[Zawgyi]
“အတိတ္ကေန ျပန္လာဖို႔ ႀကိဳးစားရမယ့္ Legendary အသင္း Na’Vi”
Na’Vi ဟာ Dota 2 ေလာကရဲ႕ ေရွ႕ေဆာင္လမ္းျပအသင္းၾကီးျဖစ္ခဲ့ေပမယ့္ ယခု TI9 ကို ဝင္ေရာက္ ယွဥ္ျပိဳင္ခြင့္ရတဲ့ လူစာရင္းထဲမွာေတာ့ တစ္ခ်ိန္တုန္းက လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့တဲ့ ကစားသမားၾကီးေတြ တစ္ေယာက္မွ မပါဝင္ေတာ့ပါဘူး။ ဒါေပမယ့္ Dendi နဲ႕ XBOCT အပါအဝင္ အသင္းဝင္ေဟာင္း ကစားသမားၾကီးမ်ားဟာ မ်ိဳးဆက္သစ္အသင္းသားမ်ား Na’Vi ရဲ႕ ဂုဏ္ကို တစ္ဖန္ ျပန္ေဆာင္ႏိုင္ဖုိ႔ လက္ဆင့္ကမ္းကူညီမႈမ်ား ျပဳလုပ္ေပးခဲ့လို႔ လက္ရွိ Na’Vi ဟာ legendary တို႔ရဲ႕ အေငြ႔အသက္မ်ားရွိေနပါတယ္။

Na’Vi ဟာ TI သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ ေအာင္ျမင္မႈကို အၾကာဆုံး ထိန္းထားႏိုင္ခဲ့တဲ့ အသင္းတစ္သင္းပါ။ ပထမဆုံး Dota 2 The International ၿပိဳင္ပြဲႀကီးျဖစ္တဲ့ TI1 မွာ ခ်န္ပီယံျဖစ္လာခဲ့စဥ္က ArtStyle, Dendi, XBOCT, Puppey နဲ႔ LighTofHeaveN တို႔ ပါဝင္ခဲ့ပါတယ္။ တျခားအသင္းမ်ားနဲ႔ မတူတာဟာ ခ်န္ပီယံတစ္ေခါက္ျဖစ္ျပီးတာနဲ႔ အားေပ်ာ့သြားျခင္းမ်ိဳး မရွိပဲ ArtStyle ေနရာမွာ ARS-ART အစားထိုးထားတဲ့ လူစာရင္းနဲ႔ TI2 grand final ကို တက္ေရာက္ျပီး ဒုတိယ ထပ္ရခဲ့ပါတယ္။

TI3 မွာလည္း ဒုတိယထပ္မံရရွိခဲ့တဲ့ Na’Vi လူစာရင္းေဟာင္းမွာေတာ့ Dendi, XBOCT, Puppey, Funn1k နဲ႔ Kuroky တုိ႔ ပါဝင္ခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာ Dendi ဟာ ၂၀၁၈ ႏွစ္ေႏွာင္းပိုင္းအထိ အလြန္ၾကာျမင့္စြာ Na’Vi အတြက္ ဆက္လက္ကစားေပးခဲ့ေပမယ့္ ယခုအခ်ိန္မွာေတာ့ inactive ျဖစ္ေနခဲ့ပါျပီ။ XBOCT ဟာလည္း ၂၀၁၇-၂၀၁၈ မွာ တစ္ႏွစ္ေက်ာ္ေလာက္နည္းျပ ျပန္လာလုပ္ခဲ့ေသးေပမယ့္ ယခုလက္ရွိ Na’Vi ရဲ႕နည္းျပသစ္ဟာ Mag အျဖစ္ေျပာင္းလဲသြားခဲ့ပါျပီ။

