MIC Cup အလွန် မြန်မာ MLBB အသင်းတွေအကြောင်း တစေ့တစောင်း

 

အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ MLBB Esports Community မှာ ပြိုင်ပွဲတွေရှားပါးနေချိန် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Mahar Invitational Cup(MIC)ကို Local ထဲက လက်အစွာဆုံးအသင်းတွေနဲ့ ကျင်းပပြီးစီးခဲ့ပါတယ်။ M4 မြန်မာကိုယ်စားပြု ​Qualified အသင်းဖြစ်တဲ့ Falcon Esports က Grand Champion ဖြစ်ခဲ့ပြီးတော့ Grand Final မှာ Burmese Ghouls အသင်းကို Best of Seven Seriesမှာ 4-1ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူပြခဲ့ပါတယ်။

ဒီပြိုင်ပွဲရဲ့ Play Off အဆင့်ကိုတက်ရောက်လာတဲ့ အသင်း၆သင်းနဲ့ပတ်သတ်ပြီး အမြင်လေးတွေ သုံးသပ်ချက်လေးတွေကို ဒီနေ့မှာ ကျနော်တို့ Gaming Noodle မှ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

RM Esports

RM Esports မှာပါဝင်တဲ့ Player တွေက Semi Pro Tournament တွေကိုကြည့်တာများတဲ့သူတွေနဲ့ဆိုမစိမ်းတဲ့ သူတွေပါ။ MIC Cup မှာတော့ ဒီအသင်းဟာ Qualifier ကနေ Play Off Stage ကိုတက်ရောက်နိုင်ခဲ့တဲ့တစ်သင်းတည်းသောအသင်းဖြစ်ပါတယ်။

ဒီအသင်းရဲ့ အဓိကအားနည်းချက်က Mid Trio က Connection မမိတာတွေ အထူးသဖြင့် Kaije အနေနဲ့ Gold Lane ကို ကြည့်တာအရမ်းများပြီး Objectives Timing တွေအောက်နေတာတွေ စသဖြင့် အခြေခံ Mechanic လေးတွေကို ချိတ်ဆက်ကစားမှုတွေမှာ အားနည်းချက်ရှိနေတာဖြစ်ပါတယ်။ Kuro နဲ့ XyC တို့ကတော့ လုပ်ကွက်ထွက်တဲ့ Playerတွေလို့မြင်ပြီးတော့ ကစားတဲ့ Role နဲ့ သူတို့ကိုင်တဲ့ Hero Nature ကြောင့်လည်းဖြစ်နိုင်ပါတယ်။

Fenix Esports

M4 Qualifier တုန်းက Lineup မဟုတ်တော့တဲ့ Fenix အနေနဲ့ MIC မှာ Playoff အဆင့်ကိုရောက်ခဲ့ပေမယ့်လည်း တစ်ပွဲမှတောင်မနိုင်လိုက်ပဲ စောစီးထွက်ခွာခဲ့ရပါတယ်။ J3X,MOKနဲ့ WEE စတဲ့ဒီလူငယ်လေးတွေက ပြိုင်ပွဲအတွေ့အကြုံရော Individualရောမှာ တိုးတက်ဖို့အများကြီးလိုအပ်နေသေးသလို အချိန်တစ်ခုပေးဖို့လိုပါတယ်
Juno ထွက်ခွာမှုက Fenixအတွက်အနည်းနဲ့အများသက်ရောက်မှုရှိမှာပါ။

WEE ကိုလည်း အသင့်သုံးဖို့ဆိုတာ အချိန်တစ်ခုပေးဖို့လိုအပ်နေသေးသလို M4 အလွန်မှာ အသင်းအတွက်ဒေါင်ဒေါင်မြည် Gold Lanerတစ်ယောက်ကို Fenixအနေနဲ့ ရှာဖွေဖို့လိုပါတယ်။ Main Rosterမှာ Simple,Fayang,Royal Milk တို့လိုအစုအဖွဲ့တွေကို ဆက်ထိန်းထားပြီး Gold Lanerကောင်းကောင်းရောက်လာမယ်ဆိုရင်တော့ Fenixဟာ Power Houseဖြစ်လာနိုင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။

AI Esport

AI ကတော့ MICအပြီးမှာ Rosterအပြောင်းအလဲ ဘယ်လိုတွေလာမလဲ စိတ်ဝင်စားဖို့အကောင်းဆုံးအသင်းပါ။ MIC မှာ Group Stageအတွင်း ပုံစံကောင်းတွေပြသနိုင်ခဲ့ပေမယ့်လည်း Playoff မှာ Burmese Ghouls နဲ့ Glacticos Rising တို့ကိုရှုံးနိမ့်ပြီးထွက်ခွာခဲ့ရပါတယ်။

