[Unicode]
တကယ့် လက်တွေ့ဘဝထဲက Counter Strike မြေပုံများ
Counter Strike ဆိုတာ First-person shooter ဂိမ်းတစ်မျိုးဖြစ်ပြီး နိုင်ဝင်ဘာလ (၉) ရက်နေ့ ၂၀၀၀ ခုနှစ်မှာ စတင်ထွက်ရှိလာခဲ့ပါတယ်။ ယနေ့ Esports အသွင်ယှဉ်ပြိုင်နေတဲ့ Counter Strike Global Offensive ကိုတော့ ၂၀၁၂ ဩဂုတ်လ ၂၁ ရက်နေ့မှာ စတင်ခဲ့ပါတယ်။
ကျွန်တော်တို့တွေ ငယ်ဘဝကတည်းက ခုံမင်စွာဆော့ကစားလာခဲ့တဲ့ Counter Strike ဟာမကြာခင်မှာ (၁၉) နှစ်သားအရွယ်ကို ရောက်ရှိလာတော့မှာပါ။ မြန်မာနိုင်ငံရှိ Celebrity Gamer တွေထဲမှာလည်း Counter Strike ကို ရူးသွပ်စွာ ဆော့ကစားခဲ့သူတွေ မနည်းပါဘူး။ ဂိမ်မာတွေအနေနဲ့လည်း Counter Strike ကို ဖျော်ဖြေရေးအရရော အသက်မွေးဝမ်းကြောင်းအနေနဲ့ပါ ယနေ့အချိန်အထိ ဆော့နေတဲ့သူတွေရှိပေမယ့် ဂိမ်းထဲက မြေပုံတွေဟာ စိတ်ကူးသက်သက်တွေ မဟုတ်ပဲ တကယ့် အပြင်လောကမှာရှိတဲ့ အထိမ်းအမှတ်နေရာတွေကို ပြန်လည် ပုံဖော်ထားတယ်ဆိုတာ သိတဲ့သူ နည်းပါးပါတယ်။ Counter Strike မြေပုံတွေထဲက လက်ရှိလူဆော့အများဆုံးလည်းဖြစ် ငယ်ဘဝအမှတ်တရတွေနဲ့လည်း ပြည့်နှက်နေတဲ့ ဘယ် မြေပုံတွေဟာ အပြင်လောကမှာ တကယ်ရှိနေလည်းဆိုတာ ကြည့်လိုက်ရအောင်ဗျာ။
(1) Nuke
Nuke ဆိုတဲ့အတိုင်း နူကလီးယား ဓါတ်ပေါင်းဖိုတွေ ပြည့်နှက်နေတဲ့ ဒီ မြေပုံကလည်း USA မှာရှိတယ် တကယ့် ဓါတ်ပေါင်းဖိုတစ်ခုကိုတုပ ထားတာပါ။ USA တန်နက်ဆီ (Tennessee) မှာရှိတဲ့ Sequoyah Nuclear Plant ရဲ့ ဓါတ်ပေါင်းဖို စက်ရုံ ပုံစံဟာ Nuke ရဲ့ Terrorist Base အထွက်နားက Outside Area နဲ့အသွင်သဏ္ဌာန် ဆင်တူပါတယ်။
(2) Italy
Italy ကတော့ ဆော့ကစားတိုင်း လွမ်းဆွေးဖွယ် စိတ်ခံစားမှုကို ပေးစွမ်းနိုင်တဲ့ အပြင် Counter Strike ပရိသတ်တွေရဲ့ အမှတ်တရတွေ ပြည့်နှက်နေတဲ့ မြေပုံတစ်ခုပဲ ဖြစ်ပါတယ်။ cs_italy ရဲ့ မြေပုံထဲက CT Base ကနာမည်ကျော် လမ်းဆုံ လမ်း နှစ်ခွနေရာလေးဟာ အပြင်လောကရဲ့ ဘယ်နေရာနဲ့ တူညီနေတယ်ဆိုတာ ဒွိဟ ဖြစ်စရာ အနည်းငယ် ရှိနေပါတယ်။