လက္ရွိ Na’Vi မွာ SoNNeikO ဟာ အသင္းေခါင္းေဆာင္ျဖစ္ျပီး Crystallize, Magical, Blizzy နဲ႔ Zayac တို႔ပါဝင္ပါတယ္။ SoNNeikO ဟာ အသင္းထဲကို အေစာဆုံးေရာက္ခဲ့ေပမယ့္ ျပန္ထြက္သြားခဲ့ျပီး ၂၀၁၈ ခုႏွစ္ေႏွာင္းပိုင္းမွ ျပန္လည္ေရာက္ရွိလာခဲ့တာ ယခုအခ်ိန္ထိပဲ ျဖစ္ပါတယ္။ သူနဲ႔ အတူ Magical နဲ႔ Blizzy တို႔ အတူဝင္ေရာက္လာခဲ့ျပီး Zayac ကေတာ့ ၂၀၁၉ ႏွစ္ဦးပိုင္းမွာမွ ေရာက္လာခဲ့ပါတယ္။
၂၀၁၇ ေႏွာင္းပိုင္းထဲက ေရာက္ေနခဲ့တဲ့ Crystallize ကေတာ့ ယခုအခ်ိန္မွာ ထိပ္တန္းအဆင့္ carry ကစားသမားတစ္ဦးျဖစ္ေနခဲ့ပါျပီ။ Na’Vi ရဲ႕ legendary carry ကစားသမားေဟာင္း XBOCT ဟာ နည္းျပအျဖစ္ ဝင္ေရာက္ခ်ိန္မွာ သူ႔ကို ေလ့က်င့္ေပးခဲ့ပါတယ္။ XBOCTရဲ႕ လႊမ္းမိုးမႈမ်ားရွိေနတဲ့ Crystallize ဟာ Morphling, Terror Blade, Juggernaut, Antimage စတဲ့ carry hero မ်ားကို ကြ်မ္းက်င္ ပိုင္ႏိုင္လွပါတယ္။

အင္တာဗ်ဴးတစ္ခုမွာ XBOCT ဟာ Crystallize ကို စိတ္ေရာ ကိုယ္ပါ ေျပာင္းလဲျပီး carry ေကာင္းတစ္ေယာက္ျဖစ္လာေအာင္ ကာလအေတာ္ၾကာ ေလ့က်င့္သင္ၾကားေပးခဲ့တယ္လို႔ ေျပာၾကားဖူးပါတယ္။ အသက္ ၂၀ သာရွိေသးျပီး ငယ္ရြယ္လွတဲ့ Crystallize ဟာ TI အေတြ႔အၾကံဳနည္းပါးလြန္းေပမယ့္ TI မ်ားမွာ က်င္လည္ က်က္စားခဲ့တဲ့ XBOCT ေနရာကို ဆက္ခံမယ့္ အလားအလာမ်ား ရွိေနပါတယ္။
Mid lane ကစားသမားေဟာင္းၾကီး Dendi အသင္းကေန inactive ျဖစ္သြားျပီး သူ႔ေနရာကို ဝင္ေရာက္လာတဲ့ Magical ဟာလည္း Crystallize လုိပဲ လူငယ္ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ စစခ်င္း ဝင္ေရာက္ခ်ိန္မွာ professional ကစားသမား အေတြ႔အၾကံဳမရွိလို႔ အခက္အခဲမ်ား ၾကံဳေတြ႔ခဲ့ရပါတယ္။ ဒါေပမယ့္ Blizzy နဲ႔ Zayac တို႔လို teamwork ညီတဲ့ ကစားသမားမ်ားနဲ႔ အတူ ေခါင္းေဆာင္ SoNNeikO တြဲကစားတာ ၾကာလာတဲ့ အခ်ိန္မွာ တျဖည္းျဖည္းပိုမိုေကာင္းမြန္လာခဲ့ပါတယ္။

