မန်ယူဂိုးသမား ဒီဂီယာရဲ့ Esports အသင်းကို ရှယ်ယာထည့်ခဲ့တဲ့ ဟွမ် မာတာနဲ့ ဘရူနို ဖာနန်ဒက်

 

Rebels Gaming ဆိုတာ မန်ယူဂိုးသမား ဒေးဗစ် ဒီဂီယာ တည်ထောင်ထားတဲ့ စပိန်အခြေစိုက် Esports အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ သူတို့မှာ League of Legends, Valorant (Male and Female Team), Rainbow Six Siege အသင်းတွေ ပိုင်ဆိုင်ထားပါတယ်။

ဒီဂီယာဟာ ၂၀၂၁ မှာ Rebels Gaming ကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အသင်းဟာ နိုင်ငံတကာအောင်မြင်မှု ကြီးကြီးမားမားမရှိပေမယ့် စပိန်ပြည်တွင်းမှာတော့ လူသိများနဲ့ Esports အသင်းတစ်သင်း ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာ ဘောလုံးသမားတွေဟာ Esports ဖက်ကို စိတ်ဝင်စားမှုများပြားလားပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ပြုလုပ် လာကြပါတယ်။

မန်ယူကစားသမားသစ် ကစ်မီးရိုး မှာလည်း Case Esports ဆိုပြီး အသင်းတစ်သင်းရှိပြီး သူတို့ရဲ့ CSGO အသင်းက လူသိများပါတယ်။ မန်ယူကစားဟောင်း ဒေးဗစ် ဘက်ဟမ်းကလည်း Guild Esports အသင်းကို ပူးတွဲပိုင်ဆိုင်ထားပြီး သူတို့ရဲ့ Valorant အသင်းနဲ့ Rocket League အသင်းတို့ဟာ နာမည်ကြီးပါတယ်။

မာတာနဲ့ ဖာနန်ဒက်တို့က ဒီဂီယာရဲ့ Rebels Gaming ကို ရှယ်ယာရှင်တွေအနေနဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ ဒီဂီယာပ သူတို့ (၂) ဦးဟာ Esports ကို အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေ ယူဆောင်လာမယ်လို့ ယုံကြည်ပြီး သူရဲ့ တွဲဖက်ကစားသမားဟောင်းနဲ့ မိတ်ဆွေ (၂) ဦးကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

ဖာနန်ဒက် ကလည်း Esports ဟာ ပြိုင်ပွဲပုံစံ အသစ်တစ်ခုဖြစ်ပြီး သူ့ကို စွဲဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ သူဟာ Rebels Gaming ရဲ့ ပွဲတွေကို ကြည့်ခဲ့ဖူးပြီး ဒီ Project ရဲ့ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတာ ပျော်ရွှင်ကြောင်း ဖော်ပြခဲ့ပါတယ်။

#RebelsGaming #DavidDeGea #JuanMata #BrunoFernandes #Esports