးထုတ်လိုက်တာ မဟုတ်ကြောင်းနဲ့ SeaGame အပါဝင် နိုင်ငံပြိုင်ပွဲတွေမှာတော့ ပြန်လည်ပါဝင်မှာဖြစ်ကြောင်း ကြေငြာထားပါတယ်။
ဒါ့အပြင် အခုလို ရုတ်တရက်အစားထိုးခဲ့တဲ့အပေါ်မှာ နားလည်ပေးဖို့နဲ့ Mino ကိုလည်း ထပ်တူထပ်မျှ အားပေးကြဖို့ R|G မှ မေတ္တာ ရပ်ခံခဲ့ပါတယ်