Support role သီးသန္႔ကစားသမားခ်င္းယွဥ္ရင္ mmr အျမင့္ဆုံးျဖစ္လာဖူးသူ SoNNeikO ဟာ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ေပမယ့္ ေဒါသၾကီးလြယ္သူျဖစ္ဖူးတယ္ဆို ဆိုၾကပါတယ္။ ဒါေပမယ့္ SoNNeikO ဟာ အားနည္းခ်က္မ်ားကို ျပဳျပင္ျပီး အသင္းကို TI9 မွာ ဆက္လက္တြန္းအားေပးသြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ SoNNeikO ဟာ ကစားသမားေဟာင္းမ်ားနဲ႔ ကစားဖူးတဲ့အေတြ႔အၾကဳံလည္း မ်ားျပားပါတယ္။
Na’Vi အသင္းဟာ TI9 ကုိ တိုက္ရုိက္တက္ေရာက္ခြင့္ရခဲ့တာေတာ့မဟုတ္ပါဘူး။ ၂၀၁၈-၂၀၁၉ season တစ္ခုလုံးရဲ႕ major နဲ႔ minor ပြဲစဥ္မ်ားမွာ ကံေချပီး ေနရာေကာင္းမ်ား မရရွိခဲ့လုိ႔ TI9 ဝင္ေရာက္ခြင့္အတြက္ regional qualifier မ်ားက စတင္ျပီး ယွဥ္ျပိဳင္ကစားခဲ့ရပါတယ္။ Crystallize ရဲ႕ Wraith King, Magical ရဲ႕ Templar Assassin, Alchemist နဲ႔ Ember Spirit လုိ hero ေတြနဲ႔ အစြမ္းျပအႏိုင္ယူ တက္ေရာက္လာခဲ့တာပါ။
TI9 CIS qualifier ရဲ႕ အုပ္စုပြဲစဥ္မ်ားမွာ ေလးပြဲႏိုင္ သုံးပြဲရႈံးနဲ႔ playoff ကို တက္ေရာက္လာခဲ့ပါတယ္။ ၇ ပြဲ ဆက္တိုက္ႏိုင္ထားျပီး ရႈံးပြဲမရွိတဲ့ Vega Squadron ကို အေတြ႔မွာ ရႈံးနိမ့္ျပီး lower bracket ကို ဆင္းကစားခဲ့ရပါတယ္။ ဒါေပမယ့္ lower bracket တစ္ေလွ်ာက္ ေက်ာ္ျဖတ္လာႏိုင္ခဲ့ျပီး Vega ကို ျပန္လည္ အႏိုင္ရရွိခဲ့သလို qualifier ရဲ႕ final မွာ Winstike ကို သုံးပြဲျပတ္ႏုိင္ျပီး TI9 တက္ေရာက္ခြင့္ရယူႏိုင္ခဲ့ပါတယ္။
ယခု TI9 တက္ခြင့္ရအသင္းေတြနဲ႔ ကစားဖူးတဲ့ အေတြ႔အၾကံဳမ်ားအေနနဲ႔ကေတာ့ DreamLeague Major မွာ Evil Geniuses နဲ႔ Chaos တို႔နဲ႔ ေတြ႔ဆုံကစားခဲ့ျပီး အခ်ိဳ႕ပြဲမ်ားမွာ အႏိုင္ရခဲ့ဖူးပါတယ္။ TNC ကိုလည္း အႏိုင္ရရွိဖူးေပမယ့္ ESL One Mumbai မွာ Keen Gaming နဲ႔ Mineski တို႔ကိုေတာ့ ရႈံးနိမ့္ခဲ့ပါတယ္။ ဒါေပမယ့္ Chaos လုိ အသင္းမ်ားဟာ roster မ်ား ျပန္လည္ေျပာင္းလဲခဲ့လို႔ ထပ္မံေတြ႔ဆုံခ်ိန္ ဘယ္လိုအေျခအေနရွိမလဲဆိုတာ မခန္႔မွန္းႏိုင္ေသးပါဘူး။