Alitaa လုပ်ကွက်ထွက်တယ် Heroes Poolsလည်းကျယ်တယ် Individualလည်းပြောစရာမလိုဖူးဆိုပေမယ့် Discipline ပိုင်းမှာတော့ အားနည်းနေတုန်းပါ။ မလိုအပ်ပဲ ဝင်diveတာတွေ Spellသုံးလောတာတွေစသဖြင့် အမှားသေးသေးလေးတွေက များလာတဲ့အခါမသိမသာ impactဖြစ်လာပါတယ်။

ACE နဲ့ Carry Roleကအလိုက်ဖက်ဆုံးဖြစ်ပြီးတော့ MIC မှာ ရှုံးသွားတဲ့တိုင်အောင် ACE အနေနဲ့အရင်ပြိုင်ပွဲတွေ တုန်းကထက်ပို Performance ထွက်လာသလို AIရဲ့ကစားကွက်ကလည်းပိုပြီး သွက်သွက်လက်လက်ရှိလာခဲ့ပါတယ်။ BlooDqt အနေနဲ့ Heroes Poolsကျဥ်းနေသေးတယ်လို့ခံစားရပါတယ်။ Spell Timingတွေ Link Up Playတွေမှာ အားနည်းတာကြောင့် Team Fightတွေမှာ Damage Output သိပ်မပေးနိုင်တဲ့ပြသနာကို AIအနေနဲ့ Playoffမှာ သိသိသာသာခံစားခဲ့ရပါတယ်။

M4အပြီးမှာတော့ AI အနေနဲ့ သူတို့ရဲ့ Rosterကို ဘယ်လိုပြောင်းလဲပြုပြင်သွားမလဲ?
ACE တို့ DEE တို့ကရောဆက်ရှိနေအုန်းမှာလား?
Kid ကိုသူဆော့ချင်တဲ့ Roleပေးဆော့မှာလား?
ပြီးခဲ့တဲ့ပြိုင်ပွဲတွေမှာအားနည်းခဲ့တဲ့ Mid အတွဲကို ဘယ်လိုပြောင်းလဲသွားမှာလဲ?
စတဲ့မေးခွန်းတွေရဲ့အဖြေတွေကို AI အနေနဲ့ မကြာခင်ဖြေရတော့မှာပါ။

Galacticos Rising

GR အနေနဲ့ Macro Play Meta ကနေ Micro Metaအပြောင်းအလဲကြားမှာ နည်းနည်းတိုင်ပတ်သွားခဲ့ပုံရပါတယ်။ PSလုပ်ကွက်သိပ်မထွက်တော့တာ Bennoအနေနဲ့ Team နဲ့ Objectives Timming တွေမှာ Connection မမိတာ စတဲ့ Individual အမှားလေးတွေကိုတောက်လျှောက်မှားနေရင်းကပဲ BG ကိုရှုံးနိမ့်ပြီး MICကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

OHMYJ3NNIE ကတော့ New Generation Mid Lanerတွေမှာ လက်အငြိမ်ဆုံးနဲ့ Performance အထွက်ဆုံးလို့တောင်ပြောလို့ရပါတယ်။ အနီးစပ်ဆုံး M4 Qualifier ကနေ ခုMICအထိ GR ရဲ့ Performance ပိုင်းဆိုင်ရာအငြိမ်ဆုံးကစားသမားဖြစ်ပါတယ်။

GR အနေနဲ့ MIC ပြိုင်နေတဲ့ကာလအတွင်းမှာတင် အသင်းရဲ့Mid Trioသုံးယောက်လုံးက AI Esport နဲ့Rumoursတွေ တောက်လျှောက်ထွက်နေတာကြောင့် ဒီကြားထဲမှာဖြစ်လာမယ့် Rosterအပြောင်းအလဲတွေကြားမှာ GRကလည်းစောင့်ကြည့်ရမယ့်အသင်းတစ်သင်းဖြစ်ပါတယ်။

Burmese Ghouls

ACEတို့ရဲ့ရွှေရောင်ကာလတွေအလွန်မှာ BGရဲ့ လက်ရှိ Rosterက ကျနော်တောက်လျှောက်မြင်လာသမျှထဲမှာ Potential အရှိဆုံးနဲ့ Powerful အဖြစ်ဆုံး Line Upလို့ပဲပြောပါရစေ။ Falcon ကိုခုချိန်မှာ Performance ပိုင်းအားဖြင့်သိသိသာသာအရေးနိမ့်ပြီးရှုံးခဲ့ရသည့်တိုင်အောင် ဒီလို Talentပြည့်ဝနေတဲ့ BG ရဲ့ ငယ်ရွယ်တဲ့Line Upဟာ နောက် Seasonတစ်ခုလောက်အချိန်ပေးလိုက်ရင် လက်ရှိFalconကိုခြိမ်းခြောက်နိုင်တဲ့အနေထားဖြစ်ပါတယ်။

