မုိဘုိင္းဂိမ္းအညႊန္း – eSport Game Tycoon
အမ်ဳိးအစား – Simulation
အင္တာနက္ – မလို (offline ေဆာ့ႏုိင္)
eSport ဂိမ္း သို႔မဟုတ္ ဂိမ္မာ ေတြနဲ႔ပတ္သက္တဲ့ မုိဘုိင္း Simulation ဂိမ္းေတြကို ကၽြန္ေတာ္တုိ႔ 2016 ကေန 2017 အကူးမွာ အမ်ားၾကီးေတြ႕လာရျပီး တရုတ္ Developer ေတြက အမ်ားစု ထုတ္လုပ္ထားပါတယ္။
အခုမိတ္ဆက္ေပးမယ့္ ဂိမ္းကိုယ္တုိင္ကလဲ တရုတ္ developer ကထုတ္လုပ္တာျဖစ္ေပမယ့္ အဂၤလိပ္စာနဲ႔ ေဆာ့ကစားႏုိင္တဲ့ ဗားရွင္းကို Google Play Store မွာတင္ေပးလာခဲ့ပါတယ္။ သတိျပဳရမွာက ဒီဂိမ္းနာမည္ကကို eSport Game Tycoon နဲ႔ eSport Club Tycoon ဆုိျပီးႏွစ္မ်ဳိးေတြ႕ေနရပါတ
ဂိမ္းရဲ႕ပုံစံကေတာ့ ကစားသူဟာ အခုမွ Dota 2 စေဆာ့မယ့္ noob ေလးတစ္ေယာက္ဘဝကေန ႏုိင္ငံတကာ E-Sport ျပိဳင္ပြဲစင္ျမင့္ေတြေပၚကို

ကစားရတဲ့ပုံကေတာ့ ေတာ္ေတာ္ရုိးရွင္းပါတယ္။ ႏုိးလာမယ္။ Energy ကုန္တဲ့ထိ ဂိမ္းေဆာ့မယ္၊ ကိုယ္ေဆာ့တာကို live stream လႊင့္မယ္၊ နာမည္ေက်ာ္ကစားသမားေတြရဲ႕ ပြဲေတြကို ထုိင္ၾကည့္မယ္ေပါ့။ အဲ့လိုလုပ္ရင္ Point အျပာရင့္ေရာင္ ေလးေတြရပါတယ္။
အဆုိပါ ပြိဳင့္ေလးေတြက ကုိယ့္ရဲ႕အေတြ႕အၾကဳံ (ပညာ) ျဖစ္ျပီး ဒီပြိဳင့္ေတြနဲ႔ ပိုေတာ္တဲ့ ကစားသမားျဖစ္လာေအာင္ ကိုယ့္ကိုယ္ကို Upgrade လုပ္ရမွာပါ။ Upgrade လုပ္ဖို႔ သုံးမ်ဳိးရွိျပီး Skill, Team, Talent ရယ္လုိ႔ ျဖစ္ပါတယ္။ တစ္ခုခ်င္းစီ Upgrade တင္ရမယ့္ Attribute ေတြအမ်ားၾကီးရွိတဲ့အတြက္ အေသးစိတ္ေတာ့ မရွင္းျပေတာ့ပါဘူး။
ကိုယ္ကုိင္မယ့္ Hero ေတြကိုလည္း Upgrade တင္ႏုိင္သလို Live လႊင့္တဲ့ skill ကိုလဲ upgrade တင္ရင္ ကိုယ္ေဆာ့တာကို လူပိုၾကည့္တယ္၊ ပိုက္ဆံပိုရပါတယ္။
ဒီဂိမ္းဟာ Repetitive (ပုံစံတစ္ခုထဲကို ထပ္ခါတလဲလုပ္ရျခင္း) ဆန္ပါတယ္။ အေပၚမွာေျပာတဲ့အတုိင္း အိပ္လုိက္၊ ဂိမ္းေဆာ့လိုက္ပဲ လုပ္ရတဲ့ Simulation ဂိမ္းပါ။
ဒါေပမယ့္ ကိုယ့္ရဲ႕ skill ေတြတက္လာတာနဲ႔အမွ် MMR ကိုလဲတင္ရပါတယ္။ အသင္းၾကီးေတြက MMR မ်ားမွ ကလန္ထဲဝင္လို႔ရတာပါ။ အဲ့ဒါေလးကေတာ့ အျပင္က ဂိမ္မာေတြရဲ႕ဘဝနဲ႔ တူလို႔ ၾကိဳက္ပါတယ္။
အေစာပုိင္းမွာ ကိုယ္တုိင္ေဆာ့တာထက္ နာမည္ၾကီးပေလယာေတြေဆာ့တာကို
နာမည္ၾကီးကလန္ေတြနဲ႔လက္တြဲျ
Play Store – http://bit.ly/2yGDxC8
iOS – http://apple.co/2zri67l
မိုဘိုင်းဂိမ်းအညွှန်း – eSport Game Tycoon
Free to Play
အမျိုးအစား – Simulation
အင်တာနက် – မလို (offline ဆော့နိုင်)
eSport ဂိမ်း သို့မဟုတ် ဂိမ်မာ တွေနဲ့ပတ်သက်တဲ့ မိုဘိုင်း Simulation ဂိမ်းတွေကို ကျွန်တော်တို့ 2016 ကနေ 2017 အကူးမှာ အများကြီးတွေ့လာရပြီး တရုတ် Developer တွေက အများစု ထုတ်လုပ်ထားပါတယ်။
