Skip to content
  • NEWS
    • LOCAL
    • INTERNATIONAL
  • FEATURES
  • PREVIEW AND REVIEW
  • INTERVIEWS
Menu
  • NEWS
    • LOCAL
    • INTERNATIONAL
  • FEATURES
  • PREVIEW AND REVIEW
  • INTERVIEWS
Search
  • September 13, 2020
  • 11:06 am

[Unicode]

Mobile Legends: Bang Bang Trailer အသစ် – Beyond Legends

 

၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ Mobile Legends: Bang Bang ရဲ့ NEXT ပရောဂျက်ထဲက တစ်ခုဖြစ်တဲ့ Beyond Legends trailer ကို ဖြန့်ချီခဲ့ပါတယ်။ ပရောဂျက် NEXT ရဲ့ အရေးကြီးဆုံးအခန်းကဏ္ဍ အရ MLBB ကတော့ Hero တွေရဲ့ စွမ်းရည်ကို ပိုမိုကောင်းလာအောင် ကြိုးပမ်းလျက်ရှိပါတယ်။ Hero တွေရဲ့ အပြင်ပိုင်းနဲ့ အတွင်းပိုင်းမှာပါ စွမ်းရည်အသစ်တွေ၊ နောက်ခံသမိုင်းကြောင်းတွေ၊ အပြင်အဆင်တွေကို ဖန်တီးလျက်ရှိပါတယ်။ အဲဒီ Trailer မှာ Eudora က မလိုမုန်းတီးမှုများမှ လွတ်မြောက်သွားမှာ ဖြစ်ပြီး Zilong ရဲ့ သာလွန်ထူးကဲတဲ့ စွမ်းဆောင်ရည်ကိုမြင်ရမယ့်အပြင် Miya က နောက်ဆုံးမှာ သူမရဲ့လူတွေအတွက် ပြန်လည်တိုက်ခိုက်ပေးနေတာတွေကို မြင်တွေ့ရမှာပါ။ သူတို့အားလုံးရဲ့ စွမ်းရည်တိုးတက်မှုတွေက အရင်ကပုံစံထက်အများကြီး တိုးတက်ကောင်းမွန်လာတဲ့အချက်ကတော့ ပရောဂျက် NEXT- Beyond Legends ရဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။

trailer နှင့်အတူ theme song ကိုလည်း “Beyond Legends ” ဆိုတဲ့ အယူအဆများနဲ့ ဖန်တီးထားပါတယ်။ trailer လိုပဲ သီချင်းစာသားအစမှာ အသံအေးအေးလေးနဲ့ စထားပြီး စနစ်တကျနဲ့ Legends များက တဟုန်ထိုးတိုးတက်ကောင်းမွန်လာတာကို ဖန်တီးထားတာဖြစ်ပါတယ်။ ဗီဒီယိုအရည်အသွေး၊ သီချင်းအရည်အသွေး၊ ဇာတ်လမ်းဖန်တီးထားတာတွေကို ဖော်ပြထားပုံတွေကတဆင့် Mobile Legends ရဲ့ အကောင်းဆုံး trailer တစ်ပုဒ်ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ကစားသမားတွေအတွက် အကောင်းဆုံး ဂိမ်းကစားတဲ့ အတွေ့အကြုံတွေကို ပေးချင်တဲ့ Moonton ရဲ့ ရည်ရွက်ချက်ကို အဲဒီ trailer လေးမှတဆင့် သိနိုင်ပါတယ်။