Italy ဆိုတဲ့အတိုင်း သူနဲ့ ဆင်တူတဲ့ ပထမနေရာကတော့ အီတလီနိုင်ငံ ပီရူးဂျီးယား ဒေသမှာရှိတဲ့ လူဦးရေ ၃ သောင်းခန့်သာနေထိုင်တဲ့ “Assisi” ဆိုတဲ့ မြို့ငယ်လေးပဲ ဖြစ်ပါတယ်။
ဒုတိယ တစ်ခုကတော့ ပြင်သစ်နိုင်ငံ အနောက်တောင်ဖက်မှာရှိတဲ့ Saint-Émilion ဆိုတဲ့ လူဦးရေ (၂၀၀၀) ခန့်သာရှိတဲ့ မြို့ငယ်လေးရဲ့ မြို့တွင်းလမ်းတွေပါ။ တတိယတစ်ခုကတော့ နော်ဝေးနိုင်ငံ Tvedestrand မြို့မှာ တည်ရှိတဲ့ အဆောက်အဦး တစ်ခုပါ။ စာရေးသူရဲ့ အမြင်အရဆိုရင် cs_italy ရဲ့ နာမည်ကျော် လမ်းဆုံလေးဟာ ပြင်သစ်နိုင်ငံ Saint-Émilion ကနေရာနဲ့ ပိုပြီးနီးစပ်ပြီး နော်ဝေးကပုံက နောက်ခံ Tower အဆောက်အဦးနဲ့ မှီငြမ်းထားတယ်လို့ ထင်မြင်မိပါတယ်။
(3) Cache
Cache ထဲမှာ Terrorist Base အနောက်ကထောင်ထွက်နေတဲ့ ခေါင်းတိုင်ကြီးကတော့ ရုရှားနိုင်ငံက ချာနိုဘိုင်းလ် နူကလီးယာ ဓါတ်အားပေးရုံရဲ့ အဏုမြူဓာတ်ပေါင်းဖို အမှတ် (၄) ပဲဖြစ်ပါတယ်။ ထို ဓါတ်ပေါင်းဖိုကတော့ စိတ်မကောင်းစရာ 1986 ချာနိုဘိုင်းလ် မတော်တဆ ပေါက်ကွဲမှုထဲမှာ ပါဝင် ပျက်စီးသွားခဲ့ပါပြီ။
(4) Cobblestone
Cobblestone အခန်း Terrorist Base နောက်ဖက်မှာရှိတဲ့ ပြတင်းပေါက်တွေအပြည့်နဲ့ ရဲတိုက်ကြီးကတော့ စလိုဗေးနီးယားနိုင်ငံမှာရှိတဲ့ Predjama ရဲတိုက်ကို အခြေခံထားတာ ဖြစ်ပါတယ်။ Predjama ရဲတိုက်ကတော့ ထူးထူးခြားခြား ဂူထဲမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
(5) Aztec
Aztec မြေပုံကတော့ CS 1.5, 1.6 ခေတ်က မြန်မာနိုင်ငံမှာ လူဆော့အများဆုံး Map တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ CSGO Version မှာတော့ 2017 နိုဝင်ဘာမှာ လူဆော့နည်းလိုဆိုပြီး ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။ Aztec မြေပုံထဲမှာတော့ မက်ဆီကိုနိုင်ငံ မက်ဆီကိုစီးတီး မြို့အနီးက ရှေးဟောင်းမြို့တစ်ခုဖြစ်တဲ့ “Teotihuacan” ရဲ့ လှေကားထစ်ပုံစံ ပိရမစ်တွေကို ထည့်သွင်းထားတာပါ။ Aztec ရဲ့ CS 1.5,1.6 ခေတ်က မြန်မာ ဂိမ်မာတွေ နာမည်ပေးထားတဲ့ “တံခါး ၂ ချပ်” ဆိုတဲ့ B Bomb Side နားမှာတည်ရှိတာပါ။