ႏွစ္အေတာ္ၾကာေအာင္ တိမ္ျမွပ္ေနခဲ့ျပီးမွ ကစားသမားသစ္မ်ားနဲ႔ အတူ TI9 ကုိ ျပန္လည္တက္ေရာက္လာမယ့္ Na’Vi ရဲ႕ အေျခအေနကေတာ့ ျပိဳင္ပြဲ မစတင္မီအထိ သုံးသပ္ဖုိ့ ေစာလြန္းေနပါေသးတယ္။ SoNNeikO ဦးေဆာင္တဲ့ အသင္းသားသစ္တစ္စုဟာ TI9 ကို ဝင္ခြင့္ရဖုိ႔ အျပင္းအထန္ရုန္းကန္ခဲ့ရတာေတာ့ သိသာလွပါတယ္။ TI အေတြ႔အၾကံဳႏုေသးတဲ့ အသင္းဟာ ဝါရင့္အသင္းၾကီးေတြနဲ႔ ဘယ္လိုရင္ေပါင္တန္း ကစားမယ္ဆိုတာလည္း စိတ္ဝင္စားဖုိ႔ ေကာင္းလွပါတယ္။
အတိတ္က Na’Vi ရဲ႕ ဂုဏ္သိကၡာတို႔ကို ထမ္းပိုးလို႔ ယခု Na’Vi ရဲ႕ ကစားသမားမ်ားကေတာ့ ျပိဳင္ပြဲဝင္ဖုိ႔ ျပင္ဆင္ေနၾကပါျပီ။ ေရွးယခင္ ေခတ္ေကာင္းခဲ့စဥ္က လူေျပာမ်ားခဲ့ၾကျပီး ႏွစ္ေပါင္းမ်ားစြာ မၾကားရတာၾကာျပီျဖစ္တဲ့ “Na’Vi is back!” Na’Vi ျပန္လာျပီ လို႔ ယခုႏွစ္မွာေျပာႏိုင္ေစဖုိ႔ ေခတ္ေဟာင္း ပရိသတ္မ်ားက လိုလားေနၾကပါတယ္။ Legendary တို႔ရဲ႕ လက္ဆင့္ကမ္းျခင္း ခံခဲ့ရတဲ့ ယခု Na’Vi ကေတာ့ TI9 ကို ေရကုန္ေရခမ္း ယွဥ္ျပိဳင္ဖုိ႔ အေၾကာင္းဖန္လာျပီပဲ ျဖစ္ပါေတာ့တယ္။
By Combo (Htet Wai Yan)
[Unicode]
“အတိတ်ကနေ ပြန်လာဖို့ ကြိုးစားရမယ့် Legendary အသင်း Na’Vi”
Na’Vi ဟာ Dota 2 လောကရဲ့ ရှေ့ဆောင်လမ်းပြအသင်းကြီးဖြစ်ခဲ့ပေမယ့် ယခု TI9 ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ လူစာရင်းထဲမှာတော့ တစ်ချိန်တုန်းက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ကစားသမားကြီးတွေ တစ်ယောက်မှ မပါဝင်တော့ပါဘူး။ ဒါပေမယ့် Dendi နဲ့ XBOCT အပါအဝင် အသင်းဝင်ဟောင်း ကစားသမားကြီးများဟာ မျိုးဆက်သစ်အသင်းသားများ Na’Vi ရဲ့ ဂုဏ်ကို တစ်ဖန် ပြန်ဆောင်နိုင်ဖို့ လက်ဆင့်ကမ်းကူညီမှုများ ပြုလုပ်ပေးခဲ့လို့ လက်ရှိ Na’Vi ဟာ legendary တို့ရဲ့ အငွေ့အသက်များရှိနေပါတယ်။

Na’Vi ဟာ TI သမိုင်းကြောင်းတစ်လျှောက်မှာ အောင်မြင်မှုကို အကြာဆုံး ထိန်းထားနိုင်ခဲ့တဲ့ အသင်းတစ်သင်းပါ။ ပထမဆုံး Dota 2 The International ပြိုင်ပွဲကြီးဖြစ်တဲ့ TI1 မှာ ချန်ပီယံဖြစ်လာခဲ့စဉ်က ArtStyle, Dendi, XBOCT, Puppey နဲ့ LighTofHeaveN တို့ ပါဝင်ခဲ့ပါတယ်။ တခြားအသင်းများနဲ့ မတူတာဟာ ချန်ပီယံတစ်ခေါက်ဖြစ်ပြီးတာနဲ့ အားပျော့သွားခြင်းမျိုး မရှိပဲ ArtStyle နေရာမှာ ARS-ART အစားထိုးထားတဲ့ လူစာရင်းနဲ့ TI2 grand final ကို တက်ရောက်ပြီး ဒုတိယ ထပ်ရခဲ့ပါတယ်။

TI3 မှာလည်း ဒုတိယထပ်မံရရှိခဲ့တဲ့ Na’Vi လူစာရင်းဟောင်းမှာတော့ Dendi, XBOCT, Puppey, Funn1k နဲ့ Kuroky တို့ ပါဝင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ Dendi ဟာ ၂၀၁၈ နှစ်နှောင်းပိုင်းအထိ အလွန်ကြာမြင့်စွာ Na’Vi အတွက် ဆက်လက်ကစားပေးခဲ့ပေမယ့် ယခုအချိန်မှာတော့ inactive ဖြစ်နေခဲ့ပါပြီ။ XBOCT ဟာလည်း ၂၀၁၇-၂၀၁၈ မှာ တစ်နှစ်ကျော်လောက်နည်းပြ ပြန်လာလုပ်ခဲ့သေးပေမယ့် ယခုလက်ရှိ Na’Vi ရဲ့နည်းပြသစ်ဟာ Mag အဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။