ဒီ trailer လေးမထွက်မီ ရက်အနည်းငယ်မှာ MLBB ရဲ့ logo အသစ်ကို စက်တင်ဘာလ ၆ ရက်နေ့မှာ ဖြန့်ချီခဲ့ပါတယ်။ logo အသစ်လေးမှာဆိုရင်တော့ အောက်ခံစာလုံးအဖြစ် ဂိမ်းကိုရည်ရွယ်တဲ့အနေနဲ့ MOBA မြေပုံ ကို အသုံးပြုထားပြီး ယှဉ်ပြိုင်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို ဖော်ဆောင်တဲ့ MOBA သင်္ကေတအဖြစ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ logo အောက်ခံမှာတော့ M စာလုံးကို အခြေခံပြီး ဖန်တီးထားပါတယ်။ M စာလုံးဆိုတာ မြေပုံထဲက မြစ်နဲ့ ပူးပေါင်းပြီး သွေးကြောပုံစံလို ဖန်တီးထားတာကြောင့် အင်အားကြီးခြင်း နဲ့ စိတ်အားထက်သန်ခြင်းကို ကိုယ်စားပြုတာဖြစ်ပါတယ်။ စာလုံးများကို အစွန်းမပါတဲ့စာလုံးတွေလိုဖန်တီးထားပြီး အလှဆင်ထားပါတယ်။ အလယ်ဗဟိုက ” O ” ကတော့ ရဲတိုက်မျှော်စင်ပုံစံ သလင်းကျောက်အသွင် ဖန်တီးထားပြီး အလင်းရောင် နဲ့ မျှော်လင့်ခြင်းကို ကိုယ်စားပြုပြီးတော့ MLBB ရဲ့ နောက်ခံအသွင်အပြင်ကို ပိုမို တောက်ပစေပါတယ်။ logo အသစ်က ရွှေရောင်မှ မွေးစားဖန်တီးထားပြီး ရွှေရောင်ကောင်းကျိုးတွေရရှိမယ့် ခံစားချက်မျိုးကို ရရှိစေမှာပါ။ ဒါ့အပြင် MLBB ဧရိယာအသစ်ဖြစ်ပြီး မြင့်မားတဲ့ အရည်အသွေး ၊ ကြီးမားတဲ့ အိမ်မက်တွေကို ကစားသမားများအတွက် ယူဆောင်လာတာပဲ ဖြစ်ပါတယ်။

ပိုမို များပြားလာတဲ့ ကစားသမားတွေနဲ့အတူ နှစ်ပေါင်းများစွာ ကျော်ကြားနေတဲ့ ဂိမ်းဖြစ်တာကြောင့် Mobile Legends: Bang Bang က အမြဲတမ်း တီထွင်မှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ ကစားသမားတွေကို ပိုကောင်းတဲ့ ဂိမ်းကစားတဲ့အတွေ့အကြုံတွေ ယူဆောင်ပေးလျက်ရှိပါတယ်။ ၂၀၁၉ မှာ ထွက်ရှိခဲ့တဲ့ Mobile Legends: Bang Bang 2.0 ရဲ့ အောင်မြင်မှုက သက်သေပြနေမှာပါ။ အဲဒါကြောင့် ပရောဂျက် NEXT ကလည်း အကောင်းဆုံးဖြစ်မယ်ဆိုတာယုံကြည်ပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပရောဂျက် NEXT ကို စတင်ဖြန့်ချီမှာ ဖြစ်ပါတယ်။ Mobile Legends: Bang Bang မှာ အသစ်အသစ်သော အတွေ့အကြုံတွေကို ရရှိဖို့ မျှော်လင့်ရင်းနဲ့ စောင့်ကြည့်ပေးပါဦးနော်။

Categories
  • NEWS
    • LOCAL
    • INTERNATIONAL
  • FEATURES
  • PREVIEW AND REVIEW
  • INTERVIEWS
Recent Posts
  • “တရုတ် Dota 2 အသင်း Knights ရဲ့ Map Hack ကြောင်း စွပ်စွဲမှုအပေါ် Pro ကစားသမားတို့ရဲ့ အမြင်များ
  • မကြာမီထွက်ပေါ်လာတော့မယ့် Hogwarts Legacy ဂိမ်းအကြောင်း တစေ့တစောင်း
  • လူစာရင်းပြောင်းလဲမှုတွေနဲ့ ဖျော်ဖြေမှုရသ အပြည့်ပေးမယ့် DPC WEU Div (1)
  • အသင်းသစ်တွေအများအပြားနဲ့ ပြိုင်ဆိုင်မှုပြင်းထန်ကြမယ့် SEA DPC Division (1)
  • တရုတ် Dota 2 လောကအတွင်းက လုပ်ပွဲတွေအကြောင်းကို ပြောပြခဲ့တဲ့ Sccc
Facebook Youtube
  • WHO WE ARE
  • Contact Us
Menu
  • WHO WE ARE
  • Contact Us