Niko အနေနဲ့ ငယ်ပေမယ့် Modern Jungler Roleမှာ အံဝင်ခွင်ကျအကောင်းဆုံးဆော့ပြနေသလို Heroes Poolsကျယ်ကျယ်နဲ့ တစ်ကယ် Impactထွက်တဲ့ ကစားသမားလေးပါ။ Niko Blinkတွဲလုံးက Naomi Justinတွဲလုံးလိုမျိုး Powerful ဖြစ်ပြီးတော့ Roaming Ganking တွေမှာ အရမ်းChemistryမိပါတယ်။

Stitchရဲ့တိုးတက်မှုတွေကိုအများကြီးမြင်ရသလို Shadow တို့ Linaတို့ကလည်း တစ်ကယ်လက်ထွက်တဲ့ Playerအသစ်လေးတွေပါ။ လက်ရှိ Micro Metaရဲ့အသက်ဖြစ်တဲ့ Link Up Playနဲ့ကစားကွက်ကိုပုံဖော်တဲ့နေရာမှာ BG ရဲ့ Side Lanerတွေရဲ့ Individual Skillပြည့်ဝမှုက အရမ်းစကားပြောသလို BG ဟာ ဒီMICမှာ ထူးထူးခြားခြားတစ်ခြားအသင်းတွေနဲ့မတူပဲ Exp Laneကို တည်ပြီးကစားကွက်တည်ဆောက်တဲ့အသင်းဖြစ်ပါတယ်။

Falcon Esports

Falconအနေနဲ့ M4 ကိုယ်စားပြုအသင်းပီပီ လတ်တလောပြိုင်ပွဲတွေအားလုံးမှာ ပြိုင်ဘက်အသင်းတွေအားလုံးကို Dominate လုပ်ပြီး သူတို့ရဲ့ Momentum ကိုဆက်ထိန်းထားနိုင်ဆဲပါပဲ။ Metaပြောင်းလဲသွားပေမယ့် Falconရဲ့ ကစားကွက်တွေ Heroesတွဲလုံးတွေက Flexible အရမ်းဖြစ်လွန်းပြီး လိုရာရောက်နေတာတွေက Daleရဲ့ Impactတွေအများကြီးပါမှာပါ။

RubyDDထက်စာရင် လက်ရှိမှာ Silent ရဲ့ပွဲထွက်ကစားခွင့်ကိုခြိမ်းခြောက်နိုင်တဲ့သူက Zippx ဖြစ်ဖို့ပိုများပါတယ်။ MICမှာ Zippxအနေနဲ့ Performance တော်တော်ထွက်ခဲ့သလို Heroes Poolsလည်းတော်တော်ကျယ်ကျယ်နဲ့ လက်စွမ်းပြနိုင်ခဲ့ပါတယ်။ RubyDD အတွက် Gold Laneဟာ ပုံမှန်ဆော့နေကျRoleမဟုတ်တာကြောင့်လည်း ဒီ MICမှာအနည်းငယ်ရုန်းကန်ရတဲ့ပုံစံလေးတွေကို ပွဲတစ်ချို့မှာမြင်ခဲ့ရတာပါ။

RubyDDရဲ့ ပုံမှန်Roleဖြစ်တဲ့ Exp Laneမှာလည်း လက်ရှိ Yellow Flashက အကောင်းဆုံးပုံစံတွေပြသနေတာကြောင့် RubyDD ကိုဘယ်Roleမှာထားကစားမလဲဆိုတာက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းဖြစ်သလို Falconအတွက်လည်း M4မသွားခင်ရှာရမယ့်အဖြေဖြစ်မယ်ထင်ပါတယ်။

Ken ကတော့ Tournament တစ်ခုပြီးသွားတိုင်း ပိုပိုပြီးတိုးတက်လာတဲ့ကစားသမားလို့ပြောရမှာပါ
Naomi Justinတွဲလုံးကလည်း ပြောစရာမရှိ ခုချိန်ထိ Strongနေဆဲပါပဲ။ Falcon အနေနဲ့ ဒီအရှိန်ကိုဆက်ထိန်းထားနိုင်ပြီး M4မှာအကောင်းဆုံး မြန်မာနိုင်ငံကိုယ်စားပြုနိုင်ဖို့မျှော်လင့်နေပါတယ်။

#GamingHS