Ref : BuzzKid
[Zawgyi]
တကယ့္ လက္ေတြ႕ဘဝထဲက Counter Strike ေျမပုံမ်ား
Counter Strike ဆိုတာ First-person shooter ဂိမ္းတစ္မ်ိဳးျဖစ္ၿပီး ႏိုင္ဝင္ဘာလ (၉) ရက္ေန႔ ၂၀၀၀ ခုႏွစ္မွာ စတင္ထြက္ရွိလာခဲ့ပါတယ္။ ယေန႔ Esports အသြင္ယွဥ္ၿပိဳင္ေနတဲ့ Counter Strike Global Offensive ကိုေတာ့ ၂၀၁၂ ဩဂုတ္လ ၂၁ ရက္ေန႔မွာ စတင္ခဲ့ပါတယ္။
ကြၽန္ေတာ္တို႔ေတြ ငယ္ဘဝကတည္းက ခုံမင္စြာေဆာ့ကစားလာခဲ့တဲ့ Counter Strike ဟာမၾကာခင္မွာ (၁၉) ႏွစ္သားအ႐ြယ္ကို ေရာက္ရွိလာေတာ့မွာပါ။ ျမန္မာႏိုင္ငံရွိ Celebrity Gamer ေတြထဲမွာလည္း Counter Strike ကို ႐ူးသြပ္စြာ ေဆာ့ကစားခဲ့သူေတြ မနည္းပါဘူး။ ဂိမ္မာေတြအေနနဲ႔လည္း Counter Strike ကို ေဖ်ာ္ေျဖေရးအရေရာ အသက္ေမြးဝမ္းေၾကာင္းအေနနဲ႔ပါ ယေန႔အခ်ိန္အထိ ေဆာ့ေနတဲ့သူေတြရွိေပမယ့္ ဂိမ္းထဲက ေျမပုံေတြဟာ စိတ္ကူးသက္သက္ေတြ မဟုတ္ပဲ တကယ့္ အျပင္ေလာကမွာရွိတဲ့ အထိမ္းအမွတ္ေနရာေတြကို ျပန္လည္ ပုံေဖာ္ထားတယ္ဆိုတာ သိတဲ့သူ နည္းပါးပါတယ္။ Counter Strike ေျမပုံေတြထဲက လက္ရွိလူေဆာ့အမ်ားဆုံးလည္းျဖစ္ ငယ္ဘဝအမွတ္တရေတြနဲ႔လည္း ျပည့္ႏွက္ေနတဲ့ ဘယ္ ေျမပုံေတြဟာ အျပင္ေလာကမွာ တကယ္ရွိေနလည္းဆိုတာ ၾကည့္လိုက္ရေအာင္ဗ်ာ။
(1) Nuke
Nuke ဆိုတဲ့အတိုင္း ႏူကလီးယား ဓါတ္ေပါင္းဖိုေတြ ျပည့္ႏွက္ေနတဲ့ ဒီ ေျမပုံကလည္း USA မွာရွိတယ္ တကယ့္ ဓါတ္ေပါင္းဖိုတစ္ခုကိုတုပ ထားတာပါ။ USA တန္နက္ဆီ (Tennessee) မွာရွိတဲ့ Sequoyah Nuclear Plant ရဲ႕ ဓါတ္ေပါင္းဖို စက္႐ုံ ပုံစံဟာ Nuke ရဲ႕ Terrorist Base အထြက္နားက Outside Area နဲ႔အသြင္သဏၭာန္ ဆင္တူပါတယ္။
(2) Italy
Italy ကေတာ့ ေဆာ့ကစားတိုင္း လြမ္းေဆြးဖြယ္ စိတ္ခံစားမႈကို ေပးစြမ္းႏိုင္တဲ့ အျပင္ Counter Strike ပရိသတ္ေတြရဲ႕ အမွတ္တရေတြ ျပည့္ႏွက္ေနတဲ့ ေျမပုံတစ္ခုပဲ ျဖစ္ပါတယ္။ cs_italy ရဲ႕ ေျမပုံထဲက CT Base ကနာမည္ေက်ာ္ လမ္းဆုံ လမ္း ႏွစ္ခြေနရာေလးဟာ အျပင္ေလာကရဲ႕ ဘယ္ေနရာနဲ႔ တူညီေနတယ္ဆိုတာ ဒြိဟ ျဖစ္စရာ အနည္းငယ္ ရွိေနပါတယ္။
Italy ဆိုတဲ့အတိုင္း သူနဲ႔ ဆင္တူတဲ့ ပထမေနရာကေတာ့ အီတလီႏိုင္ငံ ပီ႐ူးဂ်ီးယား ေဒသမွာရွိတဲ့ လူဦးေရ ၃ ေသာင္းခန႔္သာေနထိုင္တဲ့ “Assisi” ဆိုတဲ့ ၿမိဳ႕ငယ္ေလးပဲ ျဖစ္ပါတယ္။
ဒုတိယ တစ္ခုကေတာ့ ျပင္သစ္ႏိုင္ငံ အေနာက္ေတာင္ဖက္မွာရွိတဲ့ Saint-Émilion ဆိုတဲ့ လူဦးေရ (၂၀၀၀) ခန႔္သာရွိတဲ့ ၿမိဳ႕ငယ္ေလးရဲ႕ ၿမိဳ႕တြင္းလမ္းေတြပါ။ တတိယတစ္ခုကေတာ့ ေနာ္ေဝးႏိုင္ငံ Tvedestrand ၿမိဳ႕မွာ တည္ရွိတဲ့ အေဆာက္အဦး တစ္ခုပါ။ စာေရးသူရဲ႕ အျမင္အရဆိုရင္ cs_italy ရဲ႕ နာမည္ေက်ာ္ လမ္းဆုံေလးဟာ ျပင္သစ္ႏိုင္ငံ Saint-Émilion ကေနရာနဲ႔ ပိုၿပီးနီးစပ္ၿပီး ေနာ္ေဝးကပုံက ေနာက္ခံ Tower အေဆာက္အဦးနဲ႔ မွီျငမ္းထားတယ္လို႔ ထင္ျမင္မိပါတယ္။
(3) Cache
Cache ထဲမွာ Terrorist Base အေနာက္ကေထာင္ထြက္ေနတဲ့ ေခါင္းတိုင္ႀကီးကေတာ့ ႐ုရွားႏိုင္ငံက ခ်ာႏိုဘိုင္းလ္ ႏူကလီးယာ ဓါတ္အားေပး႐ုံရဲ႕ အဏုျမဴဓာတ္ေပါင္းဖို အမွတ္ (၄) ပဲျဖစ္ပါတယ္။ ထို ဓါတ္ေပါင္းဖိုကေတာ့ စိတ္မေကာင္းစရာ 1986 ခ်ာႏိုဘိုင္းလ္ မေတာ္တဆ ေပါက္ကြဲမႈထဲမွာ ပါဝင္ ပ်က္စီးသြားခဲ့ပါၿပီ။
(4) Cobblestone
Cobblestone အခန္း Terrorist Base ေနာက္ဖက္မွာရွိတဲ့ ျပတင္းေပါက္ေတြအျပည့္နဲ႔ ရဲတိုက္ႀကီးကေတာ့ စလိုေဗးနီးယားႏိုင္ငံမွာရွိတဲ့ Predjama ရဲတိုက္ကို အေျခခံထားတာ ျဖစ္ပါတယ္။ Predjama ရဲတိုက္ကေတာ့ ထူးထူးျခားျခား ဂူထဲမွာ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။
(5) Aztec
Aztec ေျမပုံကေတာ့ CS 1.5, 1.6 ေခတ္က ျမန္မာႏိုင္ငံမွာ လူေဆာ့အမ်ားဆုံး Map တစ္ခုလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိ CSGO Version မွာေတာ့ 2017 ႏိုဝင္ဘာမွာ လူေဆာ့နည္းလိုဆိုၿပီး ဖ်က္သိမ္းျခင္းခံခဲ့ရပါတယ္။ Aztec ေျမပုံထဲမွာေတာ့ မက္ဆီကိုႏိုင္ငံ မက္ဆီကိုစီးတီး ၿမိဳ႕အနီးက ေရွးေဟာင္းၿမိဳ႕တစ္ခုျဖစ္တဲ့ “Teotihuacan” ရဲ႕ ေလွကားထစ္ပုံစံ ပိရမစ္ေတြကို ထည့္သြင္းထားတာပါ။ Aztec ရဲ႕ CS 1.5,1.6 ေခတ္က ျမန္မာ ဂိမ္မာေတြ နာမည္ေပးထားတဲ့ “တံခါး ၂ ခ်ပ္” ဆိုတဲ့ B Bomb Side နားမွာတည္ရွိတာပါ။
Ref : BuzzKid