လက်ရှိ Na’Vi မှာ SoNNeikO ဟာ အသင်းခေါင်းဆောင်ဖြစ်ပြီး Crystallize, Magical, Blizzy နဲ့ Zayac တို့ပါဝင်ပါတယ်။ SoNNeikO ဟာ အသင်းထဲကို အစောဆုံးရောက်ခဲ့ပေမယ့် ပြန်ထွက်သွားခဲ့ပြီး ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှ ပြန်လည်ရောက်ရှိလာခဲ့တာ ယခုအချိန်ထိပဲ ဖြစ်ပါတယ်။ သူနဲ့ အတူ Magical နဲ့ Blizzy တို့ အတူဝင်ရောက်လာခဲ့ပြီး Zayac ကတော့ ၂၀၁၉ နှစ်ဦးပိုင်းမှာမှ ရောက်လာခဲ့ပါတယ်။
၂၀၁၇ နှောင်းပိုင်းထဲက ရောက်နေခဲ့တဲ့ Crystallize ကတော့ ယခုအချိန်မှာ ထိပ်တန်းအဆင့် carry ကစားသမားတစ်ဦးဖြစ်နေခဲ့ပါပြီ။ Na’Vi ရဲ့ legendary carry ကစားသမားဟောင်း XBOCT ဟာ နည်းပြအဖြစ် ဝင်ရောက်ချိန်မှာ သူ့ကို လေ့ကျင့်ပေးခဲ့ပါတယ်။ XBOCTရဲ့ လွှမ်းမိုးမှုများရှိနေတဲ့ Crystallize ဟာ Morphling, Terror Blade, Juggernaut, Antimage စတဲ့ carry hero များကို ကျွမ်းကျင် ပိုင်နိုင်လှပါတယ်။

အင်တာဗျူးတစ်ခုမှာ XBOCT ဟာ Crystallize ကို စိတ်ရော ကိုယ်ပါ ပြောင်းလဲပြီး carry ကောင်းတစ်ယောက်ဖြစ်လာအောင် ကာလအတော်ကြာ လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ ပြောကြားဖူးပါတယ်။ အသက် ၂၀ သာရှိသေးပြီး ငယ်ရွယ်လှတဲ့ Crystallize ဟာ TI အတွေ့အကြုံနည်းပါးလွန်းပေမယ့် TI များမှာ ကျင်လည် ကျက်စားခဲ့တဲ့ XBOCT နေရာကို ဆက်ခံမယ့် အလားအလာများ ရှိနေပါတယ်။
Mid lane ကစားသမားဟောင်းကြီး Dendi အသင်းကနေ inactive ဖြစ်သွားပြီး သူ့နေရာကို ဝင်ရောက်လာတဲ့ Magical ဟာလည်း Crystallize လိုပဲ လူငယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ စစချင်း ဝင်ရောက်ချိန်မှာ professional ကစားသမား အတွေ့အကြုံမရှိလို့ အခက်အခဲများ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် Blizzy နဲ့ Zayac တို့လို teamwork ညီတဲ့ ကစားသမားများနဲ့ အတူ ခေါင်းဆောင် SoNNeikO တွဲကစားတာ ကြာလာတဲ့ အချိန်မှာ တဖြည်းဖြည်းပိုမိုကောင်းမွန်လာခဲ့ပါတယ်။

Support role သီးသန့်ကစားသမားချင်းယှဉ်ရင် mmr အမြင့်ဆုံးဖြစ်လာဖူးသူ SoNNeikO ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပေမယ့် ဒေါသကြီးလွယ်သူဖြစ်ဖူးတယ်ဆို ဆိုကြပါတယ်။ ဒါပေမယ့် SoNNeikO ဟာ အားနည်းချက်များကို ပြုပြင်ပြီး အသင်းကို TI9 မှာ ဆက်လက်တွန်းအားပေးသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ SoNNeikO ဟာ ကစားသမားဟောင်းများနဲ့ ကစားဖူးတဲ့အတွေ့အကြုံလည်း များပြားပါတယ်။
Na’Vi အသင်းဟာ TI9 ကို တိုက်ရိုက်တက်ရောက်ခွင့်ရခဲ့တာတော့မဟုတ်ပါဘူး။ ၂၀၁၈-၂၀၁၉ season တစ်ခုလုံးရဲ့ major နဲ့ minor ပွဲစဉ်များမှာ ကံခေပြီး နေရာကောင်းများ မရရှိခဲ့လို့ TI9 ဝင်ရောက်ခွင့်အတွက် regional qualifier များက စတင်ပြီး ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ Crystallize ရဲ့ Wraith King, Magical ရဲ့ Templar Assassin, Alchemist နဲ့ Ember Spirit လို hero တွေနဲ့ အစွမ်းပြအနိုင်ယူ တက်ရောက်လာခဲ့တာပါ။
TI9 CIS qualifier ရဲ့ အုပ်စုပွဲစဉ်များမှာ လေးပွဲနိုင် သုံးပွဲရှုံးနဲ့ playoff ကို တက်ရောက်လာခဲ့ပါတယ်။ ၇ ပွဲ ဆက်တိုက်နိုင်ထားပြီး ရှုံးပွဲမရှိတဲ့ Vega Squadron ကို အတွေ့မှာ ရှုံးနိမ့်ပြီး lower bracket ကို ဆင်းကစားခဲ့ရပါတယ်။ ဒါပေမယ့် lower bracket တစ်လျှောက် ကျော်ဖြတ်လာနိုင်ခဲ့ပြီး Vega ကို ပြန်လည် အနိုင်ရရှိခဲ့သလို qualifier ရဲ့ final မှာ Winstike ကို သုံးပွဲပြတ်နိုင်ပြီး TI9 တက်ရောက်ခွင့်ရယူနိုင်ခဲ့ပါတယ်။
ယခု TI9 တက်ခွင့်ရအသင်းတွေနဲ့ ကစားဖူးတဲ့ အတွေ့အကြုံများအနေနဲ့ကတော့ DreamLeague Major မှာ Evil Geniuses နဲ့ Chaos တို့နဲ့ တွေ့ဆုံကစားခဲ့ပြီး အချို့ပွဲများမှာ အနိုင်ရခဲ့ဖူးပါတယ်။ TNC ကိုလည်း အနိုင်ရရှိဖူးပေမယ့် ESL One Mumbai မှာ Keen Gaming နဲ့ Mineski တို့ကိုတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် Chaos လို အသင်းများဟာ roster များ ပြန်လည်ပြောင်းလဲခဲ့လို့ ထပ်မံတွေ့ဆုံချိန် ဘယ်လိုအခြေအနေရှိမလဲဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။

နှစ်အတော်ကြာအောင် တိမ်မြှပ်နေခဲ့ပြီးမှ ကစားသမားသစ်များနဲ့ အတူ TI9 ကို ပြန်လည်တက်ရောက်လာမယ့် Na’Vi ရဲ့ အခြေအနေကတော့ ပြိုင်ပွဲ မစတင်မီအထိ သုံးသပ်ဖို့ စောလွန်းနေပါသေးတယ်။ SoNNeikO ဦးဆောင်တဲ့ အသင်းသားသစ်တစ်စုဟာ TI9 ကို ဝင်ခွင့်ရဖို့ အပြင်းအထန်ရုန်းကန်ခဲ့ရတာတော့ သိသာလှပါတယ်။ TI အတွေ့အကြုံနုသေးတဲ့ အသင်းဟာ ဝါရင့်အသင်းကြီးတွေနဲ့ ဘယ်လိုရင်ပေါင်တန်း ကစားမယ်ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။
အတိတ်က Na’Vi ရဲ့ ဂုဏ်သိက္ခာတို့ကို ထမ်းပိုးလို့ ယခု Na’Vi ရဲ့ ကစားသမားများကတော့ ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေကြပါပြီ။ ရှေးယခင် ခေတ်ကောင်းခဲ့စဉ်က လူပြောများခဲ့ကြပြီး နှစ်ပေါင်းများစွာ မကြားရတာကြာပြီဖြစ်တဲ့ “Na’Vi is back!” Na’Vi ပြန်လာပြီ လို့ ယခုနှစ်မှာပြောနိုင်စေဖို့ ခေတ်ဟောင်း ပရိသတ်များက လိုလားနေကြပါတယ်။ Legendary တို့ရဲ့ လက်ဆင့်ကမ်းခြင်း ခံခဲ့ရတဲ့ ယခု Na’Vi ကတော့ TI9 ကို ရေကုန်ရေခမ်း ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာပြီပဲ ဖြစ်ပါတော့တယ်။
By Combo (Htet Wai Yan)