အခုမိတ်ဆက်ပေးမယ့် ဂိမ်းကိုယ်တိုင်ကလဲ တရုတ် developer ကထုတ်လုပ်တာဖြစ်ပေမယ့် အင်္ဂလိပ်စာနဲ့ ဆော့ကစားနိုင်တဲ့ ဗားရှင်းကို Google Play Store မှာတင်ပေးလာခဲ့ပါတယ်။ သတိပြုရမှာက ဒီဂိမ်းနာမည်ကကို eSport Game Tycoon နဲ့ eSport Club Tycoon ဆိုပြီးနှစ်မျိုးတွေ့နေရပါတယ်။
ဂိမ်းရဲ့ပုံစံကတော့ ကစားသူဟာ အခုမှ Dota 2 စဆော့မယ့် noob လေးတစ်ယောက်ဘဝကနေ နိုင်ငံတကာ E-Sport ပြိုင်ပွဲစင်မြင့်တွေပေါ်ကို တက်လှမ်းရမယ့် ပုံစံပါပဲ။
ကစားရတဲ့ပုံကတော့ တော်တော်ရိုးရှင်းပါတယ်။ နိုးလာမယ်။ Energy ကုန်တဲ့ထိ ဂိမ်းဆော့မယ်၊ ကိုယ်ဆော့တာကို live stream လွှင့်မယ်၊ နာမည်ကျော်ကစားသမားတွေရဲ့ ပွဲတွေကို ထိုင်ကြည့်မယ်ပေါ့။ အဲ့လိုလုပ်ရင် Point အပြာရင့်ရောင် လေးတွေရပါတယ်။
အဆိုပါ ပွိုင့်လေးတွေက ကိုယ့်ရဲ့အတွေ့အကြုံ (ပညာ) ဖြစ်ပြီး ဒီပွိုင့်တွေနဲ့ ပိုတော်တဲ့ ကစားသမားဖြစ်လာအောင် ကိုယ့်ကိုယ်ကို Upgrade လုပ်ရမှာပါ။ Upgrade လုပ်ဖို့ သုံးမျိုးရှိပြီး Skill, Team, Talent ရယ်လို့ ဖြစ်ပါတယ်။ တစ်ခုချင်းစီ Upgrade တင်ရမယ့် Attribute တွေအများကြီးရှိတဲ့အတွက် အသေးစိတ်တော့ မရှင်းပြတော့ပါဘူး။
ကိုယ်ကိုင်မယ့် Hero တွေကိုလည်း Upgrade တင်နိုင်သလို Live လွှင့်တဲ့ skill ကိုလဲ upgrade တင်ရင် ကိုယ်ဆော့တာကို လူပိုကြည့်တယ်၊ ပိုက်ဆံပိုရပါတယ်။
ဒီဂိမ်းဟာ Repetitive (ပုံစံတစ်ခုထဲကို ထပ်ခါတလဲလုပ်ရခြင်း) ဆန်ပါတယ်။ အပေါ်မှာပြောတဲ့အတိုင်း အိပ်လိုက်၊ ဂိမ်းဆော့လိုက်ပဲ လုပ်ရတဲ့ Simulation ဂိမ်းပါ။
ဒါပေမယ့် ကိုယ့်ရဲ့ skill တွေတက်လာတာနဲ့အမျှ MMR ကိုလဲတင်ရပါတယ်။ အသင်းကြီးတွေက MMR များမှ ကလန်ထဲဝင်လို့ရတာပါ။ အဲ့ဒါလေးကတော့ အပြင်က ဂိမ်မာတွေရဲ့ဘဝနဲ့ တူလို့ ကြိုက်ပါတယ်။
အစောပိုင်းမှာ ကိုယ်တိုင်ဆော့တာထက် နာမည်ကြီးပလေယာတွေဆော့တာကို ထိုင်ကြည့်တာက ပိုကောင်းပါတယ်။ MMR မရပေမယ့် ပွိုင့်ပိုရတယ်။ skill မရှိဘဲ MMR လဲတင်လို့မရ၊ Live လွှင့်ရင်လဲ ကြည့်မယ့်သူ နည်းတော့ ဒါကအကောင်းဆုံးပါ။
နာမည်ကြီးကလန်တွေနဲ့လက်တွဲပြီး ပြိုင်ပွဲတွေဝင်လို့ရဖို့က တော်တော်ကြာအောင်ကို ဆော့ရမှာပါ။ ဒါ့ကြောင့် ပျင်းစရာကောင်းလာနိုင်ပေမယ့် လက်ရှိမှာတော့ မိုဘိုင်းဖုန်းပေါ်က E-Sport Player တစ်ယောက်ရဲ့ Life simulation ဂိမ်းဆော့ချင်တယ်ဆိုရင် ဒါက အသင့်တော်ဆုံးလိုဖြစ်နေပါတယ်။
Play Store – http://bit.ly/2yGDxC8
iOS – http://apple.co/